'''တစ်အိမ်လုံး ငြိမ်သက်ခြင်း ရှိစေသတည်း..''
-----------
တစ်ယောက် တစ်ပေါက်တွေနဲ့  တစ်အိမ်လုံး ၀ရုန်းသုန်းကားနဲ့  အိမ်ပူတယ်လို့ ပြောတာ ခဏခဏကြုံရတယ်..အဲ့ အခါတိုင်းအလွယ်ပေးတဲ့ ယတြာက တနင်္ဂနွေ နေ့ မှာ တစ်အိမ်လုံးကို ရေမွေးရေအမွှေးနံ့ သာနဲ့ သပြေညွန့် နဲနဲ နဲ့  စတိလျှောက်ပက်ဖြန်းလိုက် ဖြန်းပြီးအိမ်ရှေ့ တံခါးမှာချီချင်ချီထား စွန့် ပစ်ချင်စွန့်  တစ်ပတ် နှစ်ပတ်သုံးပတ်လောက်လုပ်လိုက် ဖြန်းနေတုန်း စိတ်က ကိုယ်ရွတ်နေကျ ဘုရားစာတစ်ခုခု ရွတ်ဖြန်းပေါ့ လို့  ယတြာပေးလေ့ ရှိတယ်...ဒါက ကိုယ်တိုင်လည်းဒီလိုပဲ
လုပ်တတ်သလို ကိုယ်တိုင်ထဖြန်းမှမဟုတ်ပဲ အိမ်သားထဲက တစ်ယောက်ယောက်ဖြန်းလဲရတာပါပဲ...
ဒီနေရာမှာ သပြေညွန့် သုံးတာဟာ လူနဲ့ နံတိုက်ကောက်မဟုတ်ပဲ ရိုးရာယဉ်ကျေးမှု့  သဘော တစ်ပြည်လုံးအသုံး အောင်ညွန့် အောင်ပန်း ကျွန်းဦးသပြေ အစဉ်အလာ အောင်ပန်းအညွန့် ဂုဏ် သဘောကို ယူသုံးတာပါ....ဂုဏ်သဘောယူတာဖြစ်လို့  သပြေ မရတဲ့  ဒေသတွေရောလို့ မေးလာရင် အမြင့် တင် မင်္ဂလာယူတဲ့ နေရာမှာ သုံးတဲ့  အညွန့် အရွက်ပန်းတစ်ခုခု ဆို ဖြစ်တာပါပဲပေါ့ ....
အိမ်လို့  ယူတာဟာ တနင်္ဂနွေသဘောဖြစ်ပြီး ဒီနေရာမှာ အိမ်ရဲ့ ဖွင့် ဆိုချက်ကို မိသားစု အဖွဲ့ အစည်း မှီတင်းစုစည်းနေထိုင်ရာ နေရာဂေဟာ ကို ရည်ညွှန်းတာပါပဲ ဒီသဘောအရ အိမ်ရဲ့ စက်ဝိုင်းကြီးထဲမှာ အဆောင်ခန်း တိုက်ခန်း ကွန်ဒို ခြံ စသဖြင့် တွေ အကုန်ပါသွားပါတယ်။...ဒီလို ခြုံငုံယတြာပေးရတာဟာ တစ်ခါတစ်လေ မိသားစုဝင်တွေ တစ်ယောက်တစ်ပေါက်ဖြစ်နေတာကို လူပေါက်စိ ယတြာနဲ့ လိုက်ထိမ်းရတာ မလွယ်လှသလို အဲ့ လိုသာ အကုန်လိုက်တွက်ကြည့် နေရမှာ နဲ့  အကုန်လုံးကိုလိုက် ယတြာလုပ်နေရမှာကလည်း အလုပ်ရှုတ်လို့  တစ်အိမ်လုံး ငြိမ်သက်ခြင်းရှိစေသတည်း ဆိုတဲ့  အာရုံပြုလုပ်စေလိုက်တဲ့  သဘောပါပဲဗျား...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..