'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Saturday, April 25, 2015
ကားရောင်းတဲ့ နည်းတစ်ခု
ကားရောင်းတဲ့ နည်းမျိုးစုံမှာ အလွယ်ပေးတတ်တာက သပြေ ၁ညွန့် လောက်နဲ့  ကားခေါင်းကို ၁၅ချက်ပုတ်လိုက်ပါ လို့  ပေးတတ်ပါတယ်...၊ ၁၅ချက်ဆိုတာ ကားဆိုတဲ့  တနင်္လာနံ ရဲ့  ဂြိုလ်သက်ပါ....တစ်ချို့ က တစ်ကြိမ်ရိုက်ယုံနဲ့  အရောင်းတည့် ပြီး တစ်ချို့ က တစ်နေ့ တစ်ကြိမ် ၃ ရက်ဆက်ရိုက်လိုက်ရင် အလုပ်ဖြစ်သွားပါတယ်
( အလုပ်ဖြစ်တယ်ဆိုတာ ၀ယ်လက်ပေါ်လာပြီး အလုပ်ဖြစ်သွားတာကိုဆိုလိုတာပါ ကြိုက်ဈေးမရလို့  အုံနာက အင်နေတာက ပညာနဲ့ မဆိုင်ပါ) ..သပြေကို သုံးလည်း ရတယ်ဆိုတာက သပြေ ဟာ သောကြာနံ +ကြာသာပတေးနံ ဖြစ်ပြီး သောကြာနဲ့  တနင်္လာဟာ သော်က အတွင်းရန် ၊ ကြာသာပတေးနဲ့ တနင်္လာဟာ ခေမာ အပြင်ရန် ဖြစ်လို့  တနင်္လာ ဟာ သပြေ နဲ့  အတွင်းရန်အပြင်ရန် ဖြစ်နေလို့ ပါပဲ ရန်ဓာတ်နဲ့ ရိုက်တာဟာ ထွက်စေတဲ့ သဘောရှိပါတယ် ဒါကြောင့် ပါ....အခါတိုင်ပညာမှာ တနင်္ဂနွေအခါတိုင်နဲ့  လာတဲ့  တနင်္လာသားသမီးတွေဟာ တိုင်အထက်ရောက်နေပေမယ့်  အတွင်းရန် အပြင်ရန် ညှပ်နေလို့  ယာယီပဲဖြစ်စေ အလုပ်ခွင်မှာရော မိသားစုတွင်းမှာပါ ပြဿနာတွေဖြစ်နေတဲ့  သူတွေ များနေချိန်တွေဖြစ်နေတတ်ပါတယ်ဗျား.
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..