Powered By Blogger

Saturday, April 25, 2015

အမွှေးတိုင်မှာ ၀ ပေါ်တယ်...

အမွှေးတိုင်မှာ ၀ ပေါ်တယ်...
--------- 
န၀င်းပွဲတွေ အများကြီးထွန်းခဲ့ ရလို့  ပြည်တွင်းပြည်ပထုတ် အမွှေးတိုင်ပေါင်းစုံသုံးဖူးခဲ့ တယ်ပေါ့ ဗျာ..ဖယောင်းတိုင်လည်း တံဆိပ်ပေါင်းစုံပါပဲ...

အဲ့ မှာ အမွေးတိုင်မှာ အထဲက သုံးတဲ့  ၀ါးအမျိုးအစားအလိုက် သစ်သားအလိုက် ကွာခြားချက်တွေ ရှိတယ်...တိုင်ဝမ်တို့ ဟောင်ကောင်တို့ က၀င်တဲ့ အမွှေးတိုင်တွေဟာ ရှည်တယ် သွယ်ပြီး အစအဆုံး တဘရိပ်ထဲလောင်လေ့ ရှိတယ်...တစ်ချောင်းတစ်လေ မကောင်းတာတောင်ပါခဲသလို အကုန်မလောင်းပဲ ခါးတစ်ဝက်တင်ရပ်ငြိမ်းနေတာမျိုး မဖြစ်သလောက်လို့ ဆိုလို့ ရအောင် အရည်အသွေးကောင်းတယ် အခိုးဆိုလည်း ခပ်ငွေ့ ငွေ့ သာ ထွက်တယ်..ဒီလို အမွှေးတိုင်တွေက တစ်ထုပ်ဆို အတိုင်ရေ ရာနဲ့ ချီပါတတ်ပြီး လက်ဆောင်ရတာများတယ် တရုပ်တန်းမှာလည်းရောင်းလေ့ ရှိတယ်



ကုလားအမွှေးတိုင်ကတော့  မသုံးသလောက်ပဲ အဓိကပြဿနာက တိုစိစိ တွေ များပြီး အနံ့ စူးတာ လက်ပေရေတာတွေကြောင့် ပဲ အမွှေးတိုင်ခြေထောက်က တိုလို့  အပြီးသပ်တဲ့အခါ ခြေထောက်ကိုပါဆင်းလောင်တတ်လို့  ဆန်စေ့ တစ်ချို့ တွေကို မီးကျွမ်းသွားတတ်တယ်...၊ သစ်သား(သို့ ) ၀ါးရိုး အခြေခံမထည့် ပဲ ပြာလိပ်သားသက်သက် အမွှေးတိုင်တွေလည်း ရတတ်ပေမယ့်  ခြေထောက်ပိုင်းမပါလို့ ပွဲမှာမသုံးဘူး ဆန်ပုံကိုပါတိုက်ရိုက်ထိနေလို့ ..

ပဿနာက ဗမာလုပ် ဈေးခပ်ပေါပေါ ( ဘာနေ့ သား ဘာဂါထာရွတ်ဆိုတဲ့ စာတွေတောင်တစ်ချို့ ပါသေး) အမွေးတိုင်း တုတ်တုတ်ကြီးတွေပဲ. ..ပွဲသုံးပွဲလောက်ပြိုင်ထွန်းလိုက်တာနဲ့  အိမ်ခန်းဟာ မီးလောင်လို့  အခိုးထွက်နေသလိုပဲ လူထိုင်နေလို့ မရလောက်အောင် မီးခိုးထွက်လာတတ်သလို အကုန်လောင်မယ်လို့ စိတ်ချထားလို့  မရဘူး ထိပ်ဖျားတင်ငြိမ်းနေတာ အလယ်တင်ငြိမ်းတာ ခါးပြတ်ကျသွားတာ တွေ နဲ့  နောက်ဆက်တွဲ မရှင်းသလို အဲ့ ကထွက်တဲ့  အမွှေးတိုင်ပြာဟာ အရမ်းများလို့  ဆန်ပုံကို ညစ်ပတ်သွားစေတယ်..

အဲ့ မှာ မကြာခဏကြုံရတာက အဲ့  ဗမာလုပ်အမွေးတိုင်တုတ်တုတ်တွေဟာ အမွှေးတိုင်ရဲ့ အထဲက ၀ါးကြော အသားက အကြောမျှင်လေးတွေ ပြာကိုထိမ်းထားပြီး အပြီးပြတ်ကျမသွားသေးပဲ ကျန်နေလို့  လိမ်ကောက်ကွေးသွားပုံက တစ်ခါတစ်လေ ၀လုံးလေးတွေ တစ်ခါတစ်လေ ၉ဂဏန်း ၆ဂဏန်းပုံလေးတွေ ဖြစ်နေတာမျိုးပဲ..၀ါးကြောအထာသာနားမလည်ရင် ဘာလိုလိုညာလိုလိုကြီးပေါ့ ...၊..နောက်တော့  လောင်မီးကျသလို အူထွက်လာတဲ့ မီးခိုးလုံးဒဏ် အနံ့ ပြင်းဒဏ်မခံနိုင်တာနဲ့  ခုတော့  တရုပ်တန်းမှာ ရောင်းတတ်တဲ့  အခိုးနဲ အနံ့ သင်းတဲ့ သွယ်သွယ်ရှည်ရှည် အမွှေးတိုင်တွေသာ သုံးတော့ တဲ့  ဒါကို ကျနော်တို့ က နောက်ပြီးခေါ်တာက လျှောက်လောင်တို..လို့ ..


အဲ့ လျှောက်လောင်တိုတွေဟာ ပွဲ ၂၀လောက်မှာ တပွဲ အမွေးတိုင် မီးငြိမ်ခဲတယ်..အဲ့ လောက်အထိ အရည်အသွေးကောင်းတယ်...ဒီတော့  အလို သြိမ်းခဲတဲ့ အမွှေးတိုင်ဟာ အကုန်မလောင်ပဲ ငြိမ်းပြီဆိုရင် ဒါဟာ နမိတ်တစ်ခုကောက်လို့ ရတယ်ပေါ့ လေ...ဘယ်ထောင့် က အမွှေးတိုင်ငြိမ်နေသလဲပေါ့ ..။.. ပြည်ပက၀င်တဲ့ အမွေးတိုင်ကတော့  စတိုင်မျိုးစုံပါပဲ..အဲ့ ထဲမှာ ပြာတောင်မကြွေပဲ အတောင့် လိုက်လေးကျန်နေပြီး အဲ့ အပေါ်မှာ စာတန်းပေါ်တဲ့ အမွေးတိုင် ဘုရားပုံပေါ်တဲ့ အမွေးတိုင်..စသဖြင့် တွေ အများကြီးပါပဲဗျာ..

ဖယောင်းတိုင်မှာလည်း ရေဓါတ်မကုန်သေးတဲ့ ဖယောင်းတိုင်တွေပါတတ်သေးလို့  ပွဲထွန်းထားရင် တဖြောင်းဖြောင်းတဖြတ်ဖြတ်တွေ ထဖြစ်ပြီးမီငြိမ်းငြိမ်းသွားလို့ ပြန်ပြန်ထထွန်းရတဲ့ ပြဿနာတွေလည်း ရှိတတ်လို့  ရေဓါတ်ကုန်ပြီး တောက်လျှောက်လောင်တဲ့  ဖယောင်းတိုင်မျိုးကို ရွေးသုံးရတယ်.. .ဖယောင်းတိုင်အများစုကတော့ ပြည်တွင်းထုတ်တွေသာ များပါတယ်...သဘောကတော့  လုပ်ပါများလာ သုံးပါများလာရင် အရာရာ တန်ခိုးပြနေတာတွေချည်းမဟုတ်ဘူး သဘာဝတွေ ပစ္စည်း ကွာလတီ သဘောတွေ ရှိတယ်လို့ ပါ...ဗမာ အမွှေးတိုင်တွေ မရှိသုံး သုံးရတိုင် ပေါ်လိုက်တဲ့  ၀ ပေါင်း ၉တွေ ၁ တွေ ၅တွေ မနဲပါဘူး ပွဲထွန်းတိုင်းလိုလိုလိုက်ပ်ါနေခဲ့ လို့ နောက်တော့  ပေါ်ချင်ပေါ်မပေါ်ချင်နေ အကုန်တောက်လျှောက်လောင်သွားဖို့ ပဲလိုတယ် ဖြစ်သွားတော့ တာပါပဲဗျာ...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..