'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Saturday, April 25, 2015
အထက်ဆောင်ပန်း..တစ်ခန်းယူမှီးကြ ခွင်ရိုက်နည်း
အထက်ဆောင်ပန်း..တစ်ခန်းယူမှီးကြ ခွင်ရိုက်နည်း
--------------
အခုပုံမှာပြထားတာ..တနင်္ဂနွေတိုင် (၀ါ) သူရဇ္ဇတိုင်ပါ...အထက်ဆောင်ပန်း သဘောအရ ဆောင်ရမယ့် အညွန် သုံးနံဟာ( ကြာသာပတေး+တနင်္လာ+သောကြာနံ)ထွက်လာတာ တွေ့ ရပါလိမ့် မယ် အဲ့ သုံးနံကို ကစားတတ်ရင် မူလ အခြာ အလယ်က တနင်္ဂနွေသားသမီးတွေနဲ့ တနင်္ဂနွေနံကိစ္စတွေကို အထိုက်အလျောက် အားကောင်းစေတယ်နာမည်ထင်ရှားစေတယ် ပြေလည်စေတယ် ခိုင်မာစေပါတယ်..ဥပမာ သိကြားမင်းကို အာရုံပြုပြီး (ဖီးကြမ်းဆို ကြာတေး+တနင်္လာ အညွန့် ပိုနံထပ်)ငှက်ပျောသီးကို သကြားဖြူးလှုရင် အလုပ်ကောင်းတယ် (သိကြားမင်းမဟုတ်ပဲ ဘုရားအာရုံပြလဲ အတူတူ လူတွေကို လှုဒါန်ဲး အတူတူပါပဲ)အလုပ်ခိုင်တယ်အလုပ်ရှာရလွယ်တယ်တနင်္ဂနွေသားသမီးတွေကံတက်တယ် အိမ်ကိစ္စတွေကောင်းတယ် အိမ်ထောင်ရေးကိုခိုင်မာစေတယ် အိမ်ထောင်ရေးအပူတွေအတွက် စသဖြင့် တပွဲတိုးပညာခန်းထွက်လာပါတယ်...ဒါဟာ တနင်္ဂနွေသားသမီးတွေ ကံတက်ဖို့ အတွက်သာနဲ့  တနင်္ဂနွေနံကိစ္စတွေအတွက်သာ သီးသန့် သဘောပါပဲ...
ဒီလို အသုံးချပညာသဘောကို ရိပ်မိပြီဆိုရင် တနလာသားသမီးတွေနဲ့ တနင်္လာနံကိစ္စသဘောတွေကို တနင်္လာနံရဲ့ အပေါ်အညွန့် နံသုံးလုံးဖြစ်တဲ့  ( သောကြာ+အင်္ဂါ+ စနေနံ) ကို တစ်ပြိုင်နက်တည်း လှုဒန်းတတ်ရင် တပွဲတိုးအဖြစ်..အလုပ်ဖြစ်လွယ်တာ သိနိုင်ပါတယ်...ဥပမာ ငွေကိစ္စတပွဲတိုးဆိုရင် သီဟိုစေ့ +ဇီးသီး+ ထန်းလျက်ကို တစ်ပန်းကန်ထဲထည့်  ဘုရားကို အာရုံပြုလှုတာမျိုးပါ.
...ဒါမျိုးတပွဲတိုးလှုပြီဆိုရင်တော့  နေ့စဉ် တစ်ပတ်လောက်ဆက်တိုက်ကပ်ပြီး အဲ့ ဒီ တနင်္လာနံ ငွေကိစ္စပြေလည်ပါစေလို့  တစ်မျိုးထဲ အာရုံပြုတာမျိုးပါပဲ...လူတနင်္လာသားသမီး ဘုန်းကံမြှင့် စေတာမျိုးကတော့  တနင်္လာနေ့ တိုင်း မှန်မှန်ကပ်လှုစေတဲ့ သဘောပါပဲ..
တနင်္ဂနွေရဲ့ အပေါ်သုံးလုံးက ကြာတေး+တနင်္လာ+သောကြာ
တနင်္လာရဲ့  အပေါ်သုံးလုံးက သောကြာ+ အင်္ဂါ+ စနေ
အင်္ဂါရဲ့ အပေါ်သုံးလုံးက စနေ+ ဟူး + တနင်္ဂနွေနံ
ဟူးရဲ့  အပေါ်သုံးလုံးက တနင်္ဂနွေ+ကြာာတေး+တနင်္လာ
ကြာတေးရဲ့ အပေါ်သုံးလုံးက တနင်္လာ+ သောကြာ+ အင်္ဂါ
သောကြာရဲ့  အပေါ်သုံးလုံးက အင်္ဂါ+ စနေ+ ဟူး
စနေရဲ့ အပေါ်သုံးလုံး-...ဟူး+ တနင်္ဂနွေ +ကြာတေး
ဒီကဏ္ဍမှာ အရွက်တွေအညွန့် တွေ မသုံးတာဟာ တစ်ဦးချင်းဆီရဲ့  ကိုယ်ပိုင် မူလ မဟာဘုတ် အညွန့် သဘောတွေ နဲ့  အညွန့် မသန့် တာမျိုး ဖြစ်နိုင်လို့  ဆိုက်အဖက်ပြန်ကင်းတဲ့  အစားအသောက်တွေ အသံဓါတ်ပညတ်တွေသဘောကို ဘေးကင်းအောင်ကြံဆရတဲ့ သဘောပါပဲ..
ဗေဒင်ပညာ (သို့ )လောကီပညာရဲ့ ယတြာသဘောတွေကို ရိပ်မိဖို့ က ကဏ္ဍတစ်ခုဟာ ကဏ္ဍတစ်ခုသာဖြစ်တယ် တစ်ကြိမ်တည်း လုပ်ယုံနဲ့  အိုက်ချလောင်းဆိုပြီး အကုန်အဆင်ပြေမယ်လို့ ပုံသေမှတ်လို့ မရဘူး တစ်ချို့ ယတြာပညာတွေက ခဏခဏ လုပ်ရတာရှိမယ် တစ်ချို့ ပညာက တစ်ပွဲတိုး တစ်ချို့ ပညာက တစ်သက်တာ...စသဖြင့် သဘောတွေရှိမယ်..ကိစ္စတစ်ခုခုကို ဖြေရှင်းတဲ့ အခါမှာ အဆင်ပြေဖို့ နည်းပေါင်းစုံတွေ ထဲက နည်းတစ်နည်းသာဖြစ်တယ် နဲ့  တစ်ယောက်နဲ့ တစ်ယောက် ကံမတူဘူး သက်ရောက်မတူဘူး မိသားစုဖွဲ့ စည်းပုံမတူလို့  ခဏခဏလုပ်ရတာ တစ်ကြိမ်နှစ်ကြိမ် သုံးကြိမ်နဲ့  အစွမ်းအာနိသင် ပြတာ စသဖြင့် တွေ ကွာတတ်တယ်ဆိုတာကို သတိထားလိုက်ဖို့ ပါပဲဗျာ...
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..