'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Saturday, April 25, 2015
မြေကျင်း ယတြာကစားကွက်..( အနဲဆုံး ဗဟုသုတပေါ့ )
မြေကျင်း ယတြာကစားကွက်..( အနဲဆုံး ဗဟုသုတပေါ့ )
--------------
လွယ်အောင်ပြတာပါ ၊ ဆရာကြီးဆီကထွက်လာတဲ့ ပညာပါ ။ အကျင့် မှားလို့ သေနမိတ်တွေ ပြနေတဲ့ တပည့် ကြီးတစ်ယောက်ကို သေတွင်းထဲက ဆွဲထုတ်ဖို့  ဆရာနဲ့ ဆရာကြီးနဲ့  တိုင်ပင်ကြရင်းက ထွက်လာတဲ့ နည်းကို ချုပ်ထားပါ...ယေဘူယျကတော့  မကြာခဏခြူခြာနေရင် ရောဂါတွေထွေနေရင် ဒူးနာရောဂါကဆေးမတိုးလောက်အောင်ရစ်နေရင် နဲ့ ကံနိမ့် လွန်းနေတယ်ဆိုတဲ့ အခါမှာ ဒီမြေကျင်ဲး့  ယတြာကစားကွက်လေးကို သုံးပါတယ်...မြေကြီးလွယ်တဲ့ ဆင်ခြေဖုံး ခြံမြေအပိုနဲနဲရှိတဲ့ နေရာတွေမှာတော့ ပိုအဆင်ပြေလွယ်ပြီး မြို့ လယ် ဒေါင်းတောင်းမှာတော့  မြေမရှိလို့  ဒီယတြာလုပ်ရတာ ခက်ပါတယ်။ဒါပေမယ့် အကြံအဖန်က နို့ ဆီသေတ္တာလို ထင်းရူးပုံးလေးထောင့် ထဲ မှာ မြေကြီးထည့်  ထားပြီးကစားတာ၊ ပန်းအိုး ခပ်တန်တန်မှာမြေကြီးထည့် ကစားတာမျိုးတွေလုပ်ခဲ့ ဘူးပါတယ်.. တကူးတကဆန်လို့ နဲ့  အဲ့  မြေကြီးထုတ်ကြီးကို စွန့် ပစ်ရတာ ခက်လို့  နောက်ပိုင်း မလုပ်တော့ ပါဘူး...ရောဂါထူးနေတာ ဒူးရောဂါပြဿနာတွေ မှာတော့ သက်သာ ပျောက်ကင်းဆေး တိုးလွယ်သွားကြတယ်..ကံနိမ့် လွန်းနေတာကနေသက်သာသွားကြတာတော့ တွေ့ ခဲ့ ရပါတယ်...
အမှန်တော့  '''ပထ၀ီဓါတ်ကို'' အားဖြည့် လိုက်တဲ့ တိုင်းရင်းဆေးပညာ အခြေခံသဘောလည်းပါပါတယ် .( လူဟာ အသက်ဆုတ်ရင် ခြေထောက်က စဆုတ်တယ် (၀ါ) ပထ၀ီဓါတ်စပျက်လာတယ်.ပထ၀ီဓါတ်ဟာ ရုပ်ဘော်ဒီကို အခိုင်အမာအပင့် အထောက် ရပ်တည်ပေးထားတဲ့ မဟာဘုတ်ဓါတ်ကြီးတစ်ပါးဖြစ်တယ် )သဘောက န၀င်းယတြာရိုက်တာကို အိမ်ထဲမှာ ပုံမှန်မလုပ်ပဲ ခြေခုံမြုတ်ယုံ တစ်ပေမနက်တနက် (၀ါ) အရွက် မြှုတ်သာယုံ မြေကျင်းငယ်လေးတူးပြီး ခြေဖ၀ါး အသားနဲ့ နင်းကြမ်းအရွက်တွေ ထိပြီး န၀င်းထိုင်စေလိုက်တာပါပဲ...
ဥပမာ..၅ကြွင်း စနေ သိုက်ဖွား တစ်ယောက် ဆိုပါတော့  သူ့ ရိုက်ပန်း ဆောင်ပန်းအညွန့် က ရွက်လှ ၁၇ရွက်ပေါ့ ..လက်ထဲကိုင်ထားမယ့် အညွန့် က လက်ဘယ်ညာ အုံး ၂ညွန့် ပေါ့ ...
မြေကျင်းထဲ ၀င်နေတဲ့  ခြေဖျား မှာ ဘယ်မှာ နင်းကြမ်းအရွက်က ဇော်စိမ်း ၈ညွန့် ပေါ့ ...ညာဖက်မှာ စနေရဲ့ ခိုက်အညွန့်  သောကြာနံ သီဟို အရွက် ၂၁ ရွက်ပေါ့ ..အဲ့ သစ်ရွက်တွေက ခြေဖ၀ါး အသားနဲ့ တိုက်ရိုက်ထိနေတယ်ပေါ့ ...လူရှေ့ မြေကျင်းဘောင်ပေါ်မှာ စနေသားရဲ့ မွေးနံကိုယ်စားထန်းညွန့် လေးတစ်ညွန့် ကန့် လန့် ချထားပါတယ် အဲ့  ထန်လက်အောက်မှာ အရင်လို ခိုက်ညွန့် မရှိပါဘူး...ခိုက်ဘွန့် သီဟိုညွန့် က မြေကျင်းထဲမှာရောက်သွားပါပြီ..လူမှာ စလွယ်သိုင်းထားတာက ခြေမန်းကွင်းသုံးကွင်းပေါ့ ..။ နောင်တော့  လူကို အဲ့ ပုံထဲကအတိုင်း ၁၀မီးနစ်လောက်ထိုင်ခိုင်းထားပြီးမှ ဆောင်ပန်းအညွန့်  ရွက်လှ ၁၇ရွက်နဲ့  တစ်ရွက်ချင်း ခေါင်းကနေခြေဖျားအထိရိုက်ချပေးတယ် သပ်ချပေးပါတယ်
ရိုက်ပြီးရင် လူက ကုလားထိုင်ကနေထလိုက်တော့  စတိုင်က မြေကျင်းလေးထဲမှာ နင်းကြမ်းအရွက်တွေ နင်းပြီး မတ်တတ်ရပ်နေသလိုဖြစ်သွားပါတယ် ။ ပြီးတော့  ခြေမန်းကွင်း သုံးကွင်းကို ချွတ်ချလိုက်ပါတယ် ဒီတော့  ခြေမန်းကွင်းလေးက မြေကျင်း နှုပ်ခန်းသား ပတ်လည်မှာ စက်ဝိုင်းပုံလေ ပုံလျက်သားကျနေတာမြင်ရမှာပါ..
လူကို ခြေမန်းကွင်းကျော်ထွက် သွားလိုရာသွားလို့ ရပြီပေါ့ လေ...ပြီးတော့ မှ ထုံးစံအတိုင်း ဆောင်ပန်းနဲ့ နင်းကြမ်းအရွက်တွေကို ခြေမန်းကွင်းနဲ့ တုတ်ချည်ပါတယ် ပွဲထည့် ရင် မီးရှို့ ဖို့ တစ်ကွင်းချန် ၊ ပွဲမထည့် ရင် အကုန်ချည်ပါတယ်. အများအားဖြင့် ပွဲနဲ့ ကစားရင် ငါးကွင်းသုံးပါတယ်..
အရွက်တွေကို ချည်ပြီးရင်တော့  မြေကျင်းထဲပြန်ထည့်  အပေါ်ကနေ မြေကြီးတွေပြန်ဖုံး လိုက်တော့  အရွက်တွေဟာ မြေမြှုတ်ပြီးသား ဖြစ်သွားပါတော့ တယ်...လုပ်ငန်းစဉ်က ဒါပါပဲ...
ဒါပေမယ့် ဒီမြေကျင်းယတြာက ဓါတ်အားပြင်းလို့  ကိုယ့် အိမ်ခြံမြေမှာ တော်ယုံနဲ့ မကစားသင့် ဘူး..ကစားပြီးရင်လည်း အိမ်ရှင်းမြေရှင်း ပြန်လုပ်ပေးရပါတယ်..သဘောက အဲ့ ကစားထားတဲ့  မြေဟာ မသန့် တော့ ဘူး မြေခိုက်သွားပြီ သဘောဖြစ်သွားလို့ ပါပဲ..ဒါကြောင့်  ထင်ရှုးပုံးသေးသေးလေးလို စက္ကူဂျပ်ဖာ အနေတော်လေးမှာ မြေကြီးယူထည့် မြေကျင်းယတြာကစား ပြီးရင် အဲ့ ဒီ့  ဂျပ်ဖာတွေပ် အကုန်အမှိုက်ပုံပစ်လိုက်တာက ပို ကောင်းတယ်လို့ ဆိုနိုင်ပါတယ် ဒါတောင် ကိုယ့် အိမ်ကို ပြန်သန့် ပစ်ရပါသေးတယ်..
ဒါမြေကျင်းယတြာကို မကစားရတော့တဲ အကြောင်းအရင်းက န၀င်းရိုက်ပေးရတဲ့ သူက မတ်တတ်ရပ်ရိုက်ပေးရပြီး ကုန်းကုန်းကွကွ နဲ့  ဥပမာ သီဟို ရွက် ၂၁ ရွက်နဲ့ ရိုက်ပေးရမယ့် သူဆို့  ၂၁ ကြိမ်ကုန်းလိုက်မတ်လိုက်နဲ့  ရိုက်ပေးနေရင်း ခါးညောင်းလာချက်က သေချင်စော်နံလာတယ်လို့ ငြီးတွားရလို့ ပါပဲဗျာ...
ဒါ့ ထက်အရေးအကြီးဆုံး ပြဿနာက မြေကျင်းယတြာကစားနေတုန်း.ဘေးက ရပ်ကြည့် တဲ့ လူက ဓါတ်ပညာသဘောကို မသိလို့ ဟာသ၀င်လုပ်မိလိုက်တာနဲ့  အဲ့ လုပ်တဲ့ လူဆီမှာ အကုသိုလ်တွေ တန်းဝင်သွားပြီး ပြဿနာမျိုးစုံတွေ ရက်ပိုင်းအတွင်းထူးထူးဆန်းဆန်း ကြုံသွားရတော့ တာမျိုးဖြစ်သွားတတ်ပါတယ် သဘောက န၀င်းထိုင်နေတဲ့  သူရဲ့ အည့ံ ဓါတ်သဘောတွေဟ ၀င်နောက်ပြောင်တဲ့ သူတွေဆီ ဓါတ်ကူးသွားတဲ့ သဘောပါပဲ..ဒီလိုဘေးထွက်ဆိုးကျိုးတွေရှိလို့  လူမြင်သာတဲ့ နေရာ တွေမှာ မကစားတော့ တာပါပဲဗျာ..ကိုယ့် ကြောင့်  သူများဒုက္ခမရောက်စေလို့ လို့ ပေါ့ လေ...ဒါကြောင့်  ဆရာကြီးပညာမှာ ဒီလိုပညာတွေလည်းရှိပါတယ် လို့ မြင်ဘူးအောင်ကြားဖူးအောင်...ဗဟုသုတပါလို့  ပြောခဲ့ တာပါပဲဗျာ...
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..