Powered By Blogger

Saturday, April 25, 2015

မေးခွန်းတွေ..


မေးခွန်းတွေ..
----------
မေးခွန်းတွေထုတ်တာဟာ ဓမ္မသဘောအရဘက်ကကြည့် ကြည့်  လောကသဘောဘက်ကြည့် ကြည့်  အသိသစ်တွေကို ရလာစေတဲ့ သဘောရှိပါတယ်...ဓမ္မသဘောအရဆိုရင် သေဆုံးတဲ့ သူတွေကို တွေ့ နေရလို့  မသေရာရော ရှိနိုင်သလား စသဖြင့် အတွေးဆင်ခြင်မှု့  မေးခွန်းတွေ ထွက်လာပြီး သေခြင်းရှိရင် သေခြင်းကင်းရာရှိရမယ် ဆိုတဲ့  ဆင်ခြင်မိခြင်းရဲ့  အဖြေရှာခြင်းသဘောကိုရောက်လာတဲ့ သဘောပါပဲ...


စိတ်တန်ခိုးကို သူဟာ ရသွားတယ်လို့ ဆိုပြီး ရေပေါ်လမ်းလျှောက်ပြပါတယ် ငယ်စဉ်ကတော့  ထူးဆန်းလိုက်တာ တော်လိုက်တာ ဆိုတဲ့  မှတ်ချက်မှာသာ ရပ်နေခဲ့ ပါတယ်...နောက်တော့  အတွေးပါတဲ့ မေးခွန်းတွေ ရှိလာပါတယ်...ရေပေါ်လမ်းလျှောက်ပြတာတော့  ဟုတ်ပါပြီ...အဲ့ လိုလျှောက်ပြတော့  ဘာဖြစ်မှာလဲ ငါ့ အတွက်ရော အကျိုးစီးပွား ကောင်းကျိုးချမ်းသာ တစ်ခုခု နဲ့ ဆက်နွယ်တဲ့  တစ်စုံတရာ ဘာကောင်းကျိုးရနိုင်မလဲ ...ရေပေါ်မှာလမ်းလျှောက်ပြတာဟာ ရေပေါ်မှာ လမ်းလျှောက်ပြတာပဲဖြစ်တယ်. .ဒါထက် ပိုတဲ့  ထူးခြားမှု့ ငါ့ အတွက် မရှိလာဘူး..သူလမ်းလျှောက်ပြတဲ့ ရေပြင်ကို ငါ့ ဟာငါ လှေနဲ့ သွားလည်း ရနိုင်တာပဲ...စသဖြင့်  အတွေးစဉ်တွေဆက် မေးခွန်းတွေ ဖြစ်လာတဲ့ အခါ ရေပေါ်လမ်းလျှောက်ပြတဲ့ တန်ခိုးဟာ ကိုယ့် အတွက် ထူးခြားတဲ့  အဖြစ်ကနေ လျှောကျသွားတော့ တယ် ငယ်စဉ်ကလို ပါးစပ်ထဲ ခြင်ဝင် အုမတတ် ပါးစပ်ဟောင်းလောင်းနဲ့  အံ့ သြတကြီး ဖြစ်မနေတော့ ဘူး...အားလပ်တုန်းကြည့် တဲ့  စိတ်အပန်းဖြေ အပျော် မျက်လှည့် သဘောအဆင့် သာ ကျန်တော့ တယ်..
ဒါပေမယ့်  ကိုယ့် လိုချင်လောဘဇောတွေ ကပ်ငြိနေတဲ့ အခါ ရေပေါ်လမ်းလျောက်ပြနိုင်တဲ့  စိတ်တန်ခိုး ရှိသူဟာ ကိုယ့် ရဲ့ လိုအင်ဆန္ဒ အရာရာ မှန်သမျှ (၀ါ) ကိုယ့် လောဘတွေကို ဖြည့် ဆည်းပေးနိုင်မယ့်  သူလို့ တွေးလိုက်မိတဲ့ အခါ....

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..