Powered By Blogger

Saturday, April 25, 2015

နံ ပညတ်သရုပ်ခွဲ

နံ ပညတ်သရုပ်ခွဲ
---------------
ဒါကိုနားလည်ဖို့ က သမုတိသစ္စာ သဘောကိုနားလည်မှ ပိုရှင်းလိမ့်  အဲ့ သစ္စာသဘောက ဒေသ အလျှောက်ခေတ်အလျောက် ပြောင်းလဲသွားတဲ့ အခေါ်တွေဟာ အဲ့ ကာလအတွင်းမှာ မှန်တယ်ပေါ့  အဲ့ တာကြောင့် ပညတ်သွားရာ ဓါတ်သက်ပါဖြစ်လာတယ်၊ အဲ့ သမုတိမှာ အများအတွက် သမုတိနဲ့  ကိုယ့် စိတ်ပါဝါ အားကောင်းရင်ကောင်းသလောက် လိုက်မှန်ပေးနေတဲ့ သမုတိသဘောတွေ့ နိုင်တယ်..။

ကာသာပတေးကိစ္စဆိုတာ လူ ကြာသာပတေးသား ဘုန်းကံတက်တာ တစ်ခြားကြာသာပတေးသားက အာရုံနောက်အောင်လာလုပ်နေရင်သဘောတွေ ကြာသာပတေးသားကိုယ်က ကံတက်လာတာ လူရာဝင်လာတာသဘော နဲ့ ရုပ်ပစ္စည်း မြေ ကိစ္စ ပဲအမျိုးအမျိုးရောင်းဝယ်တာမျိုးတွေဖြစ်တယ် ပဖဘဗမ နံအားကြီးတဲ့  ကိစ္စတွေ သာဖြစ်တယ် ကခဃဂင နံအားကြီးတဲ့ တနင်္လာနံ မဟုတ်ဖူး..



ဒါကိုနားလည်ဖို့ က အခုရှိသမျှ လောကီပညာတွေသက်တမ်းဟာ နှစ် ရာချီတွေ အများကြီးက ပေါ်ခဲ့ တာတွေဆက်သုံးနေတာဖြစ်တယ်..အဲ့ နှစ်ကာလတွေမှာ ထီ အခေါ်မရှိခဲ့ ဘူး ပိုက်ဆံ ဆိုတဲ့ အခေါ်မရှိခဲ့ ဘူး..မန်းနီးဆိုတာမရှိခဲ့ ဘူး ငွေနဲ့  လာဘ အခေါ်သဘောသာရှိခဲ့ တယ်..ဒီတော့  အရင်တုန်းက ကိန်းတွေမှာ စနေနံဝင်ကိန်း တနင်္လာနံဝင်ကိန်းလို့ သာသုံးတယ် ငွေဝင်ကိန်းထီပေါက်ကိန်းလို့ တိုက်ရိုက်မသုံးခဲ့ ဘူး...နံကွာလို့  သဘာဝကွာတယ် တနင်္လာနံဝင်ကိန်းမှာ ခြေ ၂ချောင်းဝင်ကိန်း လူတနင်္လာသား ကြက်ခွေးဝင်ကိန်းငွေထည်ပစ္စည်းဝင်ကိန်းငွေဝင်ကိန်း လို့ ဟောတယ် စနေနံ ၀င်ကိန်းမှာ လူစနေသား ထီးဓားဖိနပ်ဝင်ကိန်းလို့ သာသုံးတယ်...ဟူးနံဝင်ကိန်းမှာ လှည်းယာဉ်ရွှေဝင်ကိန်းလို့ သာသုံးတယ်

ဒီဘက်ခေတ်မှာတော့ ထီဆိုင်ရှိလာတယ် ချဲ ဆိုတာရှိလာတယ် ဒီ နံတွေရဲ့ နောက်ကွယ်က ငွေများများရလွယ်တာကို စိတ်မှတ်လာတယ်..ဒါကြောင့် ထီထိုးတယ်..ထိုးပေမယ့်  တနင်္လာနံ ၀င်ကိန်းမရှိရင် မပေါက်ဘူး...တနင်္လာနံဝင်ကိန်းရှိရင် အနဲနဲ့ အများပေါက်တယ်...ဒီတော့  သက်ရောက်တွေမှာ တနင်္လာနံနဲ့ စနေနံဝင်ကိန်း ပြိုင်ရှိတာက တနင်္လာသက်ရောက်မှာပဲ ရှိတယ် ကျန်တဲ့ သက်ရောက်တွေမှာ စနေနံဝင်ကိန်းရှိလိုက် တနင်္လာနံဝင်ကိန်းရှိလိုက်ပဲ....ကြာသာပတေးသက်ရောက်မှာ အမွေရကိန်းရှိတယ် အမွေဆိုတာ ပစ္စုတ်ပန်မှာ အတိတ်ကရသင့် တာတွေ လာပေးတာပဲ...ဒီတော့  ထီကြီးပေါက်ပြီးတော့ လည်း ငွေ အမျာကြီးရတတ်တယ် အိမ်မြေခြံတွေလည်း အကြောင်းတစ်ခုခုခံပြီရတတ်တယ်..အိမ်ထောင်လည်းကျသွားတတ်တယ် အိမ်သစ်ပြောင်းရတာလည်းဖြစ်တတ်တယ် .အလုပ်က ရာထူးတိုးတာလည်းရှိတတ်လာတယ်.. 

ထီပေါက်လွယ်တဲ့  သက်ရောက်တွေက သုံးတန်ပေါ်ပညာမှာ စနေနံ တိုင်အပေါ်မှာရှိတဲ့  တနင်္လာ၊အင်္ဂါ ၊ဟူး၊ စနေသက်ရောက်တွေမှာပဲ..အဲ့ ဒီပေါက်လွယ်တဲ့  နှစ်မှာ ကိုယ့် မွေးနံကို ကော်ဇာမဟာဘုတ်က စနေနံ အကောင်းလာကပ်နေရင် ထီအနဲနဲအများပေါက်တတ်သလို တနင်္လာသက်ရောက်နဲ့ ရာဟု သက်ရောက်မှာ ချဲပေါက်လွယ်တယ်....ကိုယ့် သက်ရောက်မှာ စနေနံ အပေါ်မှာ ရှိတုန်း ကောဇာက တနင်္လာနံအကောင်းလာကပ်နေရင်လည်း ချဲထီနဲ့  ထီပေါက်နိုင်တယ်...ဒါပေမယ့် ကောဇာအကောင်း က စနေတနင်္လာနံ အကောင်းနဲ့ ကိုယ့် သက်ရောက်က စနေနံ တနင်္လာနံ အကောင်းက တိုက်ခဲတယ်
ကျနော် ထီနဲနဲပေါက်တဲ့ နှစ်ဟာ ဟူးသက်ရောက်ဖြစ်တယ် လစိတ်စနေမှာပေါက်ခဲ့ တာဖြစ်တယ် အဲ့ နှစ်က ကောဇာမှာ စနေနံကောင်းနေတယ် ကျနော့် မွေးနံကို စနေနံအကောင်းလာကပ်တယ် ဒါကြောင့် ထီပေါက်တယ် ချဲနဲနဲပေါက်ဖူးတယ် စနေသက်ရောက်မှာဖြစ်တယ် အဲ့ နှစ်က ကောဇာမှာ စနေနံကော သောကြာနံပါ မဟာဘုတ်အပေါ်မှာဖြစ်တယ်..

ချုပ်လိုက်ရင် စနေနံသဘောနဲ့  တနင်္လာနံသဘောဟာ မတူဘူး..သက်ရောက်မှာ ထူးခြား ငွေဝင်ကိန်းမရှိလို့  ထီမပေါက်ရင် ထီလက်မှတ် ဆိုတဲ့  စနေနံ ၀င်တာသာ အဖတ်တင်ကျန်ခဲ့ လိမ့် မယ်.ဒါပေမယ့်  ဘယ်သူ့ ကိုမှ အဲ့ လောက်အသေးစိတ် လိုက်မကြည့် တတ်ကြသလို ကိုယ့် အတွက်တောင် မကြည့် ကြသလောက်ပဲ ..ရောသုတ်နဲ သူများတွေ ရလေ့ ဖြစ်လေ့ ရှိတာတွေ မှတ်ထားပြီး ခန့် မှန်းပေးလိုက်တော့ တာပဲ

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..