
အမေဆုံးတဲ့ ည..
-------
ကျနော့် အမေက အတန်းကျောင်းမနေခဲ့ ရလို့  သားသမီးမူလတန်းတက်မှ ရောလိုက်ပေါင်းဖတ်ရင်း သေစာရှင်စာ တတ်လာတယ်ဆိုပေမယ့်  စိတ်တွက်နဲ့ စိတ်မာကျောတာကတော့  အမျိုးထဲစံပြလိုတောင်ပြောရမလိုပေါ့ ..စိတ်ဓါတ်မကျလွယ်ဘူး..ဘာလုပ်လို့ ရသေးလဲကိုပဲ အမြဲလိုလိုဇောင်းပေး လှုပ်ရှားသွားတယ်
မအေဖအေကရိုက်တာတစ်ချို့ သားသမီးတွေဆီကိုလည်း ပါလာလေ့ ရှိတယ်..ဒါကို ကျောင်းတုန်းက နောက်ပြောကြတာက ဂျနက်တစ်က စကားပြောလိမ့် မယ်ဆိုတာပေါ့ ..အဲ့ ဒီ ဘာလုပ်လို့ ရနိုင်သေးလဲဆိုတဲ့ တွေးနည်းမျိုး ကျနော်တို့ ဆီမှာ ပါလာပုံရတယ်ပေါ့ လေ..
မအေ့ မှာ အဆုပ်ကင်ဆာဖြစ်နေပြီ ခံလှ ၆လပေါ့ ဆိုတဲ့ အခါ တုန်လှုပ်ကုန်ကြတာ အစပိုင်းမှာပေါ့  နောက်တော့  သူ့ ဟာသူ ဆာဆာ ၆လ ပြောပြော ဘာလုပ်လို့ ရလဲကိုစဉ်းစားပြီး ဆေးကုတော့ တာပါပဲ...မအေက သေမယ့် အတူတူ အနောက်ဆေးနဲ့ မကုချင်ဘူး...ရတယ် အနောက်မကြိုက်ရင် တိုင်းရင်းဆေးပေါ့  တစ်ခုခုနဲ့ တော့  ကုရမှာပဲ ကုရင်းနဲ့ သေသေသဘောနဲ့ ချီတက်တော့ တာပါပဲ
...ဒါနဲ့ ၉လလောက်သက်တမ်း ရှည်လာတယ်..ကြားထဲ အခြေအနေကောင်းလာလိုက် ဖေါက်သွားလိုက်ပေါ့ ..
ဆေးပညာတင်မကပါဘူး ဘုရားကုဆိုတဲ့  ဘာသာရေးကောင်းမှု့ တွေလည်းပါတယ်ပေါ့ ..အဲ့ အချိန်မှာ ကျနော်က ယတြာကစားတတ်နေပြီ...အဲ့ တော့  ကိုယ်တတ်သမျှ နည်းပေါင်းစုံ အကုန်ချသုံးတော့ တာပဲ...ဘာအယူဝါဒတွေ ဘာညာတွေ ခေါင်းထဲမရှိဘူး...ကိုယ်တတ်တာ ကိုယ်လုပ်တယ် ကိုယ်ယုံတာပါ ကိုယ်လုပ်တယ်..ဒါက ကိုယ့် အမေလေ ဘေးလူတွေရဲ့ အမေ မဟုတ်ဘူးဆိုပြီး..
သေခါနီး သုံးပတ်လောက်မှာကတည်း သွားတော့ မယ်ဆိုတဲ့  နမိတ်တွေ မအေ့ မှာရော ကျနော်တို့ တွေအားလုံးဆီမှာပါ ရနေကြပြီ...အဲ့ လိုသာနမိတ်ရတာ ဘေးက လူတွေက တိုင်းရင်းဆေးက ဘယ်ဟာနဲ့ ကောင်းတာလဲ..ကြည့် စမ်း လူမမာက ကောင်းသွားလိုက်တာ ဘာညာနဲ့ လာအံ့ သြနေတာ ကျနော်တို့ က ကိုယ့် ဝမ်းနာကိုယ်သာသိဖြစ်နေလို့  ဘာပြန်ပြောရမှန်းမသိပေါ့ 
အဲ့ နေ့ မှ နေလည်ပိုင်းလောက်မှ ရုတ်တရက်ကြီးထ အမေါဖောက်လာတော့  မအေကိုမေးတယ် ဆေးရုံသွားမလားအမေဆိုတော့  ခေါင်းခါတယ် ဒရင်းဘက်သာပြင်ထားလိုက်တော့ တဲ့  လေသံပြတ်တောင်းတောင်းနဲ့..ဒရင်းဘက်ပြင်တော့  ခေါင်းရင်းကို လမ်းမဘက်ထားတော့  ပြန်လှည့် ခိုင်းတယ်..အဲ့ မှာသိလိုက်ပြီ...အိမ်ကအထွက်လွယ်အောင် လမ်းမဘက်ခြေဦးဆင်းခဲ့ ပြီပေါ့ ..သူတို့ အမျိုးက အကျင့် ရှိတယ် အဖွားတွေအဖိုးတွေလဲ အဲ့ လိုပဲ လမ်းမဘက် လက်ဟန်ခြေဟန်ပြ ခြေဆင်းရွှေ့ ပေးခဲ့ ရတယ်
လမ်းထဲက အမျိုးလိုဖြစ်နေတဲ့ ဂျီပီက ဒရစ်လာချိတ်ပေးပြီး အမောလုံဆေးတွေ ထိုးပေးတယ်..အဲ့ တော့  နဲနဲတော့ လုံသွားပုံရတယ်..ဒါပေမယ် ညဦးပိုင်းမှာတော့  ဒရစ်ဆေးရေက ဆက်မကျတော့ ဘူး..သွေးဆုတ်ခဲ့ ပြီ..ခြေဖျားကစ တစ်စတစ်စ အပေါ်တိုးပြီး အေးစက် လိုက်လာခဲ့ ပြီ...
အဲ့ အချိန်မှာ ရှိသမျှ လုပ်ထားသမျှ ယတြာတွေ ဖယ်လိုက်ပါတော့ လို့ သွားတော့ မယ်ဆိုတာ သိလို့ အချိန်မီရအောင်ဆိုပြီး ရောက်နေတဲ့  အမျိုးတွေက လာပြောတော့ တယ်...သူတို့ တွေ က သိနေတာက ယတြာဓါတ်က ဆွဲထားရင် အသက်ထွက်ရတာ ပင်ပမ်းလို့ တဲ့ ...
ကျနော်က ခေါင်းမာတယ် သေကာမှသေရောကျနော့် ယတြာအောက်မှပဲ ပေးသေမယ်. .သေပြီ သေခြာမှ ဖယ်လိုက်မယ်ဆိုပြီး တင်းမာတဲ့ မျက်နှာနဲ့ ပြန်ပြောလိုက်ခဲ့ တယ်...နောက်ဆုံး မေးတစ်ချက်နှစ်ချက်ငေါ့ လိုက်တာ မြင်တော့ မှ လက်ထဲက လုပ်ပေးနေတဲ့ ယတြာကိုနားပေးလိုက်ရင်း အမေ့  ရင်အုံကိုသာ ခုန်နေသေးရဲ့ လားလို့  မျက်တောင်မခတ်......
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..