
ဖအေကြီးပေါ် ပုံအောလိုက်ဖို့ သာ
-----------------
ကိုယ်တောင် ကိုယ့် မအေကို ဒီလောက် သတိတရတွေဖြစ် သံယောဇဉ်တွေကြီးနေတတ်သေးရင်...ကိုယ့် ဖအေက သူ့ မိန်းမကို ဘယ်လောက်တောင် ချစ်ပါလိမ့် မလဲဆိုတဲ့ အတွေးက မအေ မရှိတော့ လို့  လေးငါးခြောက်လလောက်ကို ငေါင်းစင်းစင်းတွေဖြစ် ရှေ့ ဆက်ရမယ့် ဘ၀ကြီးဟာ အဓိပ္ပါယ်မရှိတော့ သလိုလို ခံစားသတိလွတ်မိနေရာကနေ ဖြတ်ကနဲ တွေးမိသွားတယ်..ကျနော့် မှာ ဖအေအိုကြီး ကျန်နေပါသေးလားဆိုပြီး......
အဲ့ ဒီမှာ ဖအေ့ ဘက်ကို ပြန်ပြီး ငဲ့ စောင်းကြည့် မိတော့ ဖအေခမျာ ကိုယ့် လိုပဲ နေ့ တဓူဝ ဖြတ်သန်းနေတဲ့  ရက်တွေမှာ စက်ရုပ်ကြီးလိုပဲဖြစ်နေတာ သတိထားလိုက်မိတော့ တယ်။ အိမ့် အချုပ် ခေါင်သူကြီးမို့  အပူရုပ်ကို ဟန်လုပ်ပြီး သားသမီးတွေရှေ့  ပုံမှန်လိုနေပြပေမယ့်  အတွင်းသရုပ်က ကြေကွဲနေတာကို ယောက်ျားချင်းမို့  နားလည်ခံစားမိလိုက်တယ်...
ဒါမျိုး ခံစားချက်ဆိုတာ ကျနော်တို့ တွေ ကနော်တို့ တွေရဲ့ ချစ်သူတွေ နဲ့  အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲရတဲ့ အခါမှာ သေလုမတတ် ခံစားခဲ့ ရဘူးတယ်လေ..ဖအေက ကြင်သူသက်ထားဇနီးမယား..ဘ၀ရဲ့ လောကဓံ အတက်အကျတွေကို လင်မယား ၂ ယောက် ဆိုးတူကောင်းဖက် လက်တွဲရင်ဆိုင်ခဲ့ ရတာ
သူခံစားရမှာပေါ့  သူလွမ်းဆွတ်နေမှာပေါ့  သူသတိရနေမှာပေါ့ ..သူ့ ရဲ့ ရီဝေတဲ့ မျက်လုံးအိမ်တွေထဲ သူ့ ဇနီးမယားရဲ့ နေ့ တဓူဝ လှုပ်ရှားမှု့ အရိပ်တွေ သူ့ စိတ်အာရုံမှာ မြင်ယောင်နေမှာပေါ့ ...
အဲ့ ဒီမှာ ကျနော့် ရဲ့ ရုပ်ခွန်အားစိတ်ခွန်အားတွေ ကို ဖအေကြီးပေါ် ပုံအောလိုက်ဖို့ သာ စဉ်းစားလိုက်တော့ တယ်...အဖေပျော်နေရင် ကျနော်ပျော်သလိုပါပဲပေါ့ အဖေရယ်ပေါ့ လေ.. ဖအေကြီးအတွက် ဘာဘဲလုပ်ပေးရ လုပ်ပေးရ..လုပ်ပေးလိုက်ဖို့  စိတ်ဆုံးဖြတ်လိုက်မိတော့ တယ်.. မအေ့ အပေါ် ငယ်သူမို့  မသိသား ဆိုးရွားမိုက်မဲ အနိုင်ကျင့် ခဲ့ မိတာတွေ အတွက် .နှစ်ဆမက ဖအေကြီးကို မအေ့ ကြီးအတွက်ပါ ဆိုပြီးတော့ စိတ်နဲ့ ပါပေါ့ ...နောက်ပြီးတော့  သူ့ သက်တန်းက နေရမယ်ဆိုရင် သဘာဝအရဆိုရင် ကျနော်တို ငယ်သူတွေလောက်နေရတော့ မှာမဟုတ်ဘူးလေလို့ တွေးပြီး......
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..