
''ဘ၀ ဆိုတာ တောင်တက်သမားလိုပါဘဲ''
-------------------------------------------
တောင်တက်သမား ရုပ်ရှင်တွေကြည့် ရင်း သူတို့ ရဲ့  ပစ်မှတ် တောင်ရွေးချယ်ပုံ ၊ လမ်းကြောင်းရွေးတာ၊ တောင်တက်နေပုံ နည်းစနစ်တွေနဲ့ ဇွဲတွေ၊ ရုပ်ကြံ့ ခိုင်မှု့  ၊ စိတ်ကြံ့ ခိုင်မှု့  ၊ လေတိုက်နှုံးတွက်တာတွေ ၊တောင်တက်ရာလမ်း ကိုရွေးချယ်ပုံရှာဖွေပုံတွေကိုကြည့် ရင်း...ဘ၀တစ်ခုဖြစ်တည်ဖို့ မှာလည်း ဒီသဘော ဆင်တာတွေ့ တွေ့ လာရတာပါဘဲဗျာ..၊
တောင်တက်သမားဟာ ရုပ်သန်စွမ်းမှု့ စိတ်ဓါတ်ခွန်အား ပန်းတိုင်သဘော လေတိုက်နှုံးတို့ အပူအအေးတို့ တွက်ရသလို ဘ၀ခရီးမှာလည်း ပြင်ပ ပယောဂတွေ ၊ ကိုယ်သွားသင့် တဲ့ လမ်းကြောင်း ၊ရှောင်သင့် တဲ့ လမ်းကြောင်း သဘောရွေးတာမျိုးမှာ သဘောဆင်တာပါပဲ...
တောင်တက်သမားဟာ သူတက်ချင်တဲ့ တောင်ကြော ကိုရွေးတာ လမ်းကြောင်းရှာတာက တောင်တက် ခရီးရှည်ကြီအတွက် ပုံကြမ်းသဘောလိုဘဲ ဘ၀ခရီးသွားမယ့် သူကလည်း ကိုယ်လိုချင်တဲ့ ဘ၀ကို ရွေးလိုက်တာ အဲဒီဘ၀အတွက် လိုအပ်ချက် လမ်းကြောင်းတွေကို ချဉ်းကပ်ဖြည့် တင်းယူတာမျိုးဟာ ဘ၀ခရီးရှည်ကြီးအတွက် စိတ်ကူးပုံကြမ်းသဘောပေါ့ ၊
ဒါတင်မကသေးပါဘူး...နည်းဗျုဟာသဘောပါ တူပုံက တောင်တက်သမားဟာ သူ နင်းပြီးရပ်နေရတဲ့  နေရာ၊ သူမှီထားရတဲ့ လက်ကိုင် က နေမြဲမြံအောင် အသေအခြာ စိတ်ချရအောင် လုပ်ပြီး နောက်တစ်လှမ်းတက်ဖို့  ပြင်ဆင်နေရာရွေးတာ မူလခြေကုပ် လက်မြဲ မပိုင်မခိုင်ဘဲ မူလနေရာကို ခွာမသွားဘူး၊ ခိုင်ပြီ ပိုင်ပြီ ဆိုမှ နောက်တစ်လှမ်း ကူးတက်တာမျိုးသဘောလို .....
ဘ၀တွေရဲ့ အလုပ်တွေ စီးပွားတွေသဘောလည်း ဒီသဘောယူရင်ရနိုင်တာပါဘဲ ကိုယ့် မူလအခြေအနေကို မခိုင် ခိုင်အောင်အရင်ကြိုးစား အခြေခံချထားရတဲ့ သဘောရှိတယ်...မူလ အခြေခံခိုင်ပြီဆိုမှ ဘ၀ တိုးတက်ဖို့  နောက်တစ်ဆင့် ကြိုးစားယူရတဲ့ သဘောရှိတယ်ပေါ့ လေ...
တောင်တက်သမားရဲ့  ရန်သူက သတိလစ်ဟင်းခြင်းဘဲ သတိတစ်ချက်လစ်ဟာလိုက်တာ ပေါ့ ဆလိုက်တာနဲ့  အချိန်မရွေး တောင်အောက်ပြုတ်ကျ သေဆုံးသွားနိုင်သလိုမျိုး ကိုယ်လည်း ရှေ့ ကိုဦးတည်နေရာ လမ်းကြောင်းမှာ သတိတစ်ချက်လစ် ပြီ အမှတ်တမဲ့ ပေါ့ ဆဆ လုပ်လိုက်တာနဲ့  ရောက်နေတဲ့ ဘ၀ အဆင့် ကနေအချိန် မရွေးပြန် မွဲသွားနိုင်တဲ့ သဘောရှိလာမှာပါပဲ...
တောင်တက်သမားရဲ့ ဘ၀မှာလည်း အချိန်မရွေး အပေါ်ကကျောက်ထု နှင်းခဲထု ကြီး ပြိုကျလာလို့  ချက်ချင်းသေဘေးနဲ့ တွေ့ နိုင်တာကိုမျှော်လင့် ထားရသလို လူ့ ဘ၀တစ်ခုဟာလည်း ဒီလိုဘဲ တိုင်းပြည်အခြေအနေ ကာလပယောဂကြောင့်  မတော်တဆမှု့ တွေ ရောဂါတွေကြောင့် အချိန်မရွေး သေဆုံးသွားနိုင်တဲ့ သဘောရှိနိုင်တာပါဘဲ....
.တောင်တက်သမားဟာ သူ ရွေးချယ်ရာ တောင်ရဲ့  မြင့် မားမတ်စောက်မှု့ ဆိုတဲ့  အခြေအနေ သဘောအလိုက် အလွယ်တကူတော့  တော်ယုံအားထုတ်မှု့ နဲ့  တက်လို့ မလွယ်ပါဘူး လူ့ ဘ၀ဟာလည်းဒီလိုပါဘဲ ကိုယ်ရွေးချယ်လိုက်တဲ့ ဘ၀ ရပ်တည်မှု့ သွားရာ ပန်းတိုင်အပေါ်မူတည်ပြီး တော်ယုံအားထုတ်မှု့ နဲ့ မရနိုင်မရောက်နိုင်ပါဘူး ရည်ရွယ်ရာပန်းတိုင်မြင့် မားရင်မြင့် မားသလောက် ခက်ခဲကြမ်းတမ်းမှု့ လောကဓံတွေကို ရင်ဆိုင်ကျော်ဖြတ်ရပါလိမ့် မယ်ပေါ့  ၊
တောင်တက်သမားရဲ့  သူရွေးချယ်ရာတောင်ဟာ မြင့် မားကြီးမားကြမ်းတမ်းလေလေ အလောတကြီး မဆန်ဘဲ တစ်လှမ်းချင်း တစ်လှမ်းချင်းဖြည်းဖြည်း မှန်မှန်တက်ယူရသလို လူဟာလည်း ကိုယ်လိုချင်တဲ့ ဘ၀ အနေအထားအရ အလောတကြီး ဆန်လို့ မရဘဲ ဖြည်းဖြည်း မှန်မှန်ဇွဲ ကောင်းကောင်းနဲ့ ဘ၀အဆင့် တစ်ထစ်ချင်း တစ်ထစ်ချင်း တွေးဆချင့် ချိန်ပြီး လျှောက်လှမ်းယူရတဲ့ သဘောရှိပါတယ်၊
ဘယ်လိုတွေကြုံရပစေ တောင်တက်သမားဟာ သူ ရည်ရွယ်ရာ တောင်ထိပ်ကို သူ့ အသက်နဲ့ ခန္ဓာမြဲနေသ၍ မရောက်ရောက်အောင် ကုပ်ကပ်ပြီး ဇွဲအပြည့် အားမာန်အပြည့်  မလစ်တဲ့ သတိနဲ့  တက်သွားသလို ဘ၀ခရီးမှာလည်း လူဟာ သူရည်ရွယ် ပန်းတိုင်ကို ဇွဲအပြည့် ဝီရိယအပြည့်  နဲ့  မလစ်ဟင်း
တဲ့ သတိကပ်ပြီး သူ လုပ်နိုင်သမျှလုပ်ပြီး ချီတက်သွားနေရတာပါဘဲဗျား..
တောင်တက်သမားရဲ့  အဓိပ္ပါယ်ဟာ တောင်ထိပ်ဆိုတဲ့ ပန်းတိုင်လို့ ဆိုခဲ့ ရင် ဘ၀တစ်ခုရဲ့  အဓိပ္ပါယ်ဟာ ကိုယ်ရည်ရွယ်ရာ ပန်းတိုင်တစ်ခုခုကိုရောက်ဖို လို့ ဆိုလို့ ရနိုင်ကောင်းပါရဲ့ လေ..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..