'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Saturday, February 14, 2015
''ဟွန့်  ခေါ်ထားလိုက်လေ ...'' တဲ့ 
''ဟွန့်  ခေါ်ထားလိုက်လေ ...'' တဲ့ 
--------------
နော်တို့ ဟာမျိုးဟာနွယ်ကြီးဆိုတဲ့  အမျိုးထဲမှာ ပျော့ ပျော့ လေးနဲ့ နံတဲ့ ကြောင်ချီးလို့  ခေါ်ကြတဲ့ အရက်သမားလေးတစ်ယောက်ရှိပါတယ် ၊ ရုပ်ရည်က အဲ့ ခေတ်က ကျော်ဟိန်းအသေးစားလေးလို အသားလေးကလတ်လတ်နဲ့ ဆံပင်စလေးတွေကပါ ကောက်ကွေးကွေးလေး သနားကမားလေးနဲ့ တော်ကီက အရမ်းညက် လို့  သူ့ ရာဇ၀င်ကို မသိဘဲ ဖြတ်သွားဖြတ်လာနဲ့ ပထမဆုံးအကြိမ်တွေ့ လိုက်တဲ့ လူတိုင်းလိုလို သူ့ ဆို ပြိုကျသွားပြီး အိမ်တောင်ထမင်းစားကြွပါလို့ ပင့် ချင်စိတ်တွေ ကိုယ့် မှာရှိတဲ့ သုံးဝမ်းကွဲ နှမတွေအမတွေပါ ပေးစားလိုက်ချင်စိတ်တ်တွေဘာတွေ ပေါက်သွား လောက်အောင် ညက်ညောလှပါတယ်
သူ့ အကြောင်း အတွင်းသိအစင်းသိအမျိုးတွေက သူအိမ်လာလည်မှာတောင် လွှတ်ကြောက်ပါ. ..လူမမြင်ရသေးဘူး အမည်ကြားယုံနဲ့  ဘယ်သူ့ တွေကိုများ ဒုက္ခနဲ့ လှလှတွေပေးခဲ့ ပြန်ပါလိမ့် ပေါ့ ၊ သူ့ ခဏလာရင်တောင် ဟဲ့ ဟဲ့ ..ဘယ်သူ လာနေတယ်...ဘာညာနဲ့  အိမ်သားတွေ တစ်ယောက်နဲ့ တစ်ယောက် မက်စိတွေပို့  ဆစ်ဂနယ်နဲ့ ကွမ်းတစ်ယာပေါ့ ....အိမ်ထဲက ဘယ်ပစ္စည်းများ 'မ'သွားဦးမလဲ လို့  ကိုယ့် လုပ်လက်စအလုပ်တွေ ခဏရပ်ထားပြီး သူမပြန်မချင်း သူ့ ကို မျက်ခြေမပြတ်ကြည့် နေရတဲ့ ဘ၀၊ ဘယ်လောက်ကြည့် ထားထား ပါပါသွားတာချည်းပဲ ၊
သူ့ မိဘတွေ မောင်နှစ်မတွေကိုက သူ နှိပ်စက်တဲ့ ဒဏ် မခံနိုင်တော့ လွန်းးလို့  သူတို့ သားဟာ အကျင့် မကောင်း အရက်သမားဖြစ်ကြောင်း အိမ်လာလည်ရင် လက်မခံပါနဲ့ တို့  သတိထားပါတို့  သူလုပ်သမျှ တာဝန်ယူမည် မဟုတ်တို့ ကို ပေါ်တင်ကြီး ကျမတို့ ဟာ သူခိုးမျိုးပါလို့ မဆိုယုံတမြည်လေး လေသံလွှင့် ပေးထားရတော့ ဘ၀ပေါ့ ...ကြားလိုက်ရင်တော့  ဖြတ်သွားဖြတ်လာတွေက ဝေဖန်တတ်တဲ့ တောင်းဆိုး ပလုံးဆိုးဘာညာနဲ့ ရက်စက်လှချည့် လားလို့ ဝေဖန်လိုက်ရင် ပြန်ငေါ့ ပြောသေးတာ ''ဟွန့်  ခေါ်ထားလိုက်လေ ...'' တဲ့ 
သူကလည်း ညက်ယုံတင်မကပါဘူး သူ့ ကိုဝေဖန်သမျှ ဆဲသမျှ တွေကို နားထောင်နိုင်စွမ်းရည်တို့ ပြုံးစိစိသာနေပုံတို့ မှာ အရိယာလားထင်ရလောက်အောင် ခံနိုင်ရည်ရှိပုံက တကယ့် နိုးတူး ဆရာပါပဲ...ချိုချိုသာသာပြောပြော ရစရာမရှိအောင်ဆဲဆဲ ပြုံးပြုံးပဲ ''သူ့ အသား လာထိတာမှ မဟုတ်တာ ''တဲ့ ..သူ့ အရက်ဖိုးရရင်ပြီးရောပဲ..၊
ပြောရရင်ရင်လေ သူ့ ကံကို သနားရမှာလား သူနဲ့ အမျိုးလာစပ်နေရတဲ့ ကိုယ့် ကိုယ်ကို သနားရမှာလား ၀ါးတားတားရယ် ၊ ပြောမထွက်လောက်အောင်ကို မိုက်ကမ်း မိုက်ရိုင်းချက်တွေများ မနဲဘူး...သူ့ အမည်ပြန်ပြောရတာတောင် ကျောမလုံပဲ ဖျင်စတွန့် တယ်...ဒါပေသိ တော်သေးတာက သူက ခုတော့ အရက်မူးလွန်ပြီး ဂန့် သွားပြီလေ..ဟီးးး
သူသေပုံကလည်း သံဝေဂရစရာပါ..ကြည့် မြင်တိုင် ဝေဠုဝန်ရပ်ကွက်ကြီး မီးလောင်ပြီးတော့ သူတို့ မိသားစုတွေ ဘ၀ပျက်သွားရင်း သူလည်း စလေလွင့် သွားလိုက်တာ နောင်ဆုံး ဝေဠူဝန် ကျောင်းတိုက်ဝင်းကြီးထဲက ဇရပ်အိုလေးနား ဘယ်အချိန်က သေနေမှန်းတောင်မသိ တဲ့  ၊ တစ်ချို့ က အမျိုးတော်မှန်းသိလို့ လာပြောလို့ သွားကြည့် မှ အဲ့ အရက်သမားမှန်းသိရတယ်၊ အဲ့ တော့ လည်း မသနားပေမယ့်  လူမှု့ ရေးအရ မသာချပေးလိုက်ရသေးတယ်..
.
သူ့ ရာဇ၀င်မသိတဲ့ ဖြတ်သွားဖြတ်လာတွေက အကြင်နာမဲ့ လှချည့် လားလို့ မေးငေါ့ မှာက ပိုကြောက်နေရတာလေ...။ မြွေကိုက်လို့ အသက်ငင်နေတဲ့ ကလေး အတွက် သစ္စာဝိုင်းဆိုတဲ့ ပုံပြင်တောင်သတိရလိုက်သေး သဒ္ဒါလို့ ဒီရသေ့ ကို ဆွမ်းလောင်း နေတာမဟုတ်ပါဘူး မိဘတွေ လောင်းလက်စမို့ ဆက်လောင်းနေရတာပါ ဘာညာ..
အဲ့ လို လမ်းဘေးမှာ ပုဆိုးလေးခြုံပြီး ပုဆစ်တုတ်လေးကွေးပြီး သေနေတာ ယင့် ကိုတလောင်းလောင်းနဲ့ ..ဖြတ်သွားဖြတ်လာတွေကတော့  ၀ိုင်းအုံကြည့် ရင် စုတ်တသတ်သတ်လုပ်နေတာပေါ့  တစ်ချို့ တွေကတော့ မှတ်မိတယ် အဲ့ ဒါ ဝေဠုဝန် ရပ်ကွက်ကြီ်း မီးမလောင်ခင်က ဘယ်သူ့ သား အရက်သမား သိတ်ဆိုးတာ ဆိုးလွန်းလို့ သူတို့ အမျိုးတွေက ပစ်ထားလိုက်တာဘာညာဘေးကနေ သတင်းလိုလို အတင်းလိုလိုနဲ့ မသာက အနံ့ ဆိုးတွေ မရှုမိအောင် နှာခေါင်းလေးပိတ်ပြီးပြောတော့  လူသားချင်း စာနာသူကြီးက အသေဆိုးချက်ဆိုပြီး ဆက်သနားရမလိုလို စောစောက သူ့ အကြောင်းမသိလို့ သနားမိတာ ဘွာတေးနော်လို့ လုပ်ရမလိုလို ဆတ်ဘေဆတ်ဒါ ကန်မားသဒါ တွေဘာတွေလုပ်ရမလိုလို .....
ကျန်ရစ်တဲ့ ရုပ်ကလာပ်ကို နိုင်ငံတော်စည်ပင်က လာသိမ်းသွားတယ် ...ပိုင်ရှင်မဲ့ ပေါ့ လေ...( အမျိုးတွေက အရပ်ကလိုလို ပရဟိတလိုလို ဘာလိုလိုနဲ့ ....နဲနဲတော့ ရေလောင်းလိုက်ရတယ်လေ).....လောကကြီးရဲ့ အတ္တုပတ္တိ လူတို့ ရွာဆိုတာ ဂလိုပါပဲ.. ..ချက်မသိတော့ သမက်သူခိုး ဇရက် ချိုးထင်ဆိုတာမျိုးလည်းရှိတတ် ..တောင်ပို့ မြင်ရင်စေတီထင်မျိုးလည်းဖြစ်တတ်သပေါ့ လေးးးး....
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..