Powered By Blogger

Friday, February 13, 2015

'' ကမ္ဘာတစ်ခွင် စလောင်းခရီးလှည့် လည်စဉ်...''


ကမ္ဘာတစ်ခွင် စလောင်းခရီးလှည့် လည်စဉ်...
---
စစ်ပွဲတွေ အကြောရှည်နေတာ နဲ့  ပွဲတစ်ခုပြတ်သွားတဲ့  မတူညီတဲ့ အနေအထားတွေ ကို ကမ္ဘာတစ်ခွင်က စစ်တွေကြည့် ရင် ထင်သာမြင်သာရှိတဲ့ အနေအထား ၂ ခုကို တွေ့ ရလေ့ ရှိတာသတိထားမိတယ်..

စစ်တစ်ခု စတင်ဖို့ ဆိုတာ စအတိုက်ခံရမယ့် သူ နဲ့ လာတိုက်သူ လို့ ယေဘူယျ ၂ ချက်ရှိမယ်ပေါ့ လေ ၊ ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်းမှာ ထင်ရှားတဲ ဒေသဆိုင်ရာ စစ်ကြီးတွေ ဖြစ်ခဲ့  ဖြစ်ဆဲတွေ ရှိခဲ့ တာတွေလိုက်ကြည့် လိုက်ရင်  စစ်ပွဲတစ်ချို့ ပွဲပြတ်သွားတယ်၊ တစ်ချို့ စစ်ပွဲတွေကြတော့  ခုအထိ အကြောရှည်နေဆဲပေါ့ 

ပွဲပြတ်သွားတဲ့ စစ်ကြီးတွေထဲက ဒီဘက်ခေတ်မှာ မှာ အီရတ် နဲ့ လစ်ဗျား နဲ့ သီရိလင်္ကာက အထင်ရှားဆုံးပဲ ကမ်ပူးချား ဗီယက်နမ်ကရှေ့ ပိုင်းပေါ့ ၊ အဲ့ စစ်ကြီးတွေ ပြတ်ရတဲ့ အချက်မှာ အဓိက အချက်က အဲ့ နိုင်ငံတွေရဲ့ အဓိက အုပ်ချုပ်ရေး မြို့ တော်တွေကို တော်လှန်ရေးသမားတွေပြောပြော သူပုန်ဆိုဆို မဟာမိတ်တပ်ပေါင်းစုလို့ အမည်ပေးပေး..အဲ့ တော်လှန်ရေးလုပ်တဲ့ သူတွေက အပြီးတိုင် တက်သိမ်းနိုင်ခဲ့ လို့ ဆိုတာတွေ့ ရတယ် ၊ အီရပ်မှာဆဒန်ကို ဖဲ့ တဲ့ တော်လှန်ရေးသမားတွေက ဘက္ကဒက်ကို လစ်ဗျားမှာကဒါဖီကိုတော်လှန်တဲ့ အဖွဲ့ တွေက မြို့ တော် ထရီပိုလီကို ဗီယက်နမ်ကမ်ပူးချား တွေတုန်းကလည်း အဓိက အုပ်ချုပ်ရေး မြို့ တော်တွေကို စသဖြင့်  အပြီးတက်သိမ်းနိုင်လို့  အစိုးရတစ်ခု ပွဲသိမ်းသွားတဲ့ သဘော...နောက်ပိုင်း ကားဗုံးခွဲ လူဗုံးခွဲ ဘာညာက စစ်ပွဲကြီးဆိုတာထက် ပြောက်ကျား သဘောဖြစ်လို့  အစိုးရစနစ်လည်ပတ်မှု့ ယန္တယားကို သွားမထိလို့  အဲ့ နည်းက အစိုးရကို (သို့ ) စနစ်ကို အပြီးပွဲဖြတ်နိုင်ဘို့ ခက်မယ်၊ ကျူးဘားလဲ တော်လှန်ရေးသမားတွေလက်ထဲ မြို့ တော်ကျသွားလို့  ကက်စထရိုတို့ ချေဂွေဗားရားတို့ လက်ထဲ နိုင်ငံတော်အာဏာရောက် စနစ်ပါပြောင်းသွားတဲ့ သဘောပဲ။

ဒီဘက်ခေတ်မှာ အီရပ်တို့ လစ်ဗျားတို့ နဲ့ သိပ်မကွာပဲ ထတော်လှန်ရင်း ပြည်တွင်းစစ်ဖြစ်လာတာက ဆီးရီးယားပဲ ၊ သူကြတော့  အခုထိ ပွဲမပြတ်တဲ့ အပြင် နိုင်ငံတကာ တပ်ပေါင်းစုံ စုမိနေပြီး စစ်ပွဲက ပိုပိုဆိုးလာနေတာတွေ့ ရတယ်. ဘာလို့ အီရပ်တို့ လို လစ်ဗျားတို့ လို စစ်ပွဲ မပြီးနိုင်သေးတာလည်းကိုကြည့် ရင် လိုက်ရင် ဆီးရီးယားခေါင်းဆောင် အာဆတ်ကို တော်လှန်တဲ့ သူတွေက အပြီး မဖယ်ရှားနိုင်ဘူး မြို့ တော်ကို တက်မသိမ်းနိုင်ဘူး...အာဆတ်ကလည်း တော်လှန်ရေးစစ်ဆင်နွှဲနေသူတွေကို ပွဲသိမ်းအပြီး မရှင်းနိုင်ပြန်ဘူး.ဒါနဲ့ ပဲ စစ်ပွဲက ဘတစ်ပြန်ကျားတစ်ပြန်နဲ့  ကာလအတော်ရှည်လာနေပြီ။

သီရိလင်္ကာကျားတွေ ရဲ့ ပြည်တွင်းစစ် ပွဲပြတ်သွားတဲ့ သဘောမှာ အဓိက အမှားက တမီလ်ကျားတွေရဲ့ အမှားကြီးသဘောပဲ အဲ့ ကျားတွေဟာ မူလက အင်အားကြီးတာ အသေခံ ဗုံးခွဲရဲတာမှန်ပေမယ့်  သူတို့ က သူတို့ မျိုးနွယ်စုများတဲ့ ဒေသကနေသာ ခြေကုတ်ယူထားပြီး သီရိလင်္ကာရဲ့ အဓိကအုပ်ချုပ်ရေး မြို့ တော် ကိုလံဘိုကိုတော့ တက်မသိမ်းပဲ အဝေးကနေ ၀င်စို့ ထွက်စို့ နဲ့  ပြောက်ကျားလောက်သာ သွားသွားလုပ်ရင်း စစ်သက်တမ်းကရှည်လာတယ် ၊ နောက်ဆုံးတော့ မြို့ တော် ကိုလံဘိုကို မသိမ်းနိုင်တဲ့ အမှု့ က အချိန်တစ်ခုရောက်လာတဲ့ အခါ ကိုလံဘိုက အစိုးရတပ်တွေက သူတို့ ကျား အခြေစိုက်ဒေသကို အပြီး ၀င်သိမ်းသွားနိုင်သွားတဲ့  သဘောဖြစ်သွားလို့  ကျားတွေပြိုကွဲသွားတော့ တဲ့ ဘ၀ရောက်သွားတယ်..

သဘောက ကမ္ဘာတစ်ခွင်က ဒေသတွင်း စစ်တွေကိုခြုံကြည့် ရင် အစိုးရရဲ့  အုပ်ချုပ်ရေးဆိုင်ရာ ဗဟိုမြို့ တော်ကို တက်မစီးနိုင်တဲ့ စစ်တွေဟာ စစ်ပွဲသက်တမ်းရှည်နေလေ့ ရှိတာတွေ့ ရတတ်ပြီး .အချိန်တစ်ခု အရောက်မှာတော့   တော်လှန်သူနေတွေဟာ အခြေပျက်စပြုလာပြီး အင်အားချိနဲ့ လာလေ့ ရှိတယ် ၊ အကယ်၍ တော်လှန်ရေးလလုပ်နေတဲ့ သူတွေဟာ  မြို့ တော်ကို တက်သိမ်းနိုင်ရင်(သို့ ) တော်လှန်နေသူတွေရဲ့ အခြေစိုက် အဓိကဒေသကို မြို့ တော်က အစိုးရစစ်တပ်တွေက အပြီး ခြေမှုန်းလိုက်နိုင်ရင် သက်တမ်းရှည် စစ်ပွဲတစ်ခု ပွဲပြတ်တယ်ပေါ့ လေ.....

အုပ်ချုပ်ရေးမြို့ တော်က အစိုးရကို တော်လှန်နေသူတွေက ပြောက်ကျားလေးသွားသွား ဖဲ့ နေတာ ကိုယ့် နေရာလေးကနေ လှမ်းဖဲ့ နေတာမျိုးကို ဗဟိုမြို့ တော်က အစိုးရမင်းတွေက အမဲနှပ်ဘာဂါလေးစား ကော့တေးလေးမော့ ညစာစားပွဲလေးတက် ဂေါက်ရိုက်လေးတောင် မပျက်တတ်ဖူး..အာဏာကိုင်ထားတဲ့ အစိုးရအများစုရဲ့ ပုံစံဟာ သူတို့  အာဏာ ကုလားထိုင်ကို လာမထိမချင်း သူများအသက်တွေကို သိပ် အရေးတကြီးထည့် စဉ်းစားပုံ မရဘူး စစ်ထဲပါသွားတဲ့ သူတွေကို ဆုလေးဘာလေးပေးလိုက် ငွေလေးဘာလေးထောက်ပံ့ ပေးလိုက်ရင် အိုကေပြီလို့ သဘောထားတာများပုံရတယ်.

ဘာရယ်မဟုတ်ပါဘူး ကမ္ဘာကြီးမှာဖြစ်နေတဲ့  စစ်ပွဲတွေ စလောင်းကကြည့် ပြီး အပျင်းပြေရေးတာပါ..သူတို့ တွေ ဖြစ်နေတဲ့  စစ်ပွဲနေရာက ကိုယ့် အိမ်နဲ့ ဝေးနေတော့ အေးအေးဆေးဆေး ကီးဘုတ်ကွက် ထိုင်ရိုက် ရေးနေလို့ ရတာပေါ့ လေ....ဟဲဟဲ။.

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..