'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Friday, February 13, 2015
.'''ကမ္ဘာမြေကို ဒုက္ခမပေးသူဖြစ်ရင်တောင်မဆိုးပါဘူးဆိုပြီးတော့ ပေါ့ '''
''ကိုယ့် အကြောင်းနဲ ကိုယ်..''
-----
.'''ကမ္ဘာမြေကို ဒုက္ခမပေးသူဖြစ်ရင်တောင်မဆိုးပါဘူးဆိုပြီးတော့ ပေါ့ '''
------
အဖြစ်အပျက် ၁
---
ငယ်ငယ်ကပါ..ကျနော့် အမေ ပြည်တွင်းစစ်ပြေးနဲ့  ကျနော့် အဖေ တောက မြို့ တက်တို့  ရန်ကုန်မှာဆုံပြီး ညားကြလေသတည်းပေါ့ ၊ ဘေ့ စစ်တွေချည်းမှာမှ အမေက စာတောင် မရေးတတ်ပါဘူး။ ဒါနဲ့ ၂ယောက်သား မယ်တစ်ရွက်မောင်တစ်ထမ်း တက်ညီလက်ညီ ရုန်းကန်ကြိုးစားလိုက်တာ လူတန်းစေ့လေးဖြစ်လာတယ်ဆိုပါတော့ ။
'''လူတန်းစေ့ ဆိုတာ အသေးသုံးလေးတွေကလွဲရင် ဘေးထုတ်သုံးဖို့ အပိုမရှိသေးတဲ့ သဘော'' ကိုဆိုလိုတာပါပဲ။အဲ့ အချိန်မှာ အမျိုးထဲက တစ်မိသားစု က ငွေလာချေးပါတယ်၊ အနေအထိုင် ကျစ်လစ်တဲ့ မိဘ၂ ပါးကို အပြင်ပန်းကကြည့် ပြီး ရေလျှံနေကြတယ်လို့ ထင်ပုံရပါတယ်၊ အဲ့ ဒီအခါမှာ လူတန်းစေ့ မလို့ ကြံခါရှိသေးတဲ့ မိဘ ၂ ပါးက မချေးလိုက်ဘူးပေါ့ ။ အဲ့ ဒီမှုာ ငွေလာချေးတဲ့  မိသားစုက ရှိရဲ့ သားနဲ့ မချေးလိုက်ရကောင်းလားဆိုပြီး အကြီးအကျယ် စိတ်ကောက်သွားပြီးမခေါ်နိုင်မပြောနိုင် ဖြစ်သွားတာ ဆယ်စုနှစ်တွေနဲ့ ချည်ပြီးကြာပါတယ်။
ကျနော်ကတော့  ငယ်သေးပေမယ့်  အဲ့ ကတည်းက တောင်တောင်အီအီတွေးနေတတ်တာ ၀ါသနာစနေပြီဖြစ်လို့  ပိုက်ဆံမချေးလိုက်တဲ့ သူကို ပိုက်ဆံလာချေးတဲ့ သူက ပိုက်ဆံ မချေးလိုက်ရ ကောင်းလား လို့ အပြစ်ဖွဲ့ သွားတာ အတော်ထူးခြားတဲ့ စိတ်သဘောတွေပဲလို့ ကိုယ့် ဟာ ကိုယ် ဘေးကနေ တွေးနေတတ်ပြီ..(နဲနဲတော့ ရယ်မိပါတယ်ပေါ့  ကလေးပီပီ စိတ်အတင်းချပုံက အဲ့ လူတွေ သူတို့ ငွေတွေလာအပ်ထားလို့  အဖေတို့ က ဘတ် ထားတယ် ဆိုရင်လည်း စိတ်ဆိုးတာ ဟုတ်သေး ဘာညာပေါ့  ) ..
အဖြစ်အပျက် ၂
------
ကျနော်အဖေက ကျောက်ကပ်ပျက်လို့  စက်နဲ့  စဆေးနေပါပြီ...ကမ္ဘာမှာရောဗမာပြည်မှာပါ ကျောက်ပ်ဆေးတယ်ဆိုတာ ငွေအလွန်ကုန်တဲ့ ရောဂါပါ..ပြီးတော့  မသေမချင်းဆေးရမယ့် ရောဂါပါ။ ဒါကြောင့် ကျောက်ကပ်စဆေးပြီလို့ ဆိုတာနဲ့ လမ်းက ဘော်ဒါက လူကို သနားသလိုလိုကြည့် ပြီး ကျောက်ကပ်ဆေးပြီဆိုရင် ခြံရှိခြံ ကားရှိကားပြုတ်ကုန်တာပဲလို့  သတင်းပေးသလိုလို မင်းတို့ ဘယ်လောက်ဆေးပေးနိုင်မလဲ ထောက်လှမ်းသလိုလိုတောင် ပြောသွားပါသေးတယ်၊ သူပြောတာလဲ လုံးဝအမှားလို့ မဆိုနိုင်ပါဘူး ၄ နှစ်တာကျောက် ဆေးသွားလို့  သုံးလိုက်ရတဲ့ ဆေးစားရိပ်ဟာ ပုံမှန်ကွန်ဒိုတစ်ခန်းစာလောက်နီးပါးရှိပါတယ်။
ဒီလိုစားရိပ်ကြီးလွန်းလို့  ကျောက်ကပ်ဝေဒနာသည်တစ်ယောက်ကို လက်တွေ့ ကုပေးခဲ့ ရတဲ့ မိသားစုတွေအဖို့  ကျောက်ကပ်အစား ကင်ဆာရောဂါကမှတော်သေးလို့ တောင် စိတ်ဝင်မိပါတယ်.. အကြောင်းက ကျောက်ကပ်တကယ်ပျက်လို့  တကယ်ဆေးရပြီဆိုရင် ဆေးမြီးတို မရှိတော့  တိုင်းရင်းဆေးမရတော့ ပဲ စက်တင်ဆေးမှတစ်ပါး တစ်ခြား လမ်းမရှိဖြစ်သွားပြီး ကင်ဆာမှာတော့  ဘိုလိုဆေးစားရိပ်ဖိုး မရှိရင် တိုင်းရင်းဆေး၊ တိုင်းရင်းဆေးဘိုးတောင်မနိုင်တော့ ရင် ကိုယ့် ဟာကိုယ် ဆေးကျမ်းလှန် ဆေးမြီးတိုတွေနဲ့ ဆက်ကုလို့ ရနိုင်သေးလို့ ပါပဲ......
အဲ့ ဒီ့ အချိန်မှာ အမျိုးထဲက ဘကြီးတစ်ယောက်က ငွေ ၅ ပုံးပိုက်ပြီး လိုရာသုံးဖို့ ကျနော့် ကိုလာပေးပါပါတယ် ရွှေ ၁ကျပ်သား၁သိန်းဝန်းကျင်ကာလပေါ့ ၊ အနှောင်အတည်းမပါပါဘူး၊ ဒါပေမယ့်  ကျနော်က ကြွေးကြောက်ပါတယ်၊ မိဘတွေ ကုန်သည်ဘ၀မှာ ရစရာတွေ ပေးစရာတွေရဲ့ ကြွေးသောကသဘောကိုလည်း မြင်ခဲ့ ရလို့  အဲ့ လို စီးပွားကြွေး သဘောကဖြစ်လာတဲ့ သောကသဘောတွေကိုလည်း ကြောက်သလို လူမှု့ သဘောကြောင့်  ဖြစ်လာတဲ့ ''ကျေးဇူးကြွေးကိုတော့ ပိုကြောက်ပါတယ်.''.
လူမှု့ ကျေးဇူးကြွေးဟာ ရုပ်ဝတ္ထုသဘော '''ငွေနဲ့ တိုင်းတာလို့ မရတဲ ''့ ''စေတနာ ''သဘောတွေပါလို့ ပါ..။ .ကျေးဇူးကြွေးကို ယူမိရင် ပြန်မဆပ်ဖြစ်တောင် မကန်းမိဖို့ က လိုတယ်လို့ လည်း ခံယူ ထားမိ ပါတယ်..ပြီးတော့ ကျေးဇူးကြွေးဆိုတာ အလွယ်ယူမိထားလိုက်မိလို့  ပြန်ဆပ်ရတာခက်တတ်တဲ့ အခြေအနေတွေကြုံလာရင် လူဟာ ထွက်ပေါက်မရှိ ချောင်ပိတ်သွားနိုင်ပါတယ်ဒါကြောင့်  လူမှု့ ကျေးဇူးသဘောဆောင်လာတဲ့ ကြွေးမျိုးတွေ မယူမိအောင်နဲ့  ယူမိတဲ့  အခြေအနေ မရောက်အောင် အတတ်နိုင်ဆုံးနေနေတဲ့ အချိန်ဖြစ်နေပါပြီ......
ဒီတော့ ဘကြီးရဲ့ ငွေကို ငြင်းပယ်လိုက်ပါတယ်..ငြင်းပယ်ရဲဖို့ ခွန်အားကလည်း ကိုယ့် နောက်မှာ ကိုယ့် ပြီးရင်ပြီးမယ့် စိတ်ညီတဲ့ မောင်နှစ်မတွေရှိနေလို့ ပါပဲ အကုန်လုံးက လိုအပ်ပြီဆိုရင် ရှိသမျှ ရောင်းတုတ်ဆေးကုပေးဖို့ ဝန်မလေးကြပဲ အသင့် အနေအထားမှာရှိနေလို့ ပါပဲ...
ဒါ့ အပြင် ဘ၀ဖြတ်သန်းမှု့ အရ ဖြစ်လာတဲ့ ဘ၀ပေး အသိတွေကလည်း ''ကိုယ်မှာကြုံလာသမျှ ကိုယ့် အကြောင်းနဲ့ ကိုယ်ပါပဲ ''' ဘယ်သူကိုမှ ငိုမပြဘူးဆိုတဲ့ စိတ်တွေ ကိုယ်စီမှာ ရှိနေတာ နဲ့  ကိုယ်ဝန် ကိုယ်ထမ်း ကိုယ့် ခရီး ကိုယ်ချီတက်ပြီး ကိုယ့် ရှိသမျှ စွမ်းဆောင်နိုင်ရည် ခွန်အားချိန်ရင်း ၀မရှိရင် ၀ိမလုပ် ပဲ ကိုယ်လမ်း ကိုယ်လျှောက်ကြတော့ တာပါပဲ.ကိုယ့် ကြောင့်  သူများတကာ ဒုက္ခမရောက်စေရဆိုတဲ့ မူဝါဒနဲ့ ပေါ့ ...ပရဟိတတွေ အားသွန် မလုပ်ပေးနိုင်တောင်........
.'''ကမ္ဘာမြေကို ဒုက္ခ မပေး သူဖြစ်ရင် တောင် မဆိုးပါဘူးဆိုပြီးတော့ ပေါ့ '''.။
Labels:
အတွေးစာများ..
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..