ကိုယ်ကိုယ်တိုင် စစ်သွေးကြွ
--------------
IS က စစ်သွေးကြွကောင်က သူတို့ ဖမ်းမိထားတဲ့  ဂျော်ဒန်က စစ်တိုက်လေယာဉ်မှုးကို သံလှောင်အိမ်ထဲထည့်  ဓါတ်ဆီတွေ လောင်းထား အဝေးကနေ မီးစနဲ့ တို့ လိုက်တော့  မြေပြင် တစ်လျှောက် မီးတန်းကြီးပြေးသွားပြီး ဓါတ်ဆီတွေ ဆွတ်ထားတဲ့ အဲ့ စစ်တိုက်လေယာဉ်မှုးကိုယ်ပေါ် ''၀ုန်း''ကနဲဆိုပြီး သွားထိ မီးထတောက်ပုံများ လူမီးလျံကြီးပေါ့ ...အားပါး အရက်စက်ဆုံးတွေထဲက အရက်စက်ဆုံးပါလားပေါ့ လေ. သားစားအရိုင်း တောကောင်တွေလို့ ဆိုတဲ့  ခြင်္သေ့ ကျား ၀ံပုလွေမြေခွေးတွေတောင် အဲ့ လို့ မလုပ်တာဖူး..ယုတ်အစွဆုံး ဒရက်ကူလာဆိုတာတွေ သရဲတစ္ဆေတွေလည်း အဲ့ လို့ လုပ်သတ်တာ တွေ့ ဖူးပါဘူးဗျာ.......
ကမ္ဘာတစ်ခွင်ပြဲပြဲစင် သတင်းပရိပ်သတ်အပေါင်း သူတော်ကောင်းကြီးတို့ တွေ ၀ိုင်းအော်လိုက်တာ ကျွက်ကျွက်ကိုညံသွားတာပါပဲ....ဂျော်ဒန်ခေါင်းဆောင်တွေဆိုတာ ဒေါသထွက်လွန်းလို့  အသားကို တဆတ်ဆတ်တောင်တုန်လို့  ( အဟိ..သွားကြည့် ထားသလိုလို ခိခိ)...အဲ...ပေါက်ကွဲပြီး ငါ့ နဲ့ ဘာသာတူ ဘရားသားဟုဒ်တွေဘာတွေ မရှိတော့ ဘူး လက်စားခြေမယ်ဟေ့  ထမင်းသာ ကောင်းကောင်း စားထားကြ..အဲ မှားလို့ ..အမဲသား သစ်ကုလားအုပ်သား ကောင်းကောင်းစားထားကြဆိုပြီးဖမ်းမိထားတဲ့  မိန်းမစစ်သွေးကြွကို နာရီပိုင်းအတွင်း ကိ..၊ '' ၀ရောာာာ '' ''' ၀ရောာာာ ''' နဲ့  စစ်လေယာဉ်ကွင်း တွေကနေ တိုက်လေယာဉ်အုပ်တွေ ပျံတက်ပြီး အားရပါးရ သွားလက်တုန့် ပြန်တော့ တာပေါ့ ...
ဒါပေသိ..အဲ့ လို ရက်စက်လွန်းတယ်ဆိုတဲ့  လူ အရှင်လတ်လတ်ကြီးကို လူတွေကပဲ မီးရှို့ သတ်ဖြတ်တာ အခု မှသာ မြင်ဘူးကြုံဘူးတွေ့ ဘူး သလိုလို ၀ိုင်းအော်နေတာ ကျနော်တို့ က ငယ်ငယ်က ကြည့် ရတဲ့ ရုရျားတွေရဲ့  တပ်နီတော် နဲ့ မဟာမိတ်တပ်တွေရဲ့ နောက်ဆုံးတိုက်ပွဲလို့ ဆိုရလောက်မယ့်  '' ဘာလင်မြို့ သိမ်းတိုက်ပွဲ ''' လို ဒုတိယကမ္ဘာစစ် စစ်ကားတွေထဲက စစ်ပွဲတွေမှာ မြင်ဘူးလိုက်ခဲ့ ပြီးပြီ...။ အဲ့ မှာ တစ်ဖက်က ရန်သူကို မီးပန်းလက်နက်နဲ့  မီးလှမ်းရှို့ သတ်တာ ၂ နည်းဗျား...
တစ်နည်းက စစ်သားတစ်ယောက်ချင်းရဲ့ ကျောပေါ်မှာ (၀ါစိုက်ခင်း ပိုးသတ်ဆေးဖြန်းကရိယာကျော်ပိုးပြီး ဆေးဖြန်းသလို ) ဂက်စ်အိုး ကိုပိုးထားပြီး လက်ကနေ ချောင်တွေအကွယ်တွေမှာပုန်းနေတဲ့ ရန်သူကို လှမ်းပြီးမီးနဲ့ ပန်းတာ..မီးတန်းရှည်ကြီးက ပြေးထွက်သွားပြီး.ရန်သူ့ ကိုယ်ပေါ်မှာ ၀ုန်းကနဲ ဆိုပြီး မီးတွေထတောက်..ထွက်ပြေး ကောက်ကွေးသေ...ပေါ့  (စစ်တပ် ၂ ဖက်စလုံးကသုံးတာချည်းပါပဲ..) ။.
...နောက်တစ်နည်းက တင့် ကားလို ကားပေါ်ကနေ မီးအမြှောက်နဲ့  ၁၅ပေ ပေ ၂၀လောက်အကွာကို မီးပန်းလက်နက်နဲ့  အမြှောက်ပစ်သလို လှမ်းပစ်တာ မီးတောက်တန်းကြီးက အရှည်ကြီး ..အမယ်...လှမှလှ...၊ အဲ့ မီးတန်းကြီးက ပုန်းနေတဲ့ ရန်သူတွေ ကိုယ်ပေါ်ကိုသွားထိ..ရန်သူတွေ မီးတောက်ကြီးတွေ တစ်ကိုယ်လုံး လောင်နေရင် တန်းလန်း ထွက်ပြေးလာ လဲကျသေပုံများ တွန့် လိမ်ကောက်ကွေးပေါ့ ...အဲ့ တုန်းကတော့  ရက်စက်လှချည့် လားလို့  စိတ်ထဲမထင်မိတဲ့ အပြင် အားကိုရလို့  ရန်သူတွေကို သတ်ဖြတ်တာကိုး....
အဲ့ ရုပ်ရှင်တွေကိုကြည့် နေချိန်မှာ ကိုယ်နိုင်စေချင်တဲ့ သူတွေလုပ်သမျှကို အားတွေ ၀ိုင်းရနေပုံက ကိုယ်ကိုယ်တိုင် စစ်သွေးကြွလို ဖြစ်နေတာ သတိမထားမိပါဘူးဗျားး...။....
-------------------------------------------------------------------------------------
.စစ် ဆိုတာ စစ်ပဲလေ...
----------------------
ဓမ္မသဘောမှာ အယူခံဝင်တာ လျှော့ ရက်တွေ လွတ်ငြိမ်းချမ်းသားခွင့် ဘာညာ ရှိပုံမရဘူး..ကိုယ့် အပြုအမူအတိုင်း ကွက်တိပြန်လာပုံရတယ်..ပြန်လာချိန်ပဲ တစ်ယောက်နဲ့ တစ်ယောက် နဲနဲကွာပုံရတာ... ဗီယက်နမ်စစ်ပွဲတုန်းက အပြန်အလှန်ဆော်ကြတာပါပဲ..နောက်တော့  စစ်ပြီးရောဆိုပါတော့ ..
အဲ့ တုန်းက အမေရိကားကလည်း သူနိုင်ဖို့ ဆို အဲ့ ခေတ်က အရက်စက်ဆုံးနည်းတွေ နဲ့ စစ်တိုက်သလို
ဟိုဖက်ကလည်း ပြန်ဖဲ့ ပြီး အကျဉ်းသားမိရင်နှိပ်စက်ပုံက ဂျပန် ကင်ပေတိုင်ရဲ့ ဘိုးအေလားပဲ....အဲ့ လိုတွေ ဗီယက်နမ့် တုန့် ပြန်မှု့ က လက်စောင်းထက်လေ အမေရိကန်မြေလှန်ပုံကလဲ ကြမ်းကျုတ်လာလွန်းလို့  ကမ္ဘာတစ်ခွင်ကလည်း ရက်စက်လှချည့် လားလို့  ၀ိုင်းအော်...သူ့ နိုင်ငံဒေသမှာကို သူ့ နိုင်ငံသားတွေ ကိုယ်တိုင်က စပျစ်သီးတွေပါ ပါလာပြီး စစ်ဆန့်ကျင်ရေးတွေ ဘာတွေဖြစ်လာတယ်...ထားတော့ ..စစ် ဆိုတာ စစ်ပဲလေ...
စိတ်ဝင်စားစရာကောင်းတာက စစ်ပြီးတဲ့ အချိန်မှာ ဆေးသမားတွေဖြစ်သွား ရူးသွား ကယောင် ခြောက်ခြားဖြစ်သွား အိပ်မက်ဆိုးတွေညတာရှည်ပြီး အရက်ကြောင် အရက်သမားတွေအဖြစ်နဲ့ ဘ၀ လေလွင့် သွားတဲ့ အမေရိကန်က ဗီယက်နမ်စစ်ပြန်စစ်သားတွေ ဖြစ်သင့် တဲ့ အတိုင်း အတာထက် တော်တော်ကြီးကိုများလွန်းတာ သတိမထားမိပဲမနေနိုင်သလို
ဗီယက်နမ်မှာလည်း ဒီနေ့အထိမိုင်းကွင်းတွေ မရှင်းသေးတာ စစ်ပြီးခေတ်မွေး ကလေးတွေ တော်တော် များများ ဒေါင်းရောဂါသည် ကျပ်မပြည့် ကလေးတွေ ပဒုမပေါင်တိုလေးတွေ မြေယာတွေ အများစုက ဓါတုဗုံးလက်ချက်နဲ့  ဘာစိုက်စိုက် အဆိပ်သင့် ဓါတ်ပါလာတဲ့ သီးနှံတွေဖြစ်နေလို့ ကလီစာတွေမှာ ရောဂါဆန်းတွေ ထူနေကြတာတွေကလည်း ဖြစ်သင့် တာထက် ပိုနေတာက အံ့ သြလောက်စရာ ကိန်းဂဏန်းတွေနဲ့ ပဲ...
ကိုယ့် ဆန္ဒပါပါ မပါပါ အချိန်အခါရောက်လာလို့  စစ်ထဲပါဝင်ပတ်သက်ခဲ့ တဲ့  နှစ်ဘက်လူထုသာ ဘ၀တွေ ဖယိုဖရဲ ဖြစ်ကုန်တာ...ခုတော့  ၂ နှစ်ငံ လူကြီးတွေက ချီးယားးးးခွပ်...၊ ကမ်းပေ့ ...ချလွမ်;;;နဲ့  ဖန်ခွက်နှုတ်ခမ်းချင်းတိုက်ပြီး ရွှေလမ်းငွေလမ်းထလုပ် ..တရုပ်နဲ့ ဗီယက်နမ်က မတည့် တော့ ပြန်.ဟန်ဆောင်ပေါင်းနဲ့ ...
အင်းးး..ဆတ်ဗေဆတ်ဒါကန်မဆဒါလို့ ပဲငြီးရမလိုလို...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..