'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Sunday, February 15, 2015
''စိတ်'' ''ရပ်ကွက်ထဲမှာလေ..'' ''စာ ''
စိတ်
-------
♭♫ ∮
စိတ် စိတ် စိတ်တွေဟာ အငြိမ်မနေတတ်တဲ့ မျောက်ထက်ကဲတဲ့ အကြောင်းး...
ကျွန်ုပ်..ကျွန်ုပ်..ကျွန်ုပ်..တို့ တွေကို ဆင်ခြင်နိုင်ဖို့ တဲ့ ထားရစ်ခဲ့ သတိစကား
ကြားဖူးပေမယ့်  မေ့ခဲ့ တယ် သြော်..အဖြစ်တစ်ခုကြုံလို့ သတိရလာပြီ...♭♫ ∮
စိတ်ကူးမိတဲ့ ဘာဘူကြီး.အဲ..အရာကြီး တစ်ခုဖြစ်လာဖို့  စိတ်ကူး (သို့ ) အတွေး ၁ % ၀ီရိယ ၉၉ % ဆိုတဲ့  လက်တွေ့ ထလုပ်လိုက်ပါလို့  တွန်းအားပေးတဲ့  စကားဟာ အတော်လေးကို ထင်ရှားသွားပါတယ်...။ ထောင့် ပြောင်းကြည့်  သမား တွေကလည်း..၉၉ % ၀ီရိယ အားထုတ်ဖြစ်အောင် ၁ % စိတ်ကူး (သို့ ) စိတ်ကူး စိတ်သန်း တစ်ခု (သို့ )...အတွေးတစ်ခု စတင် မတွေးမိပဲ ဖြစ်မလာနိုင်ပါဘူးလို့  ပြန်လည် ချေပကြပါတယ်..
သဘောက စိတ်ကူး စိတ်သန်တွေ တွေးတောနေတာတွေ ဆန္ဒတွေ လိုလားမှု့ တွေ အရင် မဖြစ်ပဲ လက်တွေ့ ဖြစ်မလာပါဘူး သဘောပေါ့ ...ဆိုလိုတာက သထိမ်းမင်း ဖြစ်သွားတဲ့  လူတစ်ယောက်မှာ ပထမဆုံးသူ့ စိတ်က ဖြစ်လာတာက သထိမ်းမင်း အရမ်း အရမ်းကိုဖြစ်ချင်နေတဲ့ စိတ်ပါတဲ့  အဲ့ စိတ်ကြောင့်  သထိမ်းမင်းဖြစ်ဖို့  ဘော'မ'တတ်ဖို့ လိုမယ် မျက်နှာပြောင်ပေးဖို့ လိုမယ် လိုအပ်ရင် တက်နင်းရဲဖို့  ငိုပြတတ်ဖို့  စသဖြင့် နည်းလမ်းအသွယ်သွယ်တွေကို စွန့် ဦးရှာဖွေတွေ့ ရှိပြီး လက်တွေ့  စအကောင် အထည်ဖေါ်လိုက်မှသာ..သထိမ်းမင်းဖြစ်လာတယ်လို့ ဆိုပါတယ်...
ဒီတော့ သထိမ်းမင်းတစ်ယောက်ဖြစ်လာဖို့ က သထိမ်းမင်း အလွန် အမင်းဖြစ် ချင်နေလိုတဲ့  စိတ်ဆန္ဒရှိဖို့ က ပထမဆုံး လိုအပ်ချက်ပါလို့ ဆိုတဲ့ သဘောပါလို့ ဆိုတဲ့ သဘောပါတဲ့ .....ဟတ်ကဲ့  မဟာသထိမ်းမင်း အရမ်း အရမ်းကို ဖြစ် ချင် နေ ပါတီ....အဲ...ဖြစ်ပဲဖြစ်ချင်နေတာ ဖြစ်ပါတီ..အဲ့ လို စိတ် ဖြစ်ပေးရတာတောင် နဲနဲ ပျင်းနေပါတီ.....ငိငိ..
========================================
ရပ်ကွက်ထဲမှာလေ...
----
ဇာတ်လမ်းအစက ဂလိုဗျ...အသက်ဆိုတဲ့  နော့် ရီးစားဟောင်းလေး..အဲ..မှားလို့ ...အိမ်မှာလာပြီး မိန်းမချင်း အတင်းချနေတာ အဲ့ ဒါ ကျနော်က အပေါ်ကနေကြားလိုက်ရတဲ့  အကြောင်းတွေကို သတင်းလိုလိုနဲ့  အတင်းထပ်ဆင့် ချရရင်ပေါ့ ဗျာ..ငိငိ..၊
အဲ့ အမျိုးသမီးကြီးအတင်းတုတ်နေပုံက ...''သူ့ ယောက္ခမ အမကြီးကိုတဲ့  မနက်က ထမင်းကြော်လေး ကြော်ကျွေးတာတဲ့  တစ်ပန်းကန်ကြီးလည်း ကုန်အောင်စားသေးတယ်တဲ့  ပြီးတော့ မှ နင့် ထမင်းကြော်က ရင်ခံတယ်လုပ်တယ်တဲ့ ..
အဲ့ ဒါရှင်တဲ့  အသက်ပဲ ၇၀ကျော် သေခါနီးနေပီ ကွကိုယ် ချင့် ချိန်စားပေါ့ တဲ့ ကျမကပဲ သူ့ ကို ထမင်းကြော်ကျွေးပြီးသေအောင်သတ်သလိုလိုနဲ့ တဲ့  မတည့် ဘူးမစားနဲ့  တားရင်လည်း ဒါလေးတောင် မသထာဘူးလို့ ပြောခံရဦးမှာတဲ့  အသက်ပဲ ဒီလောက်ကြီးနေပီ အသိတရားက မရသေးဘူးတဲ့ ...ကြိုက်လို့ တနင့် တပိုးစားပြီးရင်လည်း ကွကိုယ် ဆေးသောက်ပေါ့ တဲ့  ကျမက ကလေးလိုဆေးပါ သူ့ ပါးစပ်ထဲခွံ့ ပြီး လိုက်တိုက်ရမှာလား လေဖြတနေတယ်ဆိုလည်းထားပါတော့  ခုက စားပြီး သူများအိမ်တွေလျှောက်လည်း တစ်မျိုးလုံးအတင်းချ နေတာ အကောင်ကြီး တ့ဲ့ .မနက်ထမင်းဟင်းလည်းချက်ရသေး ကလေးကျောင်းပို့ ဖို့ လည်းပြင်ရသေး အလုပ်အချိန်မီဖို့ လည်း ကမန်းကတန်းလုပ်နေရသေးတယ် အစ်မရာ ပိတ်ရက်လည်း ကျမမှာ မနားရဘူး...တစ်အိမ်လုံးအ၀တ်တွေလည်းလျှော်ရသေးတယ်လေ.. သူ့ သားလုပ်စာသာ စားနေရရင် ဘယ်လောက်တောင် အပြစ်ပြောမလဲ မသိဘူးအစ်မရာတဲ့  သူ့ တစ်ခြားသားသမီးတွေက ကျမလောက်တောင် သူတို့ မအေကို လာကြည့် တာမဟုတ်ဖူး ကျမကသာ ဒိုင်ခံ....♪ ♫ ♪♫ ♪.☮ ♬ ♪ ♩ ♭ ♫ ♪♫ ♪ ♫ ♪♫ ..ခ်ခ်...ဂီတသံတွေကိုမနဲဘူး..နားဆင်လိုက်ရတာ...ဟီးးးး...
==========================================
စာ
--
စာလော်ဘီသဘောက ကြောက်စရာကောင်းတာ ကိုယ်တွေ့ ပဲဗျ..ဘရိမ်းကို အတော်ထိတယ်..ဆိုပါတော့  ဗကပ ကို အတော်လန့် သွားတာ ဘယ်ကစလဲလို့ ပြန်စဉ်းစားတော့  ငယ်တုန်းက အတော်ကြိုက်ခဲ့ တဲ့ သခင်သန်းထွန်း၏ နောက်ဆုံးနေ့များစာအုပ်ကနေ စလန့် တာ လို့ ကွကိုယ်တော့ ဆိုနိုင်မယ်
သူ့ စာအုပ်ထဲက အဖြစ်အပျက်တွေက မှန်လားမမှန်လား ကိုယ့် ဖြုတ်ဦးနှောက်လေးနဲ့ မဝေဖန်နိုင်ဘူး..ဒါပေမယ့် သရုပ်ဖေါ်ရေးသားချက်က ပြောင်မြောက်လွန်းတော့ ကိုယ့် မျက်စိရှေ့ တင် ၀ါးဆစ်ပိတ် ၀ါရင်းတုတ်နဲ့ ရိုက်သတ်နေသလိုလို ဖြုတ်ထုတ်သတ် လမ်းစဉ်ကြီးဖြစ်နေသလိုလိုပေါ့ ..အဲ့ မှာ စလန့် တာပါပဲ...
တကယ့် တကယ် ကွန်မြူနစ်ဇင် ရဲ့ မူဝါဒ သဘောတရား ဂဃနဏ တကယ်သိလား ပြန်တွေးရင် အရင်းကျမ်းတောင် စုံတကာစိ မဖတ်ဖူးပါဘူး..ကြာဖူးနားဝ တွေရယ် ကွန်မြူနစ် လမ်းစဉ်ကျင့် သုံးနေတဲ့ နိုင်ငံတွေရဲ့ အကြောင်းတွေ အမေရိကားက ကြောက်ပြနေပုံတွေရယ် စောစောက စာပေတွေဖတ်ပြီး ဗကပလား ကွန်မြူနစ် စနစ်လား နိုး..ဟင့် အင်း တွေ ဖြစ်ကုန်တော တာပါပဲဗျာ..အခုကောကြိုက်လား မေးတော့  ဟင့် အင်းပဲ..ဘာလို့ မကြိုက်သလဲ သူတို့  လမ်းစဉ်အကြောင်း ဘာသိလဲ မေးရင် အသေအခြာတော့ မသိဘူး ဒါပေမယ့် ကြိုက်ဖူး ပဲ....ဟီးးး.
.
ဆိုရှယ်လစ်ရောမေးရင် စာပေ မလိုတော့ ပါဘူး...စနစ်အကြောင်းက ကျောင်းမှာ P.S သင်ခဲ့ ရလို့  စာထဲက စနစ်အရတော့  နေစကြ်ာဝဠာကြီးမှာ သူ့ ထက်ကောင်းတဲ့  စနစ်တောင် သူ့ လောက်မကောင်းဘူး ပြောရမလိုလို ညွှန်းချက်က...လက်တွေ့ မှာတော့  ကြားတော်မူမြင်တော်မူတဲ့ အတိုင်းပဲ သစ်စ အစ်စ အေဘုတ်ခ ပဲ....ဒါနဲ့ မကြာခင်က ဖြစ်လာပြန်တဲ့ ပွင့် လင်းခေတ်အစဆိုတဲ့ နှစ်ဦးတွေမှာ အဲ့ ဒီ့  သခင်သန်းထွန်း၏နောက်ဆုံးနေ့ များစာအုပ်ကြီးရဲ့  အဆက်လိုလို ဘာလိုလို ထွက်လာပြန်တော့  ဒီတစ်ခါတော့ နပ်သွားပြီ...ပိုက်ပိုက်တောင်အကုန်မခံတော့ ဘူး စာအုပ်ဆိုင်သွားတိုင်း အပြီးလှန်လှော ကျော်ခွဖတ်ခဲ့ လိုက်ရော..ပြီးတော မေ့သွားရော...ဟဲဟဲ...အသက်ပိုင်းက မတူတော့  ဘ၀အတွေ့ အကြုံတွေက မတူတော့ ဘူးလေ...
Labels:
အတွေးစာများ..
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..