'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Sunday, February 15, 2015
သံမဏိစိတ်ဓါတ်
သံမဏိစိတ်ဓါတ်
---------------
''လူသတ်လက်နက် မကိုင်စွဲပဲ အတွေးအေခ်ါကို အတွေးအခေါ်နဲ့ တိုက်ရတာလောက် ခက်ခဲလွန်းတာ အချိန်ယူရတာ ရှိပါ့ ဦးမလား...တော်ယုံ့ ဇွဲစိတ်နဲ့  ရပါ့ မလား..'''
ဆိုပါတော့  ဆြာတော်အဆက်ဆက် လူပညာရှိအသီးသီးက တိုက်လာတဲ့  မမှန်တဲ့ အယူတွေပါဆိုတဲ့  ရိုးရာဓလေ့ လို့ ဆိုတဲ့  နတ်ကိုးကွယ်မှု့ ကို ပုဂံခေတ်ကတည်းကစပြီး ခေတ်အဆက်ဆက် တိုက်လာတာ ဒီနေ့အထိ ဘယ်မှာ အမြစ်ပြတ်လို့ လဲ ဆိုတာကြည့် ရင် ထင်ရှားတယ်...။
လောကဟာ အနတ္တပါဆိုတာတောင် အတ္တပါဆိုတဲ့  ၀ါဒ (သို့ ) ငါ့  ဆိုတဲ့ သဘောက ပိုပြီးကြီးထွားမနေပါဘူးလား..။ တစ်ချို့ အတွေးအခေါ်တွေကို အတွေးအခေါ်နဲ့ တိုက်တယ်ဆိုတာ လူ့ သက်တမ်း တစ်ဆက် နဲ့ မလုံလောက်လို့  မျိုးဆက်သက်တမ်းတွေနဲ့ ချီပြီးတိုက်ရတဲ့ သဘောကိုလည်း မြင်နိုင်သလို .......
တစ်ချို့ အတွေးအခေါ်တွေကတော့  လူ့ တစ်သက်တာ အတွင်းလောက်မှာပဲ တောက်ပ ထင်ရှားလာပြီး အဲ့ တစ်သက်တာအတွင်းလေးမှာတင် ပြန်လည် တိမ်မြုတ် ကျဆုံးသွားတာလဲတွေ့ နိုင်တယ်...
ဆိုလိုရင်းက အတွေးအခေါ်ကို အတွေးအခေါ်နဲ့ တိုက်ရတယ်ဆိုတာ လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲဆင်နွှဲရတဲ့ သဘာဝနဲ့ မတူဘူး..ပိုခက်ခဲတယ် ပိုပြီး စိတ်ဇွဲတွေကြီးမှ ဖြစ်နိုင်တယ်.ပိုပြီး နှလုံးရည်ပြည့် မှဖြစ်နိုင်တယ်...လူသာသေရင်သေပါစေ... ငါ မှန်တယ်လို့  ကိုင်စွဲထားတဲ့  အတွေးအခေါ်စိတ်ဓါတ်က ငါ့ အသက်တည်သ၍ မသေစေရ ဆိုတာမျိုးဟာ အလွန်ကြီးမားတဲ့  သံမဏိစိတ်ဓါတ်မျိုး ရှိမှဖြစ်နိုင်တယ် ။
...မြင်သာယုံလေးတို့ ထိကြည့် တာပါပဲ...။
Labels:
အတွေးစာများ..
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..