Powered By Blogger

Sunday, February 15, 2015

'' သူ့ အိုးနဲ့ သူ့ ဆန် ''


သူ့ အိုးနဲ့ သူ့ ဆန်
------
မြန်မာစကားရဲ့ ဆုံးမပဲ့ ပြင်မှု့ တွေ လမ်းညွှန်ပြမှု့ တွေဟာ အများအားဖြင့်  '' သူ့ အိုးနဲ့ သူ့ ဆန် ''သဘာဝကို ထည့် စဉ်းစားပြီးမှ ပြောဆိုလေ့ ရှိလို့  တစ်ချို့ ငယ်စဉ်က ကြားနာမှတ်သားခဲ့ ရဘူးတဲ့ စကားပမာတွေဟာ အသက်အရွယ်တွေ ပြောင်းလဲသွားတဲ့ အခါ စောဒကတက်စရာတွေ ဖြစ်လာလေ့ ရှိတယ်...

အမှန်တော့ စောဒက တက်မိတာ (၀ါ့ ) အမြင်ထောင့် ပြောင်းသွားတာဟာ ကိုယ်ကိုယ်တိုင်ရဲ့ အသက်အရွယ်ပြောင်းလဲမှု့ နဲ့ ဘ၀အတွေ့ အကြုံတွေပိုရလာလို့ သာဖြစ်တယ်..ဘာကြောင့် လဲဆိုတော့  ငယ်တုန်းက စကားပမာကို စောဒက မတက်မိပဲ အလွယ်တကူလက်ခံထားလိုက်ပါပဲ..၊

ဆိုပါတော့  စာမကျက်လို့ ပညာမတတ်ရင် ဟိုမှာကြည့်  ဆိုက်ကားနင်းစားနေရမယ်လို့  ခြိမ်းခြောက်ခံရတဲ့ အသက်ဟာ မူလတန်း ကလေးတွေ အရွယ်ကိုသာရပါတယ်ပေါ့ ..ကျောင်းပြီးခါနီးလူငယ်အရွယ်ကို သွားပြောရင်ဟာသပေါ့ ၊ အဲ ကျောင်းပြီးခါနီးလူငယ်ကိုလည်း အဲ့ ဒီလို စာမကျက်ရင်ဆိုက်ကား နင်းရလိမ့် မယ်လို့  ဘယ်အဖေအမေ အဖိုအဖွားက အဲ့ လိုလာခြိမ်းခြောက်လေ့ မရှိတော့ ပါဘူး..အကြောင်းက မူလတန်း ကလေး မဟုတ်တော့ လို့ ပါပဲ...


သဘောက သစ်ချောင်းတွေကို စုစည်းပြီး ဒူးတင်ချိုးလို့ မရတဲ့ ဥပမာပြပြီး ''စည်းလုံးးခြင်းသည် ခွန်အားဖြစ်တယ် '' ဆိုတာ ကို မူလတန်း အလယ်တန်း နုနယ်သေးတဲ့  ဥာဏ်ရည်အဆင့် လောက်အတွက် လိုအပ်တယ်..အသက်ရသွားရင်တော့ ဒီပုံပြပြီးပြောပြ နေစရာမလိုတော့ ဘူးပေါ့ ..အဲ့ ပုံပြင်ကိုပဲ လွှစက်နဲ့ ဖြတ်လိုက်ရင်ဒူးတောင်မနာတော့ ဘူးလို့ တွေးပြတာဟာ  အသက်အရွယ်ပြောင်းလဲလာတာရယ် ဘ၀အတွေ့ အကြုံတွေ ပိုရလာချိန်မှာမှ တွေးမိတဲ့ သဘောပါပဲ..။

ရှေးလူကြီးတွေရဲ့ အမှာစကား ပမာစကားအများစုဟာ သူတို့ ရဲ့ ဘ၀အတွေ့ အကြုံတွေနဲ့   ဗုဒ္ဓစာပေတွေ ထဲက ဇာတက အဖြစ်အပျက်တွေ နဲ့ ပေါင်းစပ်ပြီး ထွက်လာတာများပုံရပါတယ်..ဒါကြောင့်  သူတို့ ဟာ တစ်ဖက်လူရဲ့  အသက်အရွယ် ဥာဏ်ရည်ဥာဏ်သွေးတွေကိုချိန်ဆပြီးမှ မှာစရာရှိတာမှာတဲ့ သဘောတွေ ဖြစ်လာပုံရပါတယ်..

ဇာတက တစ်ခုထဲမှာ ညီအစ်ကို ၂ ယောက် ရဟန်းပြုတယ်၊ အစ်ကိုက အရင်ရဟန္တာဖြစ်တယ်၊ ညီက ဥာဏ်နဲတယ် အတိတ်အကုသိုလ်ကြောင့်  ၅ကြောင်းလောက်သာရှိတဲ့ စာတစ်ပုဒ်ကို ဘယ်လို သင်ပေးပေး မမှတ်မိနိုင်ဘူးဖြစ်နေတယ် အဲ့ တော့ အစ်ကိုရဟန္တာက သူ့ညီကို  ဓမ္မနဲ့ ကံပါပုံမရ လောကီမှာသာ အသက်မွေးပေတော့ ဆိုပြီး ကျောင်းကနေခွာခိုင်းတယ်..ဘုရားကဒီကိစ္စကို သိတယ် ဒီတော့  စာတိုလေးတောင် ကျက်လို့  မရလွန်းတဲ့  အငယ်ဆီကြွတယ်..လက်ကိုင်ပုဝါအပိုင်းစလေးကို ပေးပြီးအပွတ်ခိုင်းထားလိုက်တယ်..ဒါလေးပွတ်ရင်းကြည့် နေပေါ့ ..ရဟန်းငယ်လေးက ပွတ်နေရင် အ၀တ်စအဖြူဟာ မဲပေလာတယ် မူလအဖြူကနေ မဲသွားတော့ မှ ဥာဏ်ပွင့် ပြီး ရဟန္တာဖြစ်သွားတယ် အတိတ်က ရွှေပန်းတိမ်ဆရာဖြစ်ခဲ့ တဲ့ ကံအရှိန်ကြောင့် ဖြစ်တာလို အတိတ် လှန်တယ်.. ဒါ အကျဉ်း ချုပ်လိုက်တာ..ဒီတစ်ပါးသာ အ၀တ်ဖြူပွတ်ရင်း တရားရခဲ့ တာတွေ့ ရတယ်..သဘောက အတုမရှိ ဥာဏ်တော်ရှင်ဟာ ဘယ်သူ့ ကို ဘာနဲ့ ချေချွတ်ရမလဲဆိုတာ ခွဲခြားသိမြင်ပြီး နည်းပေး လမ်းပြ လုပ်သွားတာဖြစ်တယ်..

တရားရစေဖို့ ပေးသမျှ နည်းတွေဟာ တစ်ပါးနဲ့ တစ်ပါး မတူပေဘူး.လူမသေဘူးတဲ့ အိမ်က မုံညင်းဆီ အရှာခိုင်းလိုက်လို့  ရှာရင် တရား သံဝေဂရသွားတာလဲရှိခဲ့ တယ်၊ သဘောက .သူတို့ ရဲ့ ကံသတ္တိတွေ ပါရမီတွေ ဥာဏ်ရည်တွေ အလိုက် ပေးသွားတာပဲဖြစ်တယ်...ဒီတော့  ဘုရားရှင်ပေးခဲ့ တဲ့ နည်းတိုင်းဟာ အမှန်ဖြစ်ပေမယ့် ကိုယ့် ရဲ့ ဥာဏ်ရည်တွေ ကံတွေ ပါရမီတွေ အလိုက် ဘယ်နည်းနဲ့ အလုပ်ဖြစ် မလဲဆိုတာတော့ ကွာသွားနိင်မယ်။ ကိုယ်နဲ့ အလုပ်မဖြစ်တိုင်း နည်းမှားလို့ မဆိုနိုင်ဘူးပေါ့ ။

ဒီလိုပါပဲ.. '' လူဆိုတာ ငယ်စဉ်ဘဝမှာ ကိုယ့်ကိုယ်ကိုယ် ခိုင်းရတယ်၊ အဲဒီလိုမှ မခိုင်းရင် ကြီးလာတဲ့အခါ သူများ ခိုင်းတာကို လုပ်ရတတ်တယ်’''  ဆိုတဲ့ သြ၀ါဒစကားတစ်ခွန်းကြားဘူးတယ် ..ဒီသြ၀ါဒဟာ အောင်မြင်သူဖြစ်လာလိုလျင် မပျင်းဖို့ နဲ့  ၀ီရိယကိုတွန်းအားပေးတာ ကိုယ့် အားကိုယ်ကိုးဖို လမ်းညွှန်တာ အောက်ကျနောက်ကျ မဖြစ်အောင်စေတနာ စကားဆိုတာမျိုးဖြစ်ပြီး ဒီစကားရဲ့ ပစ်မှတ်က အနာဂတ်မှာ လူကြီးဖြစ်လာမယ့် ကျောင်းနေ လူငယ် လူရွယ်တွေကို ပစ်မှတ်ထားဆော်သြောပေးသွားတဲ့ လူငယ်တွေ စိတ်ဓါတ် တက်ကြွလာစေဖို့ တိုက်တွန်းတဲ့ စကားမျိုးပဲ...ပညာမတတ်ရင် ခိုင်းဖတ်ဖြစ်မယ် ဆိုတာမျိုးပေါ့ ..။ 
ဒီစကားစုဟာအရွယ်ရောက် အလုပ်ခွင်ဝင်နေပြီဖြစ်တဲ့  လူတွေတစ်ချို့ အနေအထားအတွက်တော့  မှန်ချင်မှ မှန်နိုင်ကောင်းတော့ မယ် အကြောင်းက အလုပ်ခွင်ပုံစံတွေဟာမျိုးစုံပြီးတစ်ချို့ အလုပ်ခွင်တွေဟာ အမိန်ကြော်ငြာစာတွေ  နဲ့ ခိုင်းလို့ လုပ်ရတာ..အထက်အကြီးအကဲက ညွှန်ကြားတဲ့  အမိန့် ကို ဦးလည်မသုန် နာခံရပြီး ခိုင်းတဲ့ အတိုင်း လုပ်ရတာမျိုးတွေရှိနေတယ်..ဒီထောင့် ကကြည့် ရင် သူများ ခိုင်းတာ လုပ်နေရသလိုလိုဖြစ်နေမှာပေါ့ လို့ စောဒက တက်စရာဖြစ်သွားတတ်တယ်ပေါ့ ...

ဒီလိုပါပဲ ရဲသော်မသေ သေသော်ငရဲမလား ဆိုတာ ဓမ္မရှု့ ထောင့် ကကြည့် ရင် သိပ်ကို အန္တရယ်ကြီတဲ့ စကားဖြစ်ပေမယ့်  စစ်တိုက်ထွက်မယ့် လူတွေ အတွက်ရဲစိတ်ရဲမာန်တွေ ဖြစ်လာဖို့ တိုက်တိုင်းအောင် စိတ်တွေ ဖြစ်လာဖို့ တော့ အသုံးတည့် နိုင်မယ်ပေါ့ ..ဓမ္မသဘောကတော့  ငရဲလားတဲ့ သဘောဟာ အကုသိုလ်ဆိုးတွေကျူးလွန်မိမှု့ ကြောင့် ဖြစ်တယ်လို့ သာဆိုနိုင်မယ်ပေါ့ ...

ချုပ်လိုက်ရင် စကားပမာတွေအများစုဟာ သူ့ နေရာနဲ့ သူ အသုံးပြုဖို့ သာဖြစ်ပြီး နေရာတကာအတွက်ကီးကိုက်ချင်မှကိုက်မယ် ကိုက်ချင်လည်းကိုက်မယ် မကိုက်ချင်လည်းမကိုက်ဖူးး ကိုယ့် အသက်အရွယ်နဲ့ ဘ၀အတွေ့ အကြုံတွေကြောင့်  ငယ်တုန်းက အသိနဲ့ ကြီးလာတဲ့ အသိကြောင့်  အပြောင်းအလဲဖြစ်နိုင်တယ်ပေါ့ ။


No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..