Powered By Blogger

Sunday, July 5, 2015

ဘာတွေကို ပုံပြီးယုံရဲမလဲ...


ဘာတွေကို ပုံပြီးယုံရဲမလဲ...
------------
ဘယ်လောက် ဗရုပ်သုတ်ခတွေဖြစ်နေတဲ့ လောကလဲဆိုတာ တရားရေးကရှေ့ နေတွေတောင် ဗေဒင်ဆရာတွေလောက် အမှု့ စုံရဲ့လားထင်ရတယ်....ဘယ်လောက် ရီစရာကောင်းလဲ ရှေ့ နေကြီးကိုယ်တိုင် ကိုယ်ဖြစ်နေတဲ့ တရားမမှု့ အမွေလုပွဲ ကိုယ်တိုင် လာဘ်ထိုးတာတောင် ၁၅နှစ်ရှိပြီ အမှု့ မပြီးသေးဘူး လူလည်းသေခါနီပြီ.တက်ကြွသူ စာရေးဆရာတဲ့  ဆော်လေးတွေကို ကဲပြီ ပစ်ထားခဲ့ တတ်လို့ စွာကျယ်မလေးတစ်ယောက်ထပြီးတရားစွဲလို့  တရားရင်ဆိုင်လိုက်ရပြီး နောက်ဆုံးတော့  ကျိတ်ပြီးအလျော်ပေးလိုက်ရတယ်....

ဘယ်လောကသားတွေရဲ့  ဘာလုပွဲ ညာလုပွဲတွေများ ချပြောလို့ မကောင်း ကျော်မကောင်းကြားမကောင်းတွေများ တစ်ပုံကြီး..ဓမ္မစာမေးပွဲအောင်ဖို့ ယတြာတဲ့ ...ဟာသတွေ ဟာသတွေ တစ်ပုံကြီး....မုဆိုးမဆီက ငွေချေးပြီး ပြန်မပေးပဲ လူပါ တက်ဝါးတဲ့ ကြယ်တွေ သတင်းပေါက်လာမှ ရင်းမှုးတွေက လက်သိပ်ထိုးရှင်းရတဲ့ အကျင့် ပျက် ဇာတ်ထုတ်တွေ...နတ်ဟောသမားပါတဲ့   အကြားအမြင်ဟောသမားပါတဲ့  လူများများလာအောင်လို့  ဗေဒင်ဆရာဆီမှာ ဒိုင်လျိုလေး ယတြာလာတောင်းတာတွေ....အဟာ့ ...ဘာတွေကို ပုံပြီးယုံရဲမလဲ...ဘယ်စာတွေကို ဖတ်ပြီး ဘယ်လူကို ဇာစ်မြစ်မသိပဲ ယုံရဲရမလဲ....အနတ္တတိုင်းပြည်က အတ္တကောင်တွေ တစ်ပုံကြီးရှိနေတာ....လှောင်ချင်စရာ..ရယ်ချင်စရာသိပ်ကောင်းတယ်....ကိုယ့် တိုင်းပြည်က အရှုတ်ထုတ်တွေကြောင့်   ကိုယ့် ကိုယ်တော်ရှင်မြတ်ကြီးကိုတောင် အားနာစရာကောင်းတယ်..

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..