ဆရာကြီးရဲ့ လောကဓံ သက်ရောက် ၈ ခွင် ယတြာ သီဝရီ ( ဘလော့ တစ်ခုက ပြန်ကူးလာတာပါ)
“ ပဿံသာလောကဓံ ”” တနင်္ဂနွေသက်ရောက်အတွက်ပြုလုပ်ရန်ယတြာများ
၁။ ဘဲသား နှင့် အုန်းနို့ ရောချက်၍ ဘုန်းကြီးကျောင်းတစ်ကျောင်းသို့ ဆွမ်းပို့ပါ။
၂။ အပေါ်ရုံ သက္ကန်းတစ်စုံ လှူဒါန်းပါ။
၃။ စာအုပ်စာပေ နှင့် ပတ်သက်သော အလှူပြုလုပ်ပါ။
၎။ နေအိမ်တွင် အလှူ တစ်ခုပြုလုပ်ပါ။
၅။ ဂြိုဟ်တံခွန်သက်စေ့ နှင့် အထက်ဆောင်ပန်း၊ ဆီမီး၊ အမွှေးနံ့သာများကို မိမိ၏ မွေးနံထောင့်တွင် လှူဒါန်းပါ။
““ လဘော လောကဓံ ””
တနင်္လာ သက်ရောက်အတွက် ယတြာများ
၁။ အိမ်အမိုးသွပ်များကို မိမိ တတ်နိုင်သ၍ ဘုန်းကြီးကျောင်းသို့ လှူဒါန်း ပါ။
၂။ မိမိထက် ကြီးသူ (သို့) မိဘဆရာသမားများကို စောင်(သို့) အနွေး ထည်လှူဒါန်းပါ။
၃။ ရေစက်၊ ရေတွင်း၊ ရေကန်များ မိမိခွန်အားနှင့် တတ်နိုင်သ၍ ဘုန်းကြီး ကျောင်း၊ မိဘ၊ ဆရာသမားများကို လှူဒါန်းရန်။
၎။ နီးသောခရီး တစ်ခုသွားရန်။
၅။ ထီးဖြူ သက်စေ့၊ အထက်ဆောင်ပန်း၊ ဆီမီး၊ အမွှေးတိုင်များကို မိမိ၏ မွေးနံထောင့်တွင် လှူဒါန်းပါ။
““ အယသော လောကဓံ ””
အင်္ဂါသက်ရောက်အတွက် ယတြာများ ””
၁။ မိဘ၊ ဆရာ နှင့် ဆင်းရဲနွမ်းပါးသူများကို ငွေကြေးလှူဒါန်းပါ။
၂။ မျက်စိနှင့် ပတ်သက်သောရောဂါ ဝေဒနာ ရှိသူများကို ငွေကြေးလှူဒါန်း ပါ။
၃။ ဇီဝိတ ဒါန ဆေးရုံသို့ ငွေကြေးလှူဒါန်းပါ။
၎။ မိဘ၊ ဆရာ များထံသို့ စားဘွယ်စားကောင်းများပို့ပါ။
၅။ ကြက်လျှာ သက်စေ့၊ အထက်ဆောင်ပန်း၊ ဆီမီး၊ အမွှေးတိုင်များကို မိမိမွေးနံထောင့်တွင် လှူဒါန်းပါ။
““ ဒုက္ခံ လောကဓံ ””
ဗုဒ္ဓဟူးသက်ရောက်အတွက် ယတြာများ””
၁။ ရဟန်းသံဃာ၊ မိဘ၊ ဆရာသမားများကို ဆေးဝါး (သို့) အား ဆေးလှူ ဒါန်းပါ။
၂။ မိဘမဲ့ စာသင်ကျောင်းသို့ ငွေလှူပါ။
၃။ ဘုန်းကြီးကျောင်းသို့ ဆန်လှူပါ။
၎။ မိဘ၊ ဆရာသမားများကို ဆီ လှူပါ။
၅။ ဆူးတံခွန်လုံးတစ်လုံး၊ တံခွန်သေးတစ်လုံး၊ ဆောင်ပန်း၊ ဆီမီး၊ အမွှေး တိုင်များကို မွေးနံထောင့်တွင် လှူဒါန်းပါ။
““ နိန္နာလောကဓံ””
စနေ သက်ရောက်အတွက်ယတြာများ ””
၁။ ရဟန်း၊ မိဘ၊ ဆရာများကို ထီးဖိနပ်လှူပါ။
၂။ နာရေးကူညီမှုအသင်းသို့ ငွေလှူပါ။
၃။ ငါး (သို့) ငှက်လွတ်ပါ။
၎။ ဘုန်းကြီးကျောင်းအိမ်သာသန့်ရှင်းရေးလုပ်ပါ။
၅။ ထီးနီသက်စေ့၊ ဆောင်ပန်း၊ ဆီမီး၊ အမွေးတိုင်များကို မိမိ၏မွေးနံ ထောင့်တွင် လှူဒါန်းပါ။
““အလာဘော လေကဓံ””
ကြာသပတေး သက်ရောက်အတွက် ယတြာများ ””
၁။ မွေးကင်းစကလေးငယ်များကို အနှီး၊ ပေါင်ဒါ၊ အင်္ကျီများကို လှူဒါန်း ပါ။
၂။ မိမိတက်နိုင်သ၍ ထောက်ပံ့သကူပစ်ပါ။
၃။ ရှင်မပြုရသေးသော ကလေးငယ်များကို ရှင်ပြုပေးပါ။
၎။ မိဘ၊ ဆရာသမားများကို မြေ ၀ယ်လှူပါ။
၅။ တံခွန်ကုက္ကားတစ်စုံ၊ ဆောင်ပန်း၊ ဆီမီး၊ အမွှေးတိုင်များကို မွေးနံ ထောင့်တွင် လှူဒါန်းပါ။
““ ယသောလောကဓံ ””
ရာဟု သက်ရောက်အတွက်ယတြာများ ””
၁။ ဘုန်းကြီးရဟန်း၊ မိဘ၊ ဆရာသမားများကို ပန်ကာလှူပါ။
၂။ နေအိမ်တွင် ငါးခြောက်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ မပြတ်ဆောင် ထားပါ။
၃။ ခေါင်းအုန်းစွပ်၊ အိပ်ယာခင်း၊ အခန်းစည်းပိတ်စများအသစ်လဲပါ။
၎။ စက်ပစ္စည်းအဟောင်ျးား အ၀င်မခံရ။
၅။ ယပ်ဖြူသက်စေ့၊ ဆောင်ပန်း၊ ဆီမီး၊ အမွှေးတိုင်များကို မွေးနံထောင့် တွင် လှူဒါန်းပါ။
““ သုခံလောကဓံ ””
သောကြာ သက်ရောက်အတွက်ယတြာများ ””
၁။ အ၀င် (၄)လမကျော်ခင် ဘုရားဖူးခရီးတခုထွက်ပါ။
၂။ မိဘ၊ ဆရာသမားများကို ခရီးစရိတ်ထောက်ပံ့ပါ။
၃။ ရေသန့်စက် (သို့) ရေအေးပေးစက်လှူပါ။
၎။ ပုဆိုး၊ အင်္ကျီများ လှူဒါန်းပါ။
၅။ တံခွန်လုံးအသေးသက်စေ့၊ ဆောင်ပန်း၊ ဆီမီး၊ အမွှေးတိုင်များကို မွေးနံထောင့်တွင် လှူဒါန်းပါ။
-----------------------------------------------------
ဆရာကြီးသီဝရီကို ဒဲ့ ကျက်နေလို့ ကတော့ ပြီးမှာမဟုတ်ဖူး ယတြာတစ်ခါပေးခါနီးစာအုပ်ပြန်လှန်နေရရင် အတော်သရုပ်ပျက်မှာ...ပြီးတော့ ဆင့် ပွားလည်းတွေးတတ် ဖေါ်ထုတ်တတ်မှာမဟုတ်ဘူး..ဒီယတြာတွေရဲ့ စို့ က ဘယ်ကလာတာလဲကို သိလိုက်ရင် ပွဲပြီးပြီ ကိုယ့် ဟာကိုယ် ထွင်နိုင်ပြီ လူ့ အခြေအနေကြည့် ပြီးမနိုင်ဝန်ယတြာတွေကို တာဝန်ကျေတို့ စာအုပ်ကြီးအတိုင်းတို့  မပေးရတော့ ဘူး...
အခု တစ်ခု နှစ်ခု ဖြည်ပြပါမယ်
ဗုဒ္ဓဟူးသက်ရောက်အတွက် ယတြာများ””
၁။ ရဟန်းသံဃာ၊ မိဘ၊ ဆရာသမားများကို ဆေးဝါး (သို့) အား ဆေးလှူ ဒါန်းပါ။
၂။ မိဘမဲ့ စာသင်ကျောင်းသို့ ငွေလှူပါ။
၃။ ဘုန်းကြီးကျောင်းသို့ ဆန်လှူပါ။
၎။ မိဘ၊ ဆရာသမားများကို ဆီ လှူပါ။
၅။ ဆူးတံခွန်လုံးတစ်လုံး၊ တံခွန်သေးတစ်လုံး၊ ဆောင်ပန်း၊ ဆီမီး၊ အမွှေး တိုင်များကို မွေးနံထောင့်တွင် လှူဒါန်းပါ။
-----------
၁ ကနေ ၅ အထိ ရဲ့ ယတြာတွေက ဗုဒ္ဓတိုင် ရဲ့  ခိုက် အင်္ဂါနံ တွေကို ရုပ်ဒုက္ခနဲ့ ချည်း ဖြည်သွားတာ ..ဒါပဲဗျာ..
----------------------
ရာဟု သက်ရောက်အတွက်ယတြာများ ””
၁။ ဘုန်းကြီးရဟန်း၊ မိဘ၊ ဆရာသမားများကို ပန်ကာလှူပါ။
၂။ နေအိမ်တွင် ငါးခြောက်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ မပြတ်ဆောင် ထားပါ။
၃။ ခေါင်းအုန်းစွပ်၊ အိပ်ယာခင်း၊ အခန်းစည်းပိတ်စများအသစ်လဲပါ။
၎။ စက်ပစ္စည်းအဟောင်ျးား အ၀င်မခံရ။
၅။ ယပ်ဖြူသက်စေ့၊ ဆောင်ပန်း၊ ဆီမီး၊ အမွှေးတိုင်များကို မွေးနံထောင့် တွင် လှူဒါန်းပါ။
ဒီရာဟုယတြာကလည်း ဗုဒ္ဓတိုင် က ခိုက် အင်္ဂါနံကို ရာဟုသက်ရောက်ရဲ့  စန်းသဘော အိမ်ထောင်စိတ်သွေးတောင်း သွေးကြွသွေးပူ သဘောကို ပေါင်းပြီးဖြည်သွားတာ. ပန်ကာက လေအေးဓါတ်ထုတ်တဲ့ စက်..
သဘောက သက်ရောက်ယတြာတွေဟာ အခါတိုင်+ ဂြိုလ်ပရိယာယ် ပေါင်းရိုက်ပြီး အလျင်းသင့် သလိုပေးသွားတာ န၀င်းပွဲမထိုင်တဲ့ သူတွေအတွက်ပေါ့ ..ကျနော်တို့ က ထပ်ဆင့် တွေးပေးရတာက ခေါင်းရွက်ဗျက်ထိုး ကိုယ့် အခြေခံလူတန်းစားတွေအတွက် ထိရောက်ပြီး သူတို့ အတွက် ကုန်ကျစားရိပ်သက်သာစေ လုပ်ရတာလဲ လွယ်စေမယ့်  ဆင့် ပွားနည်းပညာတွေကို တွေးပေးရတာ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..