---------
ဗေဒင်လိုက်ကာစက စိတ်ဖိအားတွေ သိပ်များတယ် ပညာဟူသမျှ အကုန်လည်းသိချင်တယ်...နောက်တော့ ခြေစုံပစ်ပြီး အဟောသမားဘ၀ကို ၀င်လိုက်တယ် အဲ့ မှာလည်း စိတ်ဖိအားများတုန်းပဲ.နောက်တော့  တွေးတယ် တွေးတယ်.တွေးတယ်ပေါ့ .အဲ့ မှာ ကိုယ့် မှာဘာလို့ စိတ်ဖိအားများနေသလဲကို အဖြေတွေ့ လာတယ်...ကိုယ်လုပ်နေတာက ကိုယ်ဟောတာမှန်သမျှ အကုန်လုံး မှန်အောင် ဟောချင်လွန်းနေတဲ့ စိတ်က ကိုယ့် ကိုပြန်ဒုက္ခပေးနေတာ ဆိုတာတွေ့ လာတယ်
မှန်အောင်ဟောချင်တော့  နည်းပေါင်းစုံလိုက်နေတာ မပြီးဆုံးနိုင်တဲ့ ခရီးရှည်ကြီး ထွက်နေရသလိုပဲ လောကီပညာကလည်း အတွင်း အထိနှိုက်ရင် အသက်လေး တစ်သက်တာ နဲ့  အချိန် လုံလောက်မယ့် ပုံမပေါ်ဘူး...အဆိုးဆုံးက မေးသူတွေရဲ့ အခက်အခဲတွေ ဒုက္ခတွေကို ဗဟိုမပြုဘဲ ကိုယ့် အဟော မှန်သထက် မှန်ချင်နေတာကို ဗဟိုပြုမိသလို ဖြစ်နေတော့  ဒါဟာ မေးသူတွေရဲ့ အခက်အခဲတွေသောကတွေကို အလေးမထားရာ ရောက်နေပြီ ကိုယ့် အတ္တကြီးလွန်းနေပြီလို့ ကိုယ့် ဟာကိုယ် ထင်လာတယ်..အဲ့ လို ကိုယ့် ဟာကိုယ်မြင်မိလိုက်တာ့  ကိုယ့် ကိုယ်ကို မသတီချင်တော့ ဘူးဖြစ်သွားးတယ်...မိုးလင်းရင် ငါ ရဖို့ စိတ်နဲ့  နိုးလာတာမျိုး စိတ်ဖိအားမျိုးနဲ့ လည်းတူတယ်..
အဲ့ လို စိတ်ဖြစ်နေပြီလို့  ကိုယ်ကိုယ်ကို ထင်လိုက်တာကစပြီး...မေးသူဗဟိုပြု စိတ်သဘောကို ဗေဒင်အသုံး ပစ်မှတ်စပြောင်းလိုက်တယ် စကားလုံးတွေပါ ချိန်းပစ်လိုက်တယ် ကိုယ့် အဟောမှန်ခြင်း မမှန်ခြင်းဟာ အရေးတကြီး နေရာမှာ မရှိတော့ ဘူး အာကလန် ပါကလန်လောက် သဘောထားတော့ တယ် ကိုယ်နဲ့ ကံဆုံလာတဲ့ သူတွေကို ကူညီပါရစေ သဘောလို ဘာကူင်္ညီရမလဲ ဘာလုပ်ပေးရမလဲ ဘာသိချင်လို့ လဲ ဘာဝိုင်းစဉ်းစားပေးရမလဲ ဆိုတဲ့  စကားလုံးတွေကို တစ်စတစ်စ ပြောင်းသုံးပစ်လိုက်တယ် အဟောသဘောကို လျှော့ ချလိုက်တဲ့ စတိုင်က သက်ရောက်ရဲ့ ယေဘူယျလက္ခဏာတွေကို ဟောတာမျိုးလောက်ပဲ လုပ်လိုက်တယ် ဖြစ်ကြောင်းရယ်ကုန်စင် ဘာဟင်းနဲ့ စားလာတယ် မဟုတ်လား နင့် အခု ဒုတိယ ယောက်ျားက ဇာတ်ထဲကလေ နင်က တတိယမြောက် မယား မဟုတ်လား ဆိုတာမျိုး..အသေးစိတ် မနေတော့ ဘူး.....
အဲ့ လို သက်ရောက်အခြေပြု ယေဘူယျသဘောတွေ ပြောလိုက်တော့  အများအားဖြင့် က သူတို့ ဖြစ်လာသမျှတွေဟာ သူတို့ ဖြတ်နေတဲ့  သက်ရောက်ရဲ့ သီအိုရီသဘော ယေဘူယျလက္ခဏာတွေထဲကအတိုင်း ကြုံနေကြတာက ပိုများလို့  အများအားဖြင့် သူတို့ ရဲ့ အခက်အခဲတွေ ဒုက္ခတွေကို ဖွင့် ပြီး တိုင်ပင်လာကြတယ်..အဲ့ ဒီမှာ ကိုယ်က နဂိုထဲက သူတို့ တွေကို တတ်နိုင်တဲ့ နည်းလမ်း အကြံအဥာဏ်လေးတွေနဲ့ ကိုယ့် နဂိုခေါင်း နဲ့  ဗေဒင်ပညာခေါင်းတစ်လုံးအပို ထည့် ပြီး ကူညီဖို့ ဆိုတဲ့  သူတို့ ကို ဗဟိုပြုထားပြီးသားဖြစ်နေလို့  စိတ်ဖိအားမရှိတော့ ပဲ ၀ိုင်းတွေးပေးလို့ ရလာတယ်
စိတ်ဖိအား မရှိရင် ဖြစ်ပျက်နေတာတွေဟာ လူကြောင့် လား ဂြိုလ်ကြောင့် လား သံသရာကကံကြောင့် လား စသဖြင့်  အမြင်ရှင်းတယ် အမြင်ရှင်းရင် သူတို့ တွေ မျက်စိရှမ်းနေတဲ့  အကွက်တွေကို ကိုယ်က မြင်မိလို့ ထောက်ပြနိုင်လာတယ် ၂ ဖက် ၀င်း-၀င်းဖြစ်လာတာပေါ့ ..မိုးလင်းလို့  အိပ်ယာထတာနဲ့  ဒီနေ့ ဘယ်သူ့ အတွက် ဘာလုပ်ပေးရဦးမလဲဆိုတဲ့ စိတ်မျိုးထားလိုက်တော့  စိတ်ဖိအားနဲသွားတာမျိုးနဲ့ တူလာတယ် လူလည်း လွတ်လပ်ပေါ့ ပါးသွားပြီး ကိုယ့် မှာ ပညာရပ်နဲ့ ပတ်သက်ပြီး မှန်အောင် ဟောနိုင်မှ ဗေဒင်ဆိုတဲ့ တာဝန်ကြီးတစ်ရပ် ငယ်ထိပ်ပေါ် အရောက်ခံနေရတဲ့  ၀ဋ်ကြွေးကြီးလိုခံစားနေရတဲ့ သဘောက လွတ်သွားသလို ခံစားလိုက်ရတော့  ကျနော့် ဗေဒင်သည်ဘ၀ဟာ အတော်လေးကို နေသာထိုင်သာဖြစ်သွားတော့ တယ်...
ဒါ ကျနော့် ရဲ့ ဗေဒင်အဟောစတိုင် တစ်စတစ်စ ပြောင်းလဲပစ်ခဲ့ တဲ့ လမ်းကြောင်းပါပဲ...ကိုယ့် ကံကိုက ဗေဒင်အဟော အရမ်း အမှန်ခံချင်တဲ့ မေးသူတွေမျိုးထက် အဟောက အာကလန်ပါကလန်လောက်မှန်ရင် ရပြီ အဓိက လိုချင်တာက သူတို့ အလုပ်တွေကို လောကီပညာခံပြီး အလုပ်လုပ်ကြတဲ့ မေးသူမျိုးတွေက ပိုလာကြတဲ့ ကံမျိုးဖြစ်နေတာကလည်း အဟောမှန်ခြင်လွန်းခြင်းကြောင့်  ဖြစ်လာတဲ့ စိတ်ဖိအားမျိုး...ကိုယ့် မှာ မရှိတော့ တဲ့ အနေအထားကို ရလာတာမျိုးပါပဲဗျာ
----------------------------
ပုံမှန်အဟောမှန်ဖို့ က ဗေဒင်အင်ပရက်ရှင်အတွက်လိုပါတယ်..ဒါပေမယ့်  အိပ်ယာထဲက အနေအထားအထိ လိုက်မှန်အောင်ဟောချင်စိတ်တွေ ၀င်လာတာမျိုးကို မကြိုက်သလို အဲ့ လိုအဟောခံရမှာမျိုးကိုလည်း မကြိုက်တော့ တာမျိုးကိုဆိုလိုတာပါပဲ
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..