''' အိုဘယ့် ဘယ်
အိုဘယ့် ..ကျေးဇူးရှင်..''
--------
မန်းက ဆရာ(--) ရဲ့  ၀တ္ထုတိုတစ်ပုဒ်မှာ မြို့ ကို လူကြုံလေးနဲ့ လမ်းကြုံတယ်ဆိုလို့  စာကြည့် မျက်မှန်လေး မှာလိုက်မိလို့  လူကြုံက လမ်းကြုံလေး လုပ်ယူလာပေးတယ် အဲ့ လူကြုံက သူ လုပ်လာပေးတဲ့ မျက်မှန်အကြောင်း လူကြားထဲ ရောက်တာနဲ့ ခဏခဏ ထုတ်ထုတ်ပြောလာတယ်...ပထမတော့ မျက်မှန် မှာလိုက်မိတဲ့  သူက သည်းခံနေသေးတယ် သူက မှာလိုက်မိတာကိုး...
နောက်တော့  လူကြုံက လူကြားထဲ ကြုံတိုင်း မကြုံလဲ ကြုံအောင် လမ်းကြောင်းပြီး ဂုဏ်ခံ ထုတ်ပြောလာပုံက သူ လုပ်လာပေးတဲ့ မျက်မှန် အကြောင်း ပြောယုံတင် မကတော့ ပဲ မျက်မှန်လေး မှာလိုက်မိတဲ့  သူရဲ့  ဘ၀သခင်အလင်းရှင် ကျေးဇူးရှင်ကြီး သူသာ ဒီမျက်မှန်လေး လုပ်လာ မပေးရင် အကန်းပဲ သူလုပ်လာပေးလို့ သာပေါ့  ဆိုတဲ့ အဖြစ် အထိပါ စကားလုံးတွေ ထွားလာတော့ .... ကြာတော့  မျက်မှန်သမား တင်းလာတယ်...နောက်ဆုံးတော့  မျက်မှန်သမား ပေါက်ကွဲသွားပုံက..
''' ယီးမှ အဲ့ မျက်မှန်ကို မတတ်တော့ ဘူး ကန်းချင်ကန်းနေပစေ...သွားဟာ ''' ဆိုတဲ့  စိတ်ပေါက်ကွဲမှု့ စတိုင်နဲ့ .အဲ့ လူကြုံလုပ်လာပေးတဲ့  မျက်မှန်ကို မြေပေါ်ကို ပစ်ပေါက်ချလိုက်တော့ တယ်...
တစ်ချို့ တွေဟာ သူတို့  ကူညီပေးခဲ့ တာထက်ကို တစ်သက်တာ တစ်သက်စာ နေရာတကာ ဘ၀သခင် ကျေးဇူးရှင်ကြီး အဖြစ် လူပုံအလယ်ရောက်ရင် ( လူပုံအလယ် မရောက်လည်း အဝေးကနေ ) ငယ်ထိပ်ပေါ် တက်ထိုင်ပြီး မဆင်းချင်တော့ တာမျိုးလည်း ကြုံတတ်လွန်းလို့  ကျေးဇူးတစ်ခု သူများဆီက ယူဖို့ ဆိုတာ သိပ်ကို စဉ်းစားလာရတော့ တယ်....
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..