Powered By Blogger

Monday, July 6, 2015

လမ်းရွေးပုံ.

လမ်းရွေးပုံ.
--------
လောကီပညာတွေ လက်လှမ်းမီသလောက် စာစုံဖတ်ခဲ့ ရင်းက အများအားဖြင့် မေ့ ကုန်ပါတယ်..အများအားဖြင့်  မှတ်ရတာခက်ခဲပါတယ်..အများအားဖြင့်  သိလိုတာတွေကို ဒဲ့ ပါမလာဘူးလို့ ထင်လာပါတယ်...ဒါ ဘာကြောင့် လဲကို ကိုယ့် ကိုယ်ကိုပြန်တွေးတော့  ကိုယ်စရိုက်က ဒဲ့ ကြိုက်တယ် ဝေ့ နေတာကို မကြိုက်လှဘူး အဖြေလေးတစ်ခုပြောမှာကို ပဟေဠိ ဖွက်သလိုတွေကို လက်ပေါက်ကပ်အောင် ပြောနေတာ ဖေါ်နေရတာ စိတ်မရှည်ဘူး...နောက်ဆုံးအချက်က ပါဠိ အခြေခံစာလုံးတွေ ပြွတ်သိပ်စုပြုံပါနေတဲ့ စာတွေကိုသိဖို့  ပါဠိ အနက်တွေ အရင်ကြိုကျက်ထားပြီးမှ သိရမယ့်  ပညာသဘောတွေကို အချိန်ပေးမှတ်ဖို့  အာရုံ မလာဘူးဆိုတာ ကိုယ့် ရဲ့ အားနဲချက်ဆိုတာ ထင်းထင်းကြီးမြင်လာတော့ တာပါပဲ...



ဒါကိုသိသာစေတာက ဗုဒ္ဓ၀င်စာအုပ်ပေါင်းအများကြီးထဲကမှ ဗမာလို ဒဲ့ ရေးထားပြီး ပါဠိက လိုအပ်မှ နဲနဲလေးပဲပါတဲ့ ဇိနတ္တပကာသနီ ဗုဒ္ဓ၀င်ကိုသာ အကြိုက်ဆုံး အဖြစ် ခဏခဏ လှန်ဖတ်မိခဲ့ နေတာက ကိုယ် ဘာမကြိုက်ဘူး ဘာကြိုက်တယ်ဆိုတာ ပေါ်လာစေတဲ့ အချက်ပါပဲ..

ဒီလို ပါဠိ နဲ့ ကိုယ်နဲ့  ဓမ္မာသောက ဖြစ်နေတုန်းမှာ ပါဠိသံ မပါသလောက် နီးနီးဖြစ်ပြီး လက်ရှိခေတ်အနေအထားနဲ့ နီးစပ်တဲ့ ဒီလောကဓံစတိုင် အယူအဆကို တော်ကီလွှတ်တာသိပ်ကောင်းတဲ့  ဆရာ့ ဆီက စကြားနာလိုက်ရတော့ တန်းပြီး မှတ်မိ တန်းပြီးသဘောကျသွားတော့ တဲ့ အဖြစ်ပါပဲ..ဒါနဲ့ ပဲ တစ်ခြားဟာတွေ အာရုံဖြတ် ဒီနောက်ပဲ တောက်လျှောက်လိုက်တော့ တာမျိုးဖြစ်လာတာပါပဲ..ဒါဟာ ဘယ်ဗေဒင်အမျိုးအစားကို အဓိက အားကိုးရာအဖြစ် ကိုင်မလဲဆိုတဲ့  ကိုယ့် ဓါတ်ခံ နဲ့  ကိုယ် လမ်းရွေးခဲ့ တာပါပဲဗျား...

လမ်းတွေဘယ်လောက်များများ ကိုယ်နဲ့  ကီးကိုက်တဲ့  လမ်းကိုသာ ခပ်ရဲရဲရွေးလျှောက်ပစ်လိုက်တဲ့ သဘောပါပဲဗျား..ဘယ်လမ်းကလျှောက်လျှောက် ကိုယ်လိုရာ ရောက်ဖို့ က လိုရင်းဆိုပြီးတော့ လေ

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..