'''ငါ့ သားကြီး လူ ဖြစ်ပြီ..''
----
၈တန်းလောက်မှာကတည်းက ကိုယ့် ကိုယ်ကို လူ ဖြစ်ပြီ ထင်လာတာ အဲ့ ကနေ ခုထိ တောက်လျှောက်ပေါ့ .အဲ့ တော့  ကိုယ့် ကိုယ်ကို လူဖြစ်နေပြီထင်တော့  လူတွေ စိတ်ဝင်စားတဲ့ ဟာတွေ လိုက်စိတ်ဝင်စားတော့ တာပေါ့ .....ခက်နေခဲ့ တာကကိုယ့် အဖေ အမေတွေကလည်း မွေးကတည်းကနေ ကျောင်းပြီးတဲ့ အထိ ကျနော့် ကို လူ ဖြစ်ပြီလို့ ကို မထင်သေးဘူး
.
(တစ်ချို့ ကတော့ ကိုယ့် သားသမီး အိမ်ထောင်ကျ ခလေးရ မြေးရတဲ့ အထိ လူဖြစ်နေပြီလို့ ကို မထင်သေးတဲ့  ကိုယ်ပဲ လူဖြစ်နေပြီထင်တဲ့ မိဘတွေလည်း အများကြီးတွေ့ ရပါ့ ဗျာ...ငိငိ...).
အဲ့ မှာ လူဖြစ်ခွင့် မရသေးတော့  ကိုယ့် ကိုယ်ကို လူုဖြစ်နေပြီထင်တဲ့ ကျနော်က လူတွေ လုပ်တဲ့  အလုပ်တွေ ခိုးလုပ်တာပေါ့ ..အဲ့ မှာ မိဘနဲ့  သားသမီးနဲ့ ခဏခဏငြိတဲ့ ပြဿနာတစ်ခုဖြစ်လာတာမျိုးပဲ ဟီးဟီး....
.
အဲ ကံကောင်းချင်တော့ အမေက ကျနော့် ကို ငါ့ သားကြီး လူ ဖြစ်ပြီ လူတွေစိတ်ဝင်စားတာ ငါ့ သားကြီးစိတ်ဝင်စားပါစေ စိတ်ဝင်စားတာရှိရင် အမေ့ ပြောနော် သားကြီး အမေ လိုက်တောင်းပေးမယ် ...ခ်ခ်ခ်...လို့  စပြီးနားလည်ပေးလိုက်တာ စောသွားလို့  မအေနဲ ကျနော်က အရင် ညက်သွားတယ်...။
ကိုယ့် ဘ၀ဇာတ်ကြောင်းရယ် အင်းလျားကန်ဇောင်းမယ် ဆိုသလိုပေါ့  ကိုယ် ဖြတ်သန်းခဲ့ တဲ့  အသက်ပိုင်းတွေရဲ့ ခံစားမှု့ တွေကို ပြန်တွေးလိုက်ရင် ဘယ်အသက်လောက်ဆို ဘယ်လို တွေးတတ်တယ်လို့ နားလည်ပေးလိုက်လို့ ရတယ်ပေါ့  သြော..ကိုယ့် ဆရာသမားတွေ လူ ဖြစ်နေကြပြီ...လို့ ...ဟဲဟဲ..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..