Powered By Blogger

Monday, July 6, 2015

ကြိုခံထားတဲ့ အသိနဲ့ ..

ကြိုခံထားတဲ့ အသိနဲ့ ..
------
ကမ္ဘာပေါ်က ဒေသအသီးသီး လူ့ အဖွဲ့ အစည်းအသီးသီးမှာ ဖြစ်လေ့ ရှိတဲ့  အခြေအနေ အဖြစ်အပျက်တစ်ခုကို ကြိုခံထားတဲ့  လူ့ အသိဓါတ်ခံ ကနေ ဖြစ်လာတဲ့ သုံးသပ်ချက် တစ်ခုဟာ အခြေအနေတွေ အမျိုးမျိုး ကွဲထွက်သွားနိုင်တယ်...

အိမ်မှပါ...သူက စလုံးက လောလောဆယ်စပျစ်သီးသတင်းဖြစ်သွားတဲ့  အမှု့ ကို ဂျာနယ်ဖတ်ပြောတော့  အယူ တံဆိပ်တပ် ပြောတယ်...

ကျနော်က ဒီလိုကေစ် တွေဟာ အယူအသီးသီးတင်မကဘူး လူ့ အဖွဲ့ အစည်းအသီးသီးနဲ  တိရိစ္ဆာန်လောကတောင် ကြည့် တတ်ရင် ရှိနေတဲ့ အဖြစ်တွေလို့ လှမ်းထောက်လိုက်တယ်

ပြီးမှ ကိုယ့် ဟာကိုယ် ဆက်သတိရသွားတာက ....'''''အဖေ  အဖေ ...အဖေမှားမယ်..ကျမလေ ကျမ အဖေ့ သမီးလေ '''ဆိုတဲ့ အမှောင့် တကာအမှောင် ဘယ်အမှောင်ဆုံးလဲဆိုတဲ့  ဇာတကပုံပြင် တစ်ခု...

သီလစင်ကြယ်လွန်းရာက ရလာတဲ့  တန်ခိုးနဲ့ ပြည့် စုံလွန်နေလို့ ကောင်းကင်ခရီးနဲ့ တောင် သွားလိုရာသွားနိုင်တယ်ဆိုတဲ့  ရသေ့ ကြီးတစ်ပါး.  ဒေ၀ီရဲ့ အလှကို မြင်ယုံနဲ့ အာရုံပျက် ပျံလေတဲ့  ဈာန် မြေထံပြန်လျှောကျရတဲ့ ဇာတ်....ဖြတ်ကနဲတွေးမိတော့ ....

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..