---
တစ်ခါတစ်လေ စိတ်ဓါတ်အကြီးအကျယ်ကျနေတဲ့  သူတွေ ကြုံတတ်ပါတယ် ဆိုပါတော့  အင်္ဂါသက်ရောက်ကနေ စနေသက်ရောက်ကြား ဖြတ်နေတုန်း လွဲချော်မှု့ တွေ တစ်ပုံကြီးနဲ့ ရင်ဆိုင်နေရသူမျိုးပေါ့ .....
အဲ့ မှာ စကားတွေပြောပေးနေရင်း အခုလိုတွေကြုံနေရတာဟာ သူတစ်ယောက်ထဲ မဟုတ်ကြောင်း အများလည်း ဒီလိုတွေ ကြုံခဲ့ ရပြီး ဒီလိုပဲ နည်းပေါင်းစုံနဲ့ ရုန်းကန်ရင်ဆိုင်ပြီး ကျော်သွားကြတာချည်းပါပဲလို့  ပြောပေးလိုက်တာပေါ့ ...
လူ့ သဘာဝက ကိုယ့် ကိုယ်ကို အများနဲ့ မတူ သီးခြားဖြစ်တယ်ဆိုတဲ့  သီးခြားခံစားမှု့  အားကြီးတယ်..
အဲ့ ဒါကို ကိုယ်ဟာလည်း အများထဲက အများလို ကြုံနေရတဲ့  ပုံမှန်လူတစ်ယောက်ပါပဲ လို့ သူ့ ကိုယ်သူ ပြန်မြင်သွားပြီး စိတ်သက်သာရာရသွားအောင် လျှော့ ချပေးကြည့် လိုက်တာပါ..ပြီးတော့ နေသာတဲ့ နေ့ တွေလည်းရောက်လာဦးမှာပါလို့ ဘ၀မျှော်လင့် ချက်ပါရှိလာတော့  အားရှိသွားတာပေါ့  ..တဒင်္ဂ တစ်ထိုင်တော့ ကျနော့် ရှေ တစ်ထိုင်မှာ တင်တော့  အများအားဖြင့်  စိတ်ဖိအား သက်သာသွားကြလေ့ ရှိတာမြင်ရတတ်တာများတယ်...စိတ်ဆင်းရဲလွန်းနေချိန် နာရီဝက်လောက် စိတ်ဖိအားလျော့ သွားလဲ မနဲဘူးလေ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..