---
ဘုရားပွဲ န၀င်းပွဲ ငှက်ပျောပွဲ နတ်ပွဲ ဂိုဏ်းပွဲ ဆေးပွဲ ဘာပွဲဖြစ်စေ ''' ပွဲ ''' ဆိုတာ ကြာသာပတေးနံ ဂုရုတိုင် မူလ အလည်အခြာ ပဲ ဗျား....အဲ့ ဂုရုတိုင်မှာ အမြစ်ခိုက် ..က ဗုဒ္ဓဟူးနံ လူ ဗျာ....လူခိုက် ဆိုတာ ပွဲကိုင်တဲ့  စေတနာ မမှန်ရင် ယုတ်ရင် လူခိုက် ။
စေတနာမှန်ရင် ခိုက်လွတ်ပြီ ခိုက်လွတ်ရင် န၀င်းတက်သွားတယ် လူန၀င်း န၀င်းလူ
( လူန၀င်း န၀င်းလူ ဆိုတာ စနေတိုင် န၀င်းသမား စနေတိုင်မှာ သောကြာနံအမြစ် သစ္စာစကားသမား န၀င်းလူရဲ့ စကား...နှုတ်စီးပြီ )
ပွဲကိုင်သူတွေဟာ စေတနာ မမှန်ရင် လူခိုက် သွားလို့  ဂုရုတိုင်ရဲ့ အညွန့်  သုံးနံ တနင်္လာ သောကြာ အင်္ဂါနံတွေ အားပျက်ကုန်တယ် အောက်သုံးနံအားတွေ ပိုဆိုးကုန်တယ် အလယ်အခြာ မူလ ကြာသာပတေးနံပါ ခိုင်မာမှူ့ ပျက်လာတယ် နောက်ဆုံး တတိုင်လုံး ပျက်တယ်
ပွဲကိုင်သူတွေဟာ ပွဲအပေါ် ပွဲရည်ရွယ်ချက် ပွဲစကား စေတနာ မှန်ရင် ဂုရုတိုင်ရဲ့ အပေါ်သုံးနံ ကောင်းကျိုးတွေ ရလာတယ် အောက်သုံးနံ အဆိုးတရားတွေ လျော့ သွားတယ် ...အလယ်အခြာမူလ ကြာသာပတေးနံ ပညာ မာလာတယ်ခိုင်လာတယ်
ပွဲ ကိုင်တဲ့ သူ ပွဲကြောင့်  ဒုက္ခ ပြန်ရောက်မရောက် ကီးက ဒါပဲဗျာ....ပွဲ အပေါ်ဘယ်လို စေတနာထားလဲပေါ့ 
ဒါကြောင့်  လောဘစိတ် ကပ်နေရင် သဒ္ဒါပျက်နေရင် စေတနာ မမှန်နေရင် ဂုဏ်ခံနေရင် မာနခံနေရင် ဒေါသစိတ်ဖြစ်နေရင် ပညာလမိုင်း မကပ်ရင် ဖီလင်မလာရင် စိိတ်မပါရင် ဘာပွဲမှ မကိုင်ဘူး ၀တ်ကျေတန်းကျေတောင် ပွဲ မကိုင်ဘူး လို့ ပြောတာပါ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..