♬·¯·♩¸¸♪·¯·♫¸¸¸¸♬·
မြို့ ပြ အပူမီး ငြီးငွေ့ ခဲ့ ရင် ·♫¸¸ပန်းပေါင်းစုံတဲ့ ပျိုးခင်းသစ်ဆီ ·♫¸¸¸¸♬ တစ်ကြိမ်ပြန်လှည့် ကာ...·♫¸¸¸¸♬·
မြို့ ပြသဘောအရ မီးခြစ်ဆံဗူးခွံတွေလို ထပ်ထားတဲ့  တိုက်ခန်းတွေမှာ နေလာရတာ ကြာပြီဆိုတော့  အသားက မကျချင်လည်း ကျ ကျချင်လည်း ကျပြီး ဇွတ်အသားကျနေပြီပေါ့ လေ..
အရင်နှစ်တွေ တော်တော်ကြာကြာတုန်းက အိမ်ကိုလာလည်တဲ့  ဂျီးဒေါ်ကြီးက နင်တို့ ဆီမှာ ကြာကြာမနေနိုင်ဘူးတဲ့  အသက်ရှုမ၀ပါတဲ့ ..
ဟုတ်တာပေါ့ ..သူတို့ က အဲ့ တုန်းက အိမ်လေးနဲ့ ဝင်းလေးနဲ့  ပန်းရုံလေးနဲ့  လွတ်လပ်တဲ့ ကောင်းကင်ပြာကြီးအောက်က ကွပ်ပျစ်လေးပေါ် ပက်လက်လှန်ချ အသက်၀၀ရှုလို့ ရနေတာပေါ့ ...
ခုတော့  သူတို့ မြေကွက်လည်း ၀င်းသဘော အိမ်သဘောကနေ ဈာန်လျှောပြီး မီးခြစ်ဆံဗူးခွံလေးတွေ ထပ်ထားတဲ့  ကန်ထရိုက်တိုက်ခန်းတွဲလေးဖြစ်သွားပြီ...
အသက်ရှုမ၀ဘူး ၀တယ်တောင် အရင်လို လာမငြီးပြနိုင်တော့ ဘူး...
ဘယ်ငြီးနိုင်မလဲ အမွေခွဲနေတာ ညှိမရသေးဘူးတဲ့ ....ဟီးဟီးး
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..