Powered By Blogger

Saturday, May 23, 2015

တလောကလုံးထက်


တလောကလုံးထက်
----------------
တလောကလုံးထက် ကိုယ့် အမေနဲ့ ကိုယ့် အဖေကို ချစ်တယ်ဆိုတာ အဖေရော မအေပါမရှိတော့ တဲ့ အချိန်မှာ  ကိုယ့် ကိုယ် ကိုယ် ပိုသိလာတယ်..

ဒီလိုပဲ တလောကလုံးထက် ကိုယ့် သားသမီးတွေကို ကိုယ့် အမေ ကိုယ့် အဖေက ချစ်မှာပဲလို့  ယုံကြည်မိတယ်...

အဲ့ ဒီလို ခံစားချက်ဝင်သွားတဲ့ အခါ...ဖွရွာထဲမှာ ကိုယ် ရေးလိုက်တဲ့ စာတစ်ကြောင်း ပိုစ်တစ်ခုကို ဆတ်ဆတ်ခါနာသွားလို့  ကိုယ့် ကိုယ် ဆဲဆိုလာရင်....

ကိုယ်က ခံနိုင်ရည်ရှိတယ်ပဲထား....

ကိုယ့် ဖအေ ကိုယ့် မအေ..အထူးသဖြင့် ..ကိုယ့် မအေများ အသက်ရှိနေသေးပြီး ဖေ့ စဖုတ် လာတက်သုံးနေလို့  သူ့ သားကို ၀ိုင်းဆဲနေကြတဲ့ ကော်မန့် တွေ ဖတ်မိလို့ ရှိရင် အမေ့ စိတ်ထဲ သူ့ သားအတွက်..ဘယ်လောက်များ..???....

ကိုယ်ကရော..?..ကိုယ့် ဖအေ ကိုယ့် မအေက ဖေစ်ဖုတ်တက်သံုးးနေရင်းက သူတို့ ရဲ့ စာတွေကို မကြိုက်လို့  လာဆဲတဲ့ ကော်မန့် တွေကို သူတို့ သားဖြစ်တဲ့ ကျနော်က ဖတ်လိုက်ရရင် ကျနော့် စိတ်တွေကရော. သည်းခံနိုင်ပါဦးမလား.? လို့ တွေးလိုက်တဲ့ အခါ....

ဒီလို အတွေးဝင်လာတဲ့ အချိန်မှာ.ကျနော်ဟာ ဖွရွာထဲမှာ  အဆဲခံနိုင်တဲ့ သူ မဟုတ်တော့ ဘူးဖြစ်သွားတယ်...ကိုယ့် ကို ဆဲတာဟာ အမေ့ စိတ်ကို ညှိုးနွမ်း စိတ်မကောင်းဖြစ်စေလိမ့် မယ်လို့ တွေးမိသွားတာကြောင့် ပေါ့ .

ဒီလိုပဲ သူများသားသမီးတွေရဲ့ ဖအေမအေတွေလည်း ကိုယ့် ဖအေ ကိုယ့် မအေလိုပဲ သူတို့ သားသမီးအတွက်..?...

အဲ့ အတွေးဟာ သူများပို့ စ်တွေ ကို မကြိုက်လွန်းတာတွေ့ ရင်တောင် ၀င်မဆဲဖြစ်စေခဲ့ တော့ ဘူး သည်းမခံနိုင်လွန်းတဲ့ အခါ ဇကာဘောက်ထည့် ပေးထားတဲ အဆက်အသွယ် ဖြတ်နည်းကိုသာ သုံးဖြစ်သွားတော့ တယ်...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..