
အတ်တနတ်တသမားလေး ...
===
တစ်ခါတစ်လေ အတွေးထဲမှာ ပြဒါးတစ်လမ်း သံတစ်လမ်း လို နေ နဲ့ လ လို အဖြူနဲ့ အမဲလို ဖြောင့် ဖြောင့် ကြီးဆန်ကျင်နေတဲ့  အယူ ၂ခု ကြောင့်  ကိုယ့် အတွေးနဲ့ ကိုယ်ဝိရောဓိဖြစ်..ကိုင်ထားရမယ့် လမ်းစဉ် နဲ့ လွှတ်ချရမယ့် လမ်းစဉ် အယူအဆ မတူတဲ့ ၂ ခုကြားမှာ ကြားညပ်နေသလို ဖြစ်နေတဲ့ ဖီလင်မျိုးတွေ ၀င်ဝင်လာတတ်တယ်.
.
.ဒိထက်မြင်သာထင်သာအောင်ပြောရရင် အတ္တ နဲ့ အနတ္တကြားမှာ ဟိုဖက်လည်း ခြေစုံပစ်မရောက်သေး( ဆိုတာထက် မသွားနိုင်သေးသဘော)..ဒီဖက်မှာလည်း လုံးလုံး ရပ်မနေချင်တော့ တဲ့ စိတ် ၂ ခွ အချိန်လေးပေါ့ ....
ကိုင်ထားတဲ့ အယူတစ်ခုက တစ်စတစ်စ စွန့် ဝံ့ မှာသာ.ဘ၀နောက်နှောင်း ဆက်တိုင်းကောင်း၏....ကစပြီး ငါ သူတစ်ပါး ယောက်ျား မိန်းမ မရှိ အစွဲဟူသည် ဥပါဒါန် အဖန်ဖန်ကျင်လည်ရမည့် သံသရာက အလွတ် ရုန်းလိုသော် အစွဲဟူသမျှ ခ၀ါချခဲ့ ပါလေ..ဖြစ်တတ်သော အရာဟူသမျှ အပျက်ရှိလေသည်..ဆိုတဲ့ အယူကို ကိုင်ထားတာ..
ဒါတို့ ပြေ...ဒါတို့ မြေ...တို့ ပိုင်တဲ့ မြေ ဆိုပြီး တို့ နိုင်ငံတော်ကို လာမထိနဲ့ တို့ ပြည်ထောင်စုသားတွေကို လာမရစ်နဲ့ ဆိုတဲ့ စိတ်က ကိုင်ထားရတဲ့  အယူ...
အဲ့ မှာ အတ္တလည်းခြေစုံပစ် မကျချင်တော့ ..အနတ္တလည်းတကယ်မဆိုက်နိင်သေးနဲ့  ကွကိုယ် ဒူးရင်းသီးခွထိုင်နေတဲ့  အတ် တနတ်တသမားလိုလို ဘာလိုလို ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..