သူရဲကောင်းရွေးပွဲ
----
အဲ့  လက်ထိပ်ဖျား အစူးတစ်ခုခုထောင်စိုက်ပြီး တူနဲ့ ထု မတွန့် ရင် သူရဲကောင်းအဖြစ်ရွေး တွန့် သွားရင် မရွေးလို့ လုပ်တဲ့ အခန်းကို ခဏထိုင်ကြည့် ဖြစ်ရောဗျ အဲ့ မှာတစ်ယောက်ကတွန့် သွားတော့ မရွေးဘူးပေါ့  ဒီတော့  ရဲမက်တွေက ဟာသလုပ်တော့ မခံချင်ဖြစ်လာပြီး ငါ့ မှာလည်း သတ္တိရှိပါတယ်ဆိုပြီး ကိုယ့် ဗိုက်ကိုယ် ဓားနဲ့ ဖွင့်  အူဆွဲထုတ်ပြရင်း သေရောဆိုပါတော့  အဲ့ တော့ မှ ဗျင်က ကရုဏာလည်း သက်ပြရင်း သတ္တိဆိုတာ ဒါမဟုတ်ဘူး ဟိုဒင်းဆိုပြီး လိုရာဆွဲပုံဖေါ်သွားရောပဲ... ဒီခေတ်ဝေါဟာရအမြင်အရဆိုရင် မသာတစ်ခု အရင်းပြုပြီး ဆရာကြီး လုပ်သွားသလို သေသွားတဲ့ သူလဲ သေပြရကျိုးမနပ်တဲ့အပြင် ငေါ့ တောင် အပမ်းခံလိုက်တဲ့ သဘောပေါ့ 
အဲ ကိစ္စကို မကြာသေးခင်က ဆရာဝန်တစ်ယောက်က သူ့ ဆရာဝန်မြင်ထောင့် ကနေ ဘယ်လိုမြင်လိုက်သလဲဆိုရင် ဒီလိုအပ်စိုက်ရွေးခြယ်ရင် အဲ့ လက်ဟာ အနာဖြစ်လို ရောင်ကိုင်းနေမှာနဲ့  ချက်ချင်း ဓားကိုင်နိုင်မှာ မဟုတ်ဖူး ကိုင်နိုင်သေးရင်တောင်မှ လက်အကောင်းပကတိလို စစ်မြေပြင်မှာ ခွန်အားရှိသလောက် စွမ်းဆောင်နိုင်မှာ မဟုတ်ဖူး..အဆင်မသင့် ရင် မေးခိုင်ပိုးဝင်ပြီး ဂန့် သွားနိုင်လို့ အသက်တစ်ချောင်း(၀ါ)သူရဲကောင်း တစ်ယောက် အသာလွတ်ဆုံးရှုံးနိုင်တယ်ပေါ့  (အမှန်တော့ အခုပဲ မခံချင်စိတ်ကြောင့်  အသက်တစ်ချောင်းကထွက်သွားပြီ)..ဒါက ဒီ၂၁ရာစု ဆေးဆရာရဲ့ အမြင်ထောင့် ပေါ့ ...
အတွေးစဉ် သဘောအရတော့  ဒိထက်ပိုကောင်းတဲ့ သူရဲကောင်း ရွေးခြယ်နည်းမရှိတော့ ဘူးလားဆိုပြီးတွေးစရာရှိလာသလို သတ္တိ ဆိုတာ ပါဠိစကားဖြစ်ပုံရပြီး သူ့ အနက်က နားလည်သလောက်က သူတကာ အလွယ်တကူ မလုပ်ရဲ မကိုင်ရဲလောက်တာကို လုပ်ရဲကိုင်ရဲခြင်း သဘောပဲရှိမယ်လို့ တွေးလို့ ရတယ်..
.ဒီတော့  လုပ်ရဲကိုင်ရဲတယ်ဆိုတာ တစ်ယောက်နဲ့ တစ်ယောက်မတူနိုင်သလို ကဏ္ဍတွေလည်း ကွဲနိုင်တယ်..ဆိုပါတော့  ငါးပါးသီလကိုခါးဝတ် ပုဆိုးလိုမြဲမြံအောင် ထိမ်းသိမ်းပြီး ဓမ္မကို ကို အသက် အသေခံပြီး စောင့် ရှောက်ရဲတယ်ဆိုတဲ့  ယုံကြည်ချက်အတွက် အသက်ကိုတောင်စွန့် ရဲတဲ့ သတ္တိရှိကောင်းရှိနိုင်ပေမယ့်  ကြက်သားရောင်းတဲ့ ကြက်သည်တစ်ယောက်လို တောင်ပံတဖြတ်ဖြတ် နဲ့  ရုန်းကန်ရှင်သန်ဖို့ ကြိုးစားနေတဲ့  ကြက် အရှင်တစ်ကောင်ကို စားဖို့ အတွက် သွေးအေးအေး နဲ့ ကွမ်းဝါးမပျက် မျက်နှာတစ်ချက်မတွန့် ပဲ လက်ရဲဇက်ရဲ လည်လှီးသတ်ဖြတ်ရဲပါ့ မလားလို့ တွေးစရာရှိလာမယ် မသတ်ရဲဘူးဆိုတာနဲ့ ဒီ ဓမ္မကိုအသက်နဲ့ လဲစောင့် ရှောက်သူဟာ ဒီလောက်လေးတောင် သတ္တိမရှိဘူးလို့ အပြစ်တင်ထိုက်လို့ လားလို့ ဆက်တွေးစရာရှိလာမယ်ပေါ့ ..ဒါဟာ အခု ၂၁ရာစုကနေ သတ္တိဆိုတဲ့ စကားလုံးက ဖြစ်လာတဲ့ အတွေးတွေကို ထိုင်တွေးနေတဲ့ သဘောပါပဲ....
သဘောက သမိုင်းစဉ်ထဲက အဖြစ်အပျက်တစ်ခုဟာ အဲ့ အတိုင်း ဟုတ်မဟုတ် အတိအကျမဆိုနိုင်ပေမယ့်  ဇာတ်ညွှန်းဆရာ လိုရာဆွဲ ပုံဖေါ်ချင်သလို ဖေါ်တိုင်း နားဆင်သူက ဒါဆိုဒါပဲမှတ်ရမယ်ဆိုတာမျိုးကို လိုက်ပုံသေ မှတ်နေမှာ မဟုတ်ဖူး သူ့ မှာလည်း တွေးတတ်တဲ့ ဦးနှောက်တစ်ခုပါနေလို့ သူတွေးဆချင်သလို တွေးနေမယ်ပေါ့ လေ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..