ရင်းနှီးမှု့ ကို အလွဲသုံးစားအလုပ်ခံရတဲ့ အခါ....
----------
ဖြစ်ရပ်မှန်ဆိုတဲ့  အမေရိကန်ရုပ်ရှင်ကားတစ်ကား ကြည့် ခဲ့ ရတယ်..ဇာတ်လမ်းအနှစ်ချုပ်က အမေရိကန်မလေးတစ်ယောက်ဟာ တိုးခရီးစဉ်လှည့် ပတ်သွားရင် ခပ်ဖြောင့် ဖြောင့် နဲ့ အပြောကောင်းတဲ့ ကိုလံဘီယာသားတစ်ယောက်နဲ့ တွေ့ ပြီး ကြွေသွားခဲ့ ရတယ်၊ စိတ်လွတ်သွားလို့ ကြွေသွားပေမယ့်  အမေရိကားမှာ သူ့ နဂိုအတူနေချစ်သူကရှိခဲ့ ပြီးသားပါ၊နောက်တော့ ကိုလံဘီယာကိုလိုက်လည်ဖို့ ခေါ်တာနဲ့ ပါသွားရင်းအတူပျော်ခဲ့ ကြတယ်၊ နောက်တော့  အလုပ်က ခွင့် ရက်စေ့ လို့ အမေရိကားကိုပြန်ချိန်မှာ သူ့ ရီစားသစ်ကိုလံဘီယာသားလည်း အတူလိုက်ခဲ့ မယ်ပေါ့ လေ။ လိုအပ်တဲ ဗီဇာတွေကို အမေရိကန်မလေး က လုပ်ပေးခဲ့ တယ်၊ တစ်နေရာစီ နေကြတာဖြစ်လို့ လေဆိပ်မှာချိန်းတယ်၊ လေဆိပ်မရောက်ခင်လမ်းက အိမ်တစ်အိမ်မှာ ခရီးဆောင်သေတ္တာလေး တစ်လုံးဝင်ယူလာခဲ့ ပါလို့  မှာတာနဲ့ ဝင်ယူလာပေးခဲ့ တယ်..အမေရိကန်မလေးက လေဆိပ်ကိုကြိုရောက်နေတာနဲ့  လေဆိပ်က စစ်ဆေးရေးမှာ အိပ်တွေတင်စစ်တဲ့ အခါ သူလမ်းက ၀င်ယူလာပေးခဲ့ တဲ့ သူ့ ရီးစားသစ်လေးရဲ့ သေတ္တာထဲမှာ ကုတ်ကင်းတွေကိုရှာတွေ့ သွားလို့ အဖမ်းခံလိုက်ရတော့ တယ်..။ သူ့ ရီးစားသစ်လေးက ဒါကိုအဝေးကချောင်းကြည့် နေတာမြင်သွားတာနဲ့ ဒိုးတော့ တာပါပဲ.နောက်တော့ အမှု့ ဖြစ်ရောဆိုပါတော့ အမေရိကန်သံရုံးလည်းပါလာ အမေရိကားကချစ်သူပါ သစ္စာရှိရှိနဲ့ လာလုပ်ပေးနဲ့ ကမ္ဘာကျော်အမှု့ ဖြစ်လာတယ်..ဥပဒေအရငြိနေလို့  အပြီးလွှတ်မရမေယ့်  အနဲဆုံး အပြစ်ဒဏ်နဲ့ ကိုလံဘီယာထောင်ထဲရောက်သွားတော့ တယ်၊ လျှော့ ရက်တွေနဲ့  ပြန်လွတ်တော့ တောင် ဆယ်စုနှစ်နီးပါးနေခဲ့ ရတယ်။
ဒီအဖြစ်အပျက်မှာ အဓိကခံလိုက်ရတာက ရီးစားဆိုတာနဲ့ အလွယ်တကူယုံမိလိုက်တဲ့ အမှားကနေ ကိုယ့် ကိုအသုံးချယုံသက်သက်သာလာဝိုက်တဲ့ သူနဲ့ တွေ့ လိုက်ရတဲ့ အခါ ဘ၀ပျက်သလိုတောင်ဖြစ်သွားရတဲ့ သဘောလို့ တွေးမိလိုက်သေးတယ်..တကယ့် ကို ဒီအဖြစ်အပျက်မျိုးဆန်ဆန် အပြင်မှာကြုံဖူးရလိမ့် မယ်လို့ မတွေးမိခဲ့ သေးဘူး...
တစ်နှစ်က အမျိုးသမီးတစ်ယောက်လာခဲ့ တယ်..အကြောင်းက သူ့ ယောက်ျား စင်္ကာပူလေဆိပ်အ၀င်မှာ ကျောက်တွေနဲ့ အတူအဖမ်းခံထားရလို့ ပါလို့ ဆိုလာတယ်..
(ဂြိုလ်တွေသက်ရောက်တွေအကြောင်းထားလိုက်ပါတော့ )...ဖြစ်စဉ်အစကို နားထောင်တော့ ..သူတို့ လင်မယားဟာ စင်္ကာပူကို သွားချည်ပြန်ချည် အိမ်ဦးနဲ့ ကြမ်းပြင်လိုဖြစ်နေတဲ့ ဘောစိပေါက်စ လင်မယားဖြစ်တယ်..ဒီတော့ ထုံးစံအတိုင်း မိတ်ဆွေတွေရဲ လူကြုံပစ္စည်းလေးတွေ ယူသွားပေးလိုက်ပြန် သယ်ပေးလိုက်တွေ အလွယ်တကူ လုပ်ပေးခဲ့ ကြတယ်..သူတို့ မိတ်ဆွေတွေထဲမှာ ရတနာ ပွဲစားတွေလည်းရှိတယ်..ဒီလို လူကြုံအဖြစ် အပေါ့ အပါး ကီလိုချိန်နဲလေးတွေ ယူသွားပေးလိုက်တဲ့ အခါ ဘာပစ္စည်းလေးတွေပါလို့ ပြောတဲ့ အခါ ပြောကြ မပြောတော့ တဲ့ အခါလည်း မပြောဖြစ်ကြဖူးလို့ ဆိုတယ်..ယုံကြည်မှု့ တွေရှိနေကြလို့ မဟုတ်တာတွေတော့  လုပ်မှာမဟုတ်ဖူးလို့ ထင်ခဲ့ ကြတယ်လို့ ဆိုတယ်..
ဒီတစ်ခေါက်မှာတော့  စားစရာအခြောက်ထုပ်လေးနဲ့ လက်မှု့ ပစ္စည်းဗူးလေးလိုလို ပတ်ကင်ဗူးလေး၂ဗူးလူကြုံပေးလိုက်လို့  ပေါ့ ပေါ့ပါးပါးဖြစ်တာနဲ့  ဘာပစ္စည်းလဲလို့ ပြန်မမေးမိတော့ ပဲ လူကြုံယူသွားပေးလိုက်တာလို့ ဆိုတယ်၊ စလုံးလေဆိပ်အ၀င်မှာတော့  အဲ့ ဗူးလေး၂ဗူးထဲမှာ ပုလဲကဒ်နဲ့ ကျောက်စိမ်းကဒ်လေးတွေဖြစ်နေပြီး ဒေါ်လာ၈သောင်းကျော်လောက် တန်တယ်လို့ ဆိုတယ်...အဲ့ မှာ အဖမ်းခံရတာတော့ ပါပဲလို့ ပြောပါတယ်...
အဲ့ တော့အမှု့ ဖြစ်တယ် စလုးက စလုံးပေါက် ရှေ့ နေကိုပဲငှားပြီးရင်ဆိုင်ရတာ ၆လကြာပါတယ် ( ယတြာတွေတောက်လျှောက်ကူပေးနေရပါတယ်) အမှု့ က ကံကောင်းလို့ ထောင်ဒဏ်မချပဲ ဒဏ်ငွေနဲ့ ပြီးပေမယ့် ပစ္စည်းကအသိမ်းခံလိုက်ရပါတယ်၊ မူလပိုင်ရှင်မိတ်ဆွေပစ္စည်းရှင်တွေဟာ ကရုဏာသက်စကားမဆိုတဲ့ အပြင် သူ့ ယောက်ျား အဖမ်းခံထားရတာတောင် ပထမ အလျော်ခိုင်းပါသေးတယ် အားလုံးက မလျော်ဖို့ ဝိုင်းပြောတာနဲ့ မလျော်ပေးခဲ့ ပေမယ့်  သတင်း အဖြန့် ခံရပုံက ဒါဟာ ဂိတ်နဲ့ သက်သက် ပေါင်းရိုက်တာ ပစ္စည်းတွေ လိမ်ထားတာ လဲထည့် ထားပြီးမှ လုပ်စားသွားတာလို့  သတင်းလွှင့်တာကို ခံစားလိုက်ရပါသေးတယ်..
.
အတွင်းသိ အစင်းသိတွေကတော့  သူတို့ လင်မယားရဲ့ ရိုးသားမှု့ ကိုသိနေကြလို့ သာ တော်သေးတယ်လို့ ဆိုပေမယ့်  ဒီအဖြစ်အပျက်တွေ မပြီးမချင်း စိတ်ထောင်းလို့ ကိုယ်ကြေ အချိန်ကုန်လူပမ်း သဘောကတော့  ငွေနဲ့ အစားထိုးလို့ မရပါဘူး...သူ့ ယောက်ျားလည်း အသားလွတ် စင်္ကာပူ ဘလက်လစ်ဇ် စာရင်းဝင် သွားတော့ တာပါပဲ...
လောကမှာ အဲ့ လို ရင်းနှီးမှု့ ကို အလွဲသုံးစားလုပ်တာတွေ တစ်ပုံကြီးကြားခဲ့ ရပေမယ့်  အလုပ်ကနေ တစ်ဆင့် ကြုံလိုက်ရတဲ့ အဖြစ်တွေထဲမှာ ဒီအလွဲသုံးစားမှု့ က အတော်ကြီးကျယ်ပါတယ် ရတနာမှောင်ခိုသဘောဖြစ်သွားတဲ့ အမှု့ ဟာ တစ်ချို့ နိုင်ငံတွေမှာ သေဒဏ်တွေ နှစ်ကြီး ထောင်ဒဏ်တွေဖြစ်သွားနိုင်ပြီး ဘ၀ပျက်သွားနိုင်တဲ့ အမှု့ မျိုးပါ...၊ ဒီလိုတန်ဘိုးမြင့် ရတနာပစ္စည်းတွေ သယ်ကြယူကြတာဟာ တရားဝင်သဘောဆို စစ်ဆေးမှု့ အမျိုးမျိုးနဲ့ ကြာတတ်လို့  အောက်လမ်းဆိုတဲ့  လိုင်းရိုက်တာ ပွဲစားတွေ ချိတ်ဆက်တွေသူ့ ကွန်တက်နဲ့ သူ သယ်ကြတာမျိုးပါပဲဗျာ...အခုကတော့ အချင်းချင်းသွားနေကြကို လိုင်းရိုက် ငွေအကုန်မခံပဲ အချောင်လေးထည့် ပေးလိုက်တဲ့ သဘော(၀ါ) ခင်မင်မှု့ ကို အလွဲသုံးစားလုပ်လိုက်တဲ့ သဘောပါပဲဗျာ...
ဒါကြောင့် ဒီလိုအတွေ့ အကြုံတွေအများကြီးကြားနာ ကြုံတွေ့ နေရလို့  ကျနော်က ခဏခဏရေးတာပါ..လူဆိုတာ စိတ်ပြောင်းတတ်တယ်..စိတ်မပြောင်းတာ တိရိစ္ဆာန်ပဲရှိတယ် ကျားကတစ်သက်တာမြက်မစားဘူး နွားကလည်း အသားမစားဘူး လူက ခုပဲသက်သပ်လွတ်စားလိုက် တော်ကြာအသားစားလိုက် နဲ့ ပြောင်းပြောင်းစားတတ်တယ် ကိုယ့် စိတ်ကိုယ်တောင် အမြဲသမာဓိကောင်းနေမယ်လို့ အာမ မခံနိုင်ဘူး ခေတ်မကောင်းဘူး ချင့် ယုံပါ ဘာညာတွေပေါ့ ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..