Powered By Blogger

Friday, March 6, 2015

ကောလာဟလမှာ ယုတ္တိရှိစရာမလိုဘူး..လူသိများဖို့ ပဲလိုတယ်..


ကောလာဟလမှာ ယုတ္တိရှိစရာမလိုဘူး..လူသိများဖို့ ပဲလိုတယ်..
-----------------------------------
အမြင်မှာ ပကတိရုပ်ပစ္စည်း မျက်စိနဲ့  ဆင်ခြင်ယူရတဲ့ ဥာဏ်မျက်စိ သဘော ခွဲတယ်...ပကတိမျက်စိရဲ့ အမြင်စွမ်းအားက အကန့် အသတ်ရှိသလို အရာရာတိုင်းကို မမြင်နိုင်ဘူး ဥပမာ လေ ရှိတာကို မမြင်ရသလိုပေါ့ ၊ ဒါပေမယ့်  လေရှိကြောင်းကို ဆင်ခြင်နိုင်တဲ့ ဥာဏ်မျက်စိကနေ ကြားခံတစ်ခုခုကို ခံပြီး သိတယ်။ ဥပမာ သစ်ရွက်အငြိမ် အလှုပ် နဲ့ ကိုယ့် ရဲ့ အသက်ရှု့ မှု့ စနစ် ကို ခံပြီး လေရှိမရှိသိတာမျိုး...သဘောက ပကတိမျက်စိနဲ့  မမြင်ရတိုင်း မယုံဘူးလို့  ငြင်းရင် ရယ်စရာဖြစ်သွားနိုင်သလို ဆင်ခြင်သိရဲ့ အရေးပါမှု့ ကို ပယ်ရာကျလိမ့် မယ်ပေါ့ လေ...
ပုဂံခေတ်က မင်းတစ်ပါး ပျက်သုဉ်းခါနီး(၀ါ) မင်းသက်စံကံကုန်ခါနီး မှာ လူသိများတဲ့  ကောလာဟလ တစ်ခုဖြစ်ခဲ့ တယ်လို့ ဆိုတာ စာပေတွေထဲတွေ့ နိုင်တယ်၊ မုဆိုးမ တစ်ယောက်ဟာ သူ့ ရဲ့ ဆန်ပြာနေကျ ဆန်ကော လေပြင်းတစ်ချက်အဝှေ့ မှာ ကောင်းကင်အဝေးကို လွင့် ပါသွားတယ်လို့ ဆိုတယ် ဒီတော့  အဲ့ မုဆိုးမဟာ သူ့ ဆန်ကော လေထဲလွင့် ပါသွားလို့  '' ဟယ် ငါ့ ဆန်ကောလွင့် သွားပြီးတော့  ရှေ့ ကလူတွေ ကောက်ထားလိုက်စမ်းပါဟယ်.;;;;;..လို့ အပြေးလေးလိုက်တယ်၊လို့ ဆိုတယ်

အညာဒေသဟာ အပူပိုင်းဒေသဖြစ်တယ် ဒီတော့  လေပြင်းဝှေ့ တဲ့ အခါ အောက်ပြည်လို တစ်ချက် ဒဲ့  မြေပြင်ညီ ခပ်ပြင်းပြင်း တိုက်ခတ်တာမျိုးထက် လေဆင်နှာမောင်းလို လေပူတွေဟာ ပူရင် အခိုး အပေါ်တက်တဲ့  သဘာဝ နိယာမဖြစ်စဉ် အရ လေပူ ၀ဲကန်တော့ အဖြစ်နဲ့ သဲတွေ ဖုံမှုန့် တွေထရင် အထက်ကို ပင့် တင်သွားလေ့ ရှိတယ်

(သစ်ရွက်တွေအမှိုက်အပေါ့ စားတွေ ထဘီတွေပုဆိုးတွေ နောက်ဆုံး မီးလောင်ပြင်မှာ မီးကြီးရင် ဆန်ကောတစ်ချက်ထက်လေးတဲ့  သွပ်ခေါင်းမိုးပြားတွေ ကောင်းကင်အထိ လွင့် ဝဲ တက်လာတာမျိုး မကြာခဏမြင်ဘူးခဲ့ ပြီးပြီ)...ဒီတော့  ဆန်ကောတစ်ချပ်လည်း ကောင်းကင်ကို လေပူနဲ့ လွင့် တက် အိမ်ကနေ ခပ်ဝေးဝေးလွင့် ပါသွားနိုင်တာဟာ ယုတ္တိတန်တယ်...



ဒီတော့  မုဆိုးမဟာ လက်၂ ဖက်ကို ကောင်းကင်ဆန့် တန်း ခေါင်းက ကောင်းကင်မော့  ဆန်ကောလွင့် သွားရာလမ်းတစ်လျောက် 'ငါ့ ဆန်ကော ငါ့ ဆန်ကော ရှေ့ ကလူတွေ ရရင် ကောက်ထားလိုက်စမ်းပါ ဖမ်းထားလိုက်စမ်းပါ အဲ့ ဒါ ငါ့ ဆန်ကော ငါ့ ဆန်ကောပါအေ...'' ;;;;လို့  အပြေးကလေးလိုက်ခဲ့ ပါလိမ့် မယ်..
.
.( ကိုယ့်ဆောင်း နေကျ့ ဦးထုပ် လေကြောင့်  လွင့် သွားရင် သူများ မကောက်ခင် ကိုယ်နေဟန်ထားပျက်ပြီး ကိုယ်တိုင် အပြေးကလေး လိုက်ကောက်မိသလိုပေါ့ )

( ဒီနေရာမှာ တစ်ချက် ၀င်တွေးစရာရှိတာက ဒီဘက်ခေတ်အလိုအရဆိုရင် ဆန်ကောတစ်ချပ်တန်ဘိုးဟာ ဘယ်လောက်မှမရှိပဲ ဘာလို့ အသည်းအသန် ဆန်ကော နောက်လိုက်ရသလဲပေါ့ ...ဒါဟာ အိမ်ရှင်မတွေရဲ့  ၀ိဥာဉ်စိတ်ကို နားလည်တတ်ရင် ဖြစ်နိုင်တယ်လို့ သိနိုင်တယ် ကိုယ့် ပစ္စည်းကိုတန်ဘိုးထားတဲ့ အိမ်ရှင်မတွေဟာ တန်ဘိုးသိပ်မကြီးပါဘူးလို့ ဆိုနိုင်တဲ့  မြင်းကျားခေါင်းစတီးဇွန်းလေးတစ်ချောင်း ကိုတောင် အလဟဿ မဖြစ်စေသလို တကယ့် ကိုဆင်းရဲပြီ ဆိုရင် အဲ့ ဒီ့ စတီးဇွန်းလေးတောင် မိသားစု တစ်ယောက်ချင်း အတွက် လူစုံ ဇွန်းတစ်ချောင်းစီ ကိုင်ဖို့  လူ စေ့ ဇွန်းစေ့ မရှိပါဘူး ဆိုတာ ဆင်းရဲဘူးရင် (သို့ ) ဆင်းရဲသားတွေနဲ့ နီးစပ်ဘူးရင်သိနိုင်တယ် ခံစားနားလည်ပေးနိုင်တယ်)

နောက်တစ်ချက်က ဆန်ကောတစ်ချပ်လွင့် ရာကနေ ငဇဂေါ တပ်ကြီးချီလာပြီ ဆိုပြီး ဘာလို့ ကောလာဟလ အသွင်ပြောင်းသွားပြီး ပုဂံပြည်ကြီးတုန်လှုပ်ခြောက်ခြား
သွားရသလဲဆိုတာ ကိုတွေးကြည့် ရင် ခုခေတ်စီးပွားပညာစသဖြင့် အစစ ကျပ်တည်းနေတဲ့ ခေတ်က လူတွေရဲ့ အနာဂတ်မဲ့ နေသလို ခံစားနေရတဲ့ စိတ်နဲ့ ထင်ဟတ်ကြည့် လို့ ရတယ်..

နဂိုကကို တိုင်းပြည်ဟာ အုပ်ချုပ်သူတွေရဲ့  အုပ်ချုပ်ရေးစွမ်းရည်ညံ့ နေချိန်တွေမှာ အုပ်ချုပ်သူတွေ ကိုယ်တိုင်က တစ်ခုခု အတွက် လူစုလူဝေးလုပ်လိုက်တာနဲ့  ဗကပ ဆဲလ်တွေ ဖြစ်တယ် အကယ်၍ ဗကပ တွေသာ အာဏာရသွားရင်လို့  တွေးကြောက်နေတာမျိုး အနောက်က အမေရိကန်က လေယာဉ်တင်သင်္ဘောကြီးနဲ့ ပဲ လာစစ်တိုက်တော့ မလိုလို တွေးကြောက်နေသလိုလိုမျိုးဖြစ်နေချိန်မျိုးသဘောတရားနဲ့ ဆင်မယ်.

.ပြည်သူပြည်သားတွေ စိတ်မှာလည်း ကိုယ့်  လယ်ယောမြေတွေတင်မက ကိုယ့် အိမ်ကိုယ့် ယာထဲအေးအေးလူလူ နေတာတောင် လုံခြုံမှု့ ကင်းမဲ့ နေတယ်လို့  စိတ်ရှိနေချိန် လက်ရှိမင်းကို စိတ်ကုန်နေချိန် ဘယ်မင်းလာလာ လက်ရှိမင်းထက်တော့  ကောင်းမယ်လို့ ထင်တဲ့  မင်လောင်းသစ်ကို မျှော်လင့်မိနေချိန်သဘောလို့ တွေးဆ ခံစားပေးလို့ ရသလို ကိုယ့် စစ်တပ်ကိုကိုယ် အားကိုးလိုနေမှု့ လျော့ ပါနေချိန် စိတ်ကုန်နေချိန် ပြည်ပက စစ်တပ်ကြီး တစ်တပ်တပ်များ ခုနေလာတိုက်ရင် ငါတို့ စစ်တပ်အရည်အချင်းနဲ့ တော့  ဒုက္ခပါပဲလို့  ခံစားနေမိချိန်..တိုက်ဆိုင်သွားရင်...

ဆန်ကောတစ်ချပ်လေထဲလွင့် သွားမှု့ ရဲ့  ပြဿနာဟာ ဆင်ခြင်တုံတရားကို ဖျက်ဆီးပစ်လိုက်ပြီး ကိုယ့် ရဲ့ အသက်နဲ့ ဘ၀ ပျက်မှာကို နေ့ နေ့ ညည စိုးရိမ်သောက ဖြစ်နေရတဲ့  အကြောက်တရားကနေ တိုင်းပြည်ကြီးပျက်သုဉ်းကိန်း (၀ါ) တိုင်းပြည်ကြီး ဖယိုဖရဲ ဖြစ်သွားကိန်း (၀ါ) နောက်မင်းသစ်ဖြစ်လာကိန်း ဆိုက်သွားနိင်တဲ့ သဘောဖြစ်လာတယ်...

ကောလာဟလဆိုတဲ့ အသံတွေ အထွက်အများဆုံး အချိန်နဲ့  နေရာဒေသတွေဟာ အနာဂတ်မျှော်လင့် ချက်မဲ့ နေတဲ့  လူတွေ အုပ်ချုပ်သူတွေ အုပ်ချုပ်ရေးစွမ်းရည်ညံ့ လွန်းလို့  စီးပွားပညာလူနေမှု့ သက်သာချောင်ချိမှု့ အဖက်ဖက်က မြေကြီးရောက်အောင် ထိုးဆင်းနေတဲ့  ဒေသတွေမှာသာ ဖြစ်ပေါ်လေ့ ရှိတာတွေ့ နိုင်တယ်...ဘာသာရေး အယူသန်သူတွေကတော့  မနက်ဖြန်သဘက်ပဲ ကမ္ဘာပျက်နိုးနိုးပေါ့ ....

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..