Powered By Blogger

Friday, March 6, 2015

ကမ္ဘာ့ ပထမတွေ ၊ ရွက်ဖျင်တဲတွေနဲ့  ကျနော်တို့ ရဲ့ အစွဲတွေ...


ကမ္ဘာ့ ပထမတွေ ၊ ရွက်ဖျင်တဲတွေနဲ့  ကျနော်တို့ ရဲ့ အစွဲတွေ...
----
ကိုယ့် မျက်စိထဲ အထူးအဆန်းဖြစ်နေပုံက အရေးအခင်းဖြစ်နေပါတယ်ဆိုမှ ခေတ်ပေါ် ရွက်ဖျင်တဲကို လမ်းလယ် ယူလာပြီး ကျကျနနထိုင် ကွပ်ကဲရေး လုပ်နေပုံက ဆန်းသလိုဖြစ်နေပေမယ့် ..သမိုင်းအရဆိုရင် ကမ္ဘာမှာ ပထမညန်မာကိစ္စတွေက အတော်များများရှိခဲ့ ဖူးတယ်ဆိုတော့ လည်း ထူးပေသည့် မဆန်းပေါ့ လေ...အဲ ပထမမြန်မာတွေထဲမှာ ဆန္ဒပြသမားတွေက ကိုယ့် ကို နှိပ်ကွပ်ဖို့ အမိန့် စောင့် နေတဲ့ သူတွေကို အအေးတွေတိုက် မုန့် တွေကျွေး တော်ကီလေး ဘာလေးထု နှိပ်ကွပ်မဲ့ သူတွေကလည်း ပြုံးစေ့ စေ့ နဲ့ နားတွေ ဘာတွေယောင်တောင်ပေါင်တောင်ထောင် ကမ်းတဲ့ မုန့် တောင်လှမ်းယူစားမိလိုက်သေးပါလားလို့ ပေါ့ .. သမိုင်းဖတ်စာထဲက သူရဲကောင်းတွေလို တစ်နပ်စားဖူး သူ့ ကျေးဇူးကိုသာ အာရုံထားမိလို့ ကတော့  ယူနီဖေါင်းချွတ် အလုပ်ထွက်ယုံသာရှိတော့ မယ်..ဒါပေသိ..ဒါလည်း ထူးခြားမြင်ကွင်းမျိုးပဲ တစ်သက်နဲ့ တစ်ကိုယ် အရေးအခင်းတွေကြုံဖူးခဲ့ သမျှ ဒီလိုမျိုး တွေ မီဒီယာပေါ်ကနေမြင်ရတာ ဒါ ပထမပဲ ..ကြုံခဲ့ သမျှ အမြဲတန်းကတော့  ဖောက်ဖောက်ဖောက် ဖန်းဖန်းဖန်းတွေနဲ့ ချည်းတိုးခဲ့ တာ.



ပြောချင်လို့ ရေးတာက ခေတ်ပေါ်ရွက်ဖျင်တဲ ကိစ္စပါ။ အိမ်နားက ဆေးခန်းက အစက အိမ်ရှေ့ မှာ ဘာဆန်းရှိတ်တွေ တာလပတ်စောင်းတွေ မရှိခဲ့ ဘူး..နောက်တော့  လူနာတွေက နေပူကြဲတဲထဲ လမ်းမမှာရပ်စောင့် နေရတာများလာလို့ နဲ့ တူပါရဲ့  အဲ့ ခေတ်ပေါ် ရွက်ဖျင်တဲကို အိမ်ရှေ့ မှာ ထိုးပေးထားရောဗျာ.့ ..ကျနော်တို့ ကတော့  ရုပ်ရှင်ထဲ က မြက်ခင်းပြင် မင်္ဂလာဆောင်လေးတွေမှာ ချထားပြီး စားပွဲအလှခင်း ကိတ်မုန့် တင် ရှန်ပိန်ပုလင်းတင်နဲ့  တွေ့ နေကျမို့ မထုးဆန်းပေမယ့်  ဆေးခန်းလာတဲ့ သူတွေက အဲ့ ရွက်ဖျင်ကြီးလည်း ခက်လှမ်းလှမ်းက တွေ့ ရော ဆေးခန်းကို ချက်ချင်းမ၀င်သွားရဲပဲ ကျနော်တို့ အခန်းကို ၀င်ဝင်မေးပုံက''' ဟိုဖက်ဆေးခန်းက နာရေးရှိ လို့ လားဟင်...ရွက်ဖျင်ကြီးထိုးထားတာတွေ့ လို့  ဘယ်သူဆုံးတာလဲ  '' ဘာညာနဲ့  ကိုယ့် အခန်းကိုဝင်ဝင် မေးတာ ခံရပါလေရောဗျာ....အမငီး...အဲ့ ခေတ်ပေါ် ဒီဇိုင်းအလွယ် ရွက်ဖျင်တဲ ကို ''နာရေးရှိလို့ ကနားဖျင်တဲထိုးတာလား ''တဲ့ ...တေစမ်းပါ့ စာဖတ်သူကြီးရာ...ဟီးး...

သုံးလေးပတ်လောက်ကိုကြာတယ် ရွက်ဖျင်တဲ ကြည့် ကြည့် ပြီး အဲ့ ဆေးခန်းမှာ နာရေးရှိလို့ လားချည်း လာလာ အမေးခံရတာ...။ ဟုတ်ပါ့  မေးလည်းမေးချင်စရာ
ကျနော်တို့ တောင် သူတို့ စပြီး ရွက်ဖျင်တဲကြီးလမ်းမ ချခါစက ဟင် .ဆေးခန်းကလည်း ကျက်သရေမရှိ နာရေးလုပ်တဲ့ ကနားဖျင်တဲကြီးနဲ့ တူလိုက်တာဆိုပြီး စိတ်ထဲက ဖြစ်မိသေးတယ်..လမ်းသွားလမ်းလာ အရပ်ထဲကလူတွေလည်း ကွက်ကြည့် ကွက်ကြည့် နဲ့ လေ....ခိခိ...အဲ...အဲ့ ရွက်ဖျင်တဲ အလွယ်တွေကို အပေါ့ အပါး သုံးတာများတာက မြို့ လမ်းတွေက နာရေးတွေမှာ အများဆုံး ဆွဲဆွဲသုံးနေတာလေ အရင်လို တာလပတ် လေးလေးကြီးတွေကို လမ်းသွယ်မှာ ကန့် လန့် ဖြတ်ပြီး လော်လီကား လွတ်အောင် မြှင့် ပြီးမှ သိပ်မသုံးကြတော့ တာ အဲ့ တာလပတ်ကြီးတွေက လေးကလည်းလေး ဖြုတ်ရတတ်ရကလည်း ခက်တာကိုး...

ကျနော်တို့ တွေရဲ့ အစွဲတွေကလည်း လွယ်ပါဘူး...ဒါကို ဒီနေရာမှာ ဒီလိုသုံးတာ  စမြင်လိုက်ရင် နောက်ဆိုလဲ ဒါပဲ ပုံသေမြင်မိတော့ တာ...ခေတ်ပေါ်ဆလွန်းကား နောက်မြီး အိမ်ရှည်တွေ ၀င်လာကာစက အသုဘပို့ တဲ့  ဦးပန်ချာကား (မသာကား) နဲ့ တူလိုက်တာ ခေါင်မိုးမှာ ပန်းကနုတ်လေး ဆင်ယုံလေးပဲလိုတော့ တယ် ဆိုပြီးဟာသလုပ်ရှောက်ပြောတော့  အရပ်ထဲကလူတွေ တော်တော်နဲ့ ဝယ်မသုံးရဲကြသလိုပေါ့ ....ဟဲဟဲ....


No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..