Powered By Blogger

Friday, March 6, 2015

ဆေးပေါင်းခနေရင် ဘုရားကုတွဲ


ဆေးပေါင်းခနေရင် ဘုရားကုတွဲ
----------
ကြုံတတ်ပါတယ် ကြုံလည်းကြုံရပါတယ်..ကျမ္မာရေးတစ်ခုခုဟာ ဖြစ်ရိုးဖြစ်စဉ်အချိန်တွေထက် မပျောက်မပျောက်နဲ့ ကြာမြင့် လာပြီး ဆေးပညာအရရော လောကီတွက်ရိုးတွေအရရော သူ့ အနေအထိုင်အစားအသောက်တွေပုံစံအရရော ကိုယ့် ဥာဏ်မီသလောက်ရော မယ်မယ်ရရ အပြစ်ဆိုလောက်စရာရှာမတွေ့ တော့ တဲ့ အခါ ဘုရားကုနဲ့ တွဲလိုက်ရပါတော့ တယ် အဲ့ တော့ မှ ခပ်သုပ်သုပ်လေးပျောက်ကင်းသွားတာတွေရှိတာ တွေ့ ရလေ့ ရှိပါတယ်...

အဲ့ ဒီလိုကြုံခဲ့ ဖူးတဲ့ အဖြစ်များစွာထဲက တစ်ခုက အသက် ၅၀ကျော်ပြီဖြစ်တဲ့ သုညကြွင်း အင်္ဂါ မရဏဖွား အပျိုကြီးတစ်ယောက် ဟာ နှစ်နဲ့ ချီပြီး လည်ချောင်းနာနေတာ အနောက်တိုင်းရော အရှေ့ တိုင်းနည်းတွေရော ဆေးမြီးတိုတွေပါမကျန် ဆေးပေါင်းခနေပြီလို့ ဆိုပါတယ်...လည်ချောင်းနာတယ်
ဆိုတာ လည်ချောင်းကနာတာလား အာခေါင်က နာနေတာလားလို့  ကွဲအောင်မေးတော့  အာခေါင်ကမနာ ကြွက်သားတွေနာနေတာလို့ ဆိုပါတယ်

သူစိုးရိမ်တာက လည်ချောင်းကင်ဆာဖြစ်မှာကိုလို့ ဆိုပါတယ်..လည်ချောင်းကင်ဆာသာဆိုရင် ဒီလို နှစ်ပေါက်အထိနာနေမှာ မဟုတ်ပဲ လပိုင်းအတွင်းပြဿနာဖြစ်လာတတ်လို့  ဒီလိုနာနေပုံမျိုးနဲ့ ဆို ဒီကို ဗေဒင်လာမေးနိုင်ဖို့ နေနေသာသာ အခုဆို အရိုး ဆွေးနေလောက်ပြီပေါ့ လို့ ပြန်ပြောရင် သိုက်ရွိုက်တွေရောင်တာမျိုးရောစစ်ဆေးကြည့် သေးလားဆိုတော့  စစ်ပြီးကြာင်း မဟုတ်ပါကြောင်းပေါ့ ...



ဒါဆို ဒီလို လုပ်ကြည့် ပါ ဘုရားတစ်ဆူဆူသွားပါ အဲ့ က ရွှေချပူဇော်လို့ ရတဲ့ ရုပ်ပွားတော်တစ်ဆူဆူရဲ့  နှုတ်ခမ်းတော် လည်ချောင်းတော်တွေကို ရွှေဆိုင်းတွေချပူဇော်ပါ ဆုတောင်းရမှာက (တစ်စုံတစ်ယောက်ကို နှုတ်နဲ့ ဝစီကံနဲ့ ပြစ်မှားပြောဆိုတာများရှိခဲ့ ရင် ဘုရားရှင်ကိုပူဇော်ရသောကုသိုလ်ကြောင့်  အပြစ်တွေကြေပါစေ လည်ချောင်းနာပျောက်တဲ့ ဆေးဝါးတွေ့ ပါစေသောက်လက်စဆေးဝါးတွေ တိုးပါစေ )လို့  ဆုတောင်းရင်း လုပ်ကြည့် ပါ သုံးကြိမ်လေးကြိမ်လောက်ပေါ့ .ပြီးတော့  '' သုဂတောသိဒ္ဓိ ''..ဆိုပြီး ပုတီး ၉ပတ်လောက် တစ်နေ့ တစ်ကြိမ်လောက် တစ်ထိုင် ကြုံသလို စိတ်ကြည့် ပါ လို့  ပြောလိုက်တော့ ....

သူက အတူပါလာတဲ့ ဘေးက သူ့ အဖေါ်ကိုတစ်ချက် လှည့် ကြည့် ပြီး လုပ်ကြည့် မယ်လို့ တက်တက်ကြွကြွဆိုပါတယ်...

.(ကျနော်က သူ့ ကို အကုသိုလ်တုံးကြီးလို့  စွပ်စွဲရာမရောက်အောင် စိတ်ရှင်းအောင်  သူ့ ကို ဘာကြောင့် ဒီလို ညွှန်ရကြောင်း သဘောတရား ရှင်းပြပါတယ် လူဆိုတာ တစ်ခါတစ်လေ ကိုယ့် ထက် သီလသမာဓိပညာဘုန်းကံကြီးမားနေတဲ့  တစ်ယောက်ယောက်ကို သိသိကြီးနဲ့ ပဲဖြစ်ဖြစ် မသိလိုက်မိလို့ ပဲဖြစ်ဖြစ် ပါးစပ်နဲ့ နှုတ်နဲ့ စိတ်ထဲကနေ  ပွစိထိုးမိတတ်လေ့ ရှိပါတယ် အဲ့ လိုအခါမျိုးနဲ့  ကံမကောင်းချိန် နဲ့ တိုက်ဆိုင်သွားရင် အဲ့ ဒီလို ဆေးရွာလည်နေတဲ့ ရောဂါမျိုးတွေ၊ ပုံမှန်ဖြစ်နေတဲ့ လမ်းကြောင်းတွေမှာ အသားလွတ် ပြဿနာတွေဖြစ်လာတာ ဂြိုလ်နေဟန်ထားကောင်းပါရဲ့ နဲ့  အလုပ်တွေဘရိပ်ဖြစ်သွားတာမျိုး ထူးထူးဆန်းဆန်းတွေဖြစ်လာတတ်ပါတယ်...ကိုယ်ကတော့  ဘယ်အချိန်ဘယ်နေရာမှာ ဘယ်သူ့ ကို ဘာပြောမိခဲ့ မှန်း တစ်ခါတစ်လေမှတ်မိ အများအားဖြင့် မမှတ်မိတော့ တာများပါတယ် ဒီ့ အတွက် ဒီလိုဘုရားကုတွဲကြည့် တဲ့ နည်းကို ချသုံးအဖြေရှာကြည့် ရတာပါ...) လို့  ပြန်ရှင်းပြလိုက်ပါတယ်

ထူးဆန်းပါတယ် ၂ပတ်အတွင်း သက်သာလာ တစ်လအတွင်း ၂နှစ်လောက် လည်ချောင်းနာနေတာဟာ သောက်နေကျ လိမ်းနေကျ ဆေးဝါးတွေနဲ့ ပဲ အရှင်းပျောက်သွားတယ်လို့ ဆိုလာပါတယ်...ဘယ်နှစ်ကြိမ်လောက် သွားလုပ်မိလို့ လဲလို့ မေးတော့  ပျောက်ချင်ဇောကြီးနေတာနဲ့  ဘုရားကလည်း အိမ်နားတင်ဖြစ်နေလို့ ညနေတိုင်း သွားသွားလုပ်တာ တစ်ပတ်လောက်လုပ်ဖြစ်ခဲ့ တယ်လို့ ဆိုပါတယ်....

ဒီလို ဘုရားကုသဘောတွဲရာမှာ ဒူးနာတာ အပါအ၀င် ခြေထောက်ပြဿနာတွေမှာ အောက်ပိုင်းပစ္စည်းတွေ ဖြစ်တဲ့ ခြေသုတ်ခုံ တံမျက်စည်း ဖိနပ် ဖျာ တရားထိုင်တဲ့ ခုံ ဖျာပိုင်းတွေ လမ်းခင်းတာတွေမျိုးတွဲတာ ဘုရားတစ်ဆူဆူက ရွှေချပူဇော်လို့ ရတဲ့  ရုပ်ပွားတော်ရဲ့ ဒူးတော်ကို ရွှေဆိုင်းချချပေးပြီးရောဂါအတွက် ဆုတောင်းစေတာတွေဟာ ဘုရားကုတွဲတဲ့ အနေနဲ့ ပေးတဲ့ ယတြာပါပဲဗျာ...အမှန်တော့  ဘာယတြာလုပ်လုပ် ရောဂါမှမဟုတ်ပဲ ဘယ်လို ပြဿနာတွေကြုံကြုံ ဘုရားကုယတြာတွေ
တွဲပြီး ကုသိုလ်ရေးတွေ လုပ်သွားတတ်ရင် ပိုအလုပ်ဖြစ်တာပါပဲလို့  အတွေ့ အကြုံတွေအရ ဆိုလို့ ရပါတယ်...

တကယ်ကတော့  ယတြာဖြစ်စေ  ဘုရားကုတွဲတယ်ဆိုစေ ''' မိမိကောင်းမှု့ အကြောင်းပြု တောင်းတဲ့ ဆုနဲ့ ပြည့် ပါစေ '' သဘောတရားပါပဲဗျာ....

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..