'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Monday, March 9, 2015
အနိဌာရုံသဘောတွေ...
အနိဌာရုံသဘောတွေ...
-----
တိုက်ဆိုင်မှု့ ပါလို့ ဆိုမယ်ဆိုလည်း ဆိုပါတော့ လို့ ပဲဆိုကြပါစို့ ရဲ့ ...အဟီးးး....ဒီလိုပါ အယူဝါဒကို အခြေခံပြီး ထူးခြားမှု့ တွေ ဖြစ်တတ်တာကို ပညာတတ်ခြင်း မတတ်ခြင်း ဆင်ခြင်တုံတရားရှိခြင်း မရှိခြင်းဆိုတဲ့  မြင်ထောင့် တွေက ကျနော်က ကြည့် လေ့ မရှိဘူး...အကြောင်းက ယုံကြည့် မှု့ ဆိုတာဟာ ခေတ်ပညာတွေ စဉ်းစားတွေးခေါ်မှု့ တွေ ဆင်ခြင်သိတွေ နယ်ပယ်ကနေ ကျော်သွားတတ်လေ့ ရှိပြီး ယဇ်ပူဇော်မှု့ ပါတဲ့  အနိဌာရုံ ယုံကြည်မှု့ ကို ယုံကြည်တာ လွန်ကဲသွားရင် အစွန်းရောက်ဝါဒီတွေလို့ တောင် အမည်တပ်ခံရလေ့ ရှိလို့ ပါပဲဗျာ
ဒီတော့  ထူးခြားဖြစ်စဉ်တွေဟာ ကောလာဟလလို့ ပဲဆိုဆို မဖြစ်နိုင်ဘူး ဖြစ်နိုင်တယ် သဘာဝမကျဘူး ကျတယ်ပဲပြောပြော ကျနော်ကတော့  ထူးခြားဖြစ်စဉ်တွေ လူသိများလာရင် ဂျာနယ်ပေါ် အွန်လိုင်းပေါ် မှာ ပွစာတွေကျဲလာရင် သတိနဲနဲပြုလိုက်တယ်...ပြီးရင် အဲ့ ဒီ့ ထူးခြားဖြစ်စဉ်တွေ ဖြစ်ပြီးရင် မကြာခင် ဘာများဖြစ်လာမလဲကို စောင့် နားထောင်ကြည့် လေ့ ရှိတတ်ပါတယ်...
အများအားဖြင့်  အဲ့ ဒီလို ထူးခြားဖြစ်စဉ်တွေ ဖြစ်ပြပြီးရင် ဖြစ်ပြတယ်လို့  လူတွေက ထင်မြင်ပြီးရင် နောက်ဆက်တွဲ ထူးခြားမှု့ တွေက အနိဌာရုံအဖြစ်တွေ ဖြစ်လာတာ ကြုံလာရတာ ကြားလာရတယ်က အကောင်းဖြစ်ရပ်ထက်ပိုနေတာတွေ့ ရတယ်...
တစ်နှစ်က အိန္ဒိယမှာ အယူဝါဒအရ အထွဋ်အမြတ်အဖြစ်ခံရတဲ့ အပူဇော်ခံ သက်မဲ့ ကျောက်ဆစ်ရုပ် နွားမင်းရုပ်တုရဲ့  ပါးစပ်ဝမှာ နို့ ကို ဇွန်းနဲ့ ထည့် တေ့ ပေးရင် စုတ်ယူသွားတယ်လို့  လူထုကြားမှာ သတင်းကြီးလာပါတယ်..အဲ့ တော့  ယုံကြည်သူတွေ တန်းစီပြီး နို့ တိုက်ပူဇော်ဖို့ စောင့် တဲ့ လူတန်းကြီးဟာ ဖါလုံနဲ့ ချီပြီးလူတန်းရှည်ကြီးဖြစ်လာပါတယ်...နောက်တော့  ဒီသတင်းဟာ ရက်ပိုင်းအကြာမှာ ပြီးသွားပါတယ်...ဒါပေမယ့်  လပိုင်းမကွာခင်မှာပဲ အဲ့ နွားရုပ်တုရှိရာ ပြည်နယ်မှာပဲ ဘာသာရေး အဓိကရုန်းဖြစ်တာ လူတွေမနဲသေပြီး အိုးအိမ်စွန့် ထွက်ပြေးရတဲ့ မိသားစုတွေလည်း မနဲဘူးဖြစ်သွားပါတယ်...တိုက်ဆိုင်မှု့ ပေါ့ လေ..
ဒီလိုပဲ ဖိလစ်ပိုင်မှာ ကျွန်းစုကြီးတစ်ခုရဲ့  ဘုရားကျောင်းတစ်ခုက မယ်တော်မာရီ ရုပ်တုတော်ရဲ့  မျက်လုံးထောင့် တွေက သွေးယိုစီးကျလာတယ်လို့ သတင်းကြီးလာပြန်ပါတယ်...အဲ့ မှာလည်း ကမ္ဘာပျက်တော့ မှာမို့  တန်ခိုးပြတာပါဆိုပြီး အဲ့ ဘုရားကျောင်းကို လာပူဇော်ကြတဲ့  လူတန်းရှည်ကြီးဟာ အိန္ဒိယကလူအုပ်ကြီးလိုပဲ ဖြစ်သွားပြန်တာပါပဲ...မယ်တော်ရုပ်တုတော်က သွေးမျက်ရည်ကျတာမကျတာ အင်ထုတာမထုတာတာထက် ဘာများဖြစ်ဦးမှာလဲလို့ သတိထားလိုက်တဲ့ အခါ အဲ့ ကျွန်းစုမှာ အစွန်းရောက်တွေ နဲ့  အစိုးရတပ်တွေ တိုက်ပွဲကြီးတွေ ဖြစ်လာလို့  လူတွေမနဲသေ အရပ်သားတွေ ထွက်ပြေးရဖြစ်သွားပြန်တာပါပဲ...
ဒါဟာ ကမ္ဘာ့ မီဒီယာတွေမှာ အထင်အရှားသတင်းဖြစ်သွားခဲ့ တဲ့  ထူးခြားဖြစ်စဉ်တွေထဲက သတင်း နှစ်ပုဒ်ပါ. ...ဒီလိုမျိုးတွေ ဒေသအနှံ့ အပြားမှာ ဖြစ်လေ့ ရှိတာကိုလည်း သတိထားစောင့် ကြည့် ရင်တွေ့ ရမှာပါပဲ နောင်လည်းဖြစ်ဦးမှာပါပဲ....
ပြီးခဲ့ တဲ့ ရက်ပိုင်းတင် မန်းဌာနေက တန်ခိုးကြီး ရုပ်ပွားတော်တစ်ဆူက မျက်လုံးတော်ပွင့် တယ်လို့  သတင်းကြီးလာပြန်ပါတယ်...ယုတ္တိရှိတာမရှိတာ ဖွတာမဖွတာ အင်ထုတာမထုတာ အာရုံလွှဲတာမလွှဲတာ သိက္ခာကျတာမကျတာ သိပ္ပံနည်းကျတာမကျတာ စသဖြင့်  ထင်မြင်ချက်မျိုးစုံ ထွက်လာတာပါပဲ...
ကျနော်ကတော့  ထုံးစံအတိုင်း နောက်ဆက်တွဲ ဘာတွေဖြစ်မလဲ ပေါ့  စောင့် ကြည့် သူပေါ့  အဲ့  မန်းဒေသမှာပေါ့ ...(.ပထမတစ်ခါတုန်းက နံရိုးအပြိုင်းပြိုင်းနဲ့ ဒုက္ကရစရိယကျင့် တော်မူဟန် ရုပ်ပွားတော်မေးစေ့ ပျားဆွဲလို့ လူစည်ပြီး မကြာခင် ညမထွက်ရအမိန့် တွေထုတ်ပြန်ခဲ့ ရတဲ့ အထိ ပြဿနာတွေဖြစ်ခဲ့ တာလည်းသတိထားမိခဲ့ ပြီးသားပေါ့ လေ ( ထူးဆန်းတာ မဆွဲစဘုးအဆွဲထူးပြီး ပြဿနာတွေသာထဖြစ်လာတာ ဘယ်အချိန်မှာ ပျားအုံမရှိတော့ ဘူးဆိုတာလည်း သတင်းဖြစ်မလာတော့ သလို နောက်တစ်ခါ ထပ်ဆွဲတယ်လို့ သတင်းသဲ့ သဲ့ ထပ်ထွက်လာသေးပေမယ့်  ပထမဆုံးကလောက် လူတွေစိတ်မ၀င်စားတော့ တာလည်းသတိပြုမိသလို နောက်တစ်ခါ ဆွဲတယ်ဆိုပေမယ့်  ဘာမှဖြစ်မလာတာလည်းသတိထားမိပါတယ်×
ဒီတော့ မျက်လုံးတော် ပွင့် ပြတယ်ဆိုပြီး လူတွေကြားမှာရေပန်းစား ပွဲစည်လာပြန်တော့ ထုံးစံအတိုင်း မန်းဌာနေမှာ ဘာထူးခြားမှု့ တွေ ဖြစ်လာဦးမှာလဲ တစ်ချို့ တွေ ပြောသလို သာသနာတော်ကြီး ပွင့် လန်းတိုးတက်လာမှာလား...ကွိုင်တွေလာမှာလားပေါ့ ....ထူးခြားချက်ကတော့  သိပ်မြန်နေသလိုပါပဲ အမြန်လမ်းမှာ ကားမတော်တဆမှု့ ဖြစ်တာ စာမေးပွဲဖြေနေတဲ့ သံဃာတော်တွေ အစုလိုက်အပြုံ့လိုက် ထိခိုက်သေကြေ ဒဏ်ရာရကုန်ပါတယ်တဲ့ ..ပျံတော်မူတာက ၄ပါးဆိုလားငါးပါးဆိုလာပါပဲ ...သတိထားမိခဲ့ သမျှ အမြန်လမ်းမှာ သံဃာတော်တွေ တစ်ပြိုင်နက်ထဲ ပွဲအကြမ်းခံလိုက်ရတာ ဒါဟာ ပထမဆုံးကြားရတဲ့ သတင်းဖြစ်မယ်ထင်ပါရဲ့ ပေါ့ ...ထူးခြားပြန်တာက မန်းဌာနေမှာသာဒဲ့ သွားမဖြစ်တာ ၀င်တိုက်တဲ့ ကားက
(မန်းရွှေမြို့ တော်) လို့  မန်းဌာနေ အမည်တပ် ဟိုင်းဝေးဘတ်စ်ကားကြီးဖြစ်နေပြန်တာက ထူးခြားမှု့  (သို့ )တိုက်ဆိုင်မှု့ ဖြစ်နေတာပါပဲ .တစ်ခြားကားတွေနဲ့ မတော်တဆမှု့ ဖြစ်တာမဟုတ်ပဲလေ....ဒီတော့ စိတ်ထဲမှာ ဒီ ဘတ်စ်ကားမှာ ပါတဲ့  အမည်နာမလောက်နဲ့ ပဲ ပြီးပါပြီ လုံလောက်ပါပြီ ကျိမ်းကြေလောက်ပါပြီ ဆိုရင် တော်ပါသေးးရဲ့  မန်းမြို့ ပေါ်မှာ ပြဿနာတွေအကြီးကြီးဖြစ်လာမှာထက်စာရင်ပေါ့ လေ. .တွေးမိတာလေးပါ...
ဘာလို့  အကောင်းဖက်က မကောက်ယူပဲ...အနိဌာရုံတွေဘက်ကနေ ကောက်ယူမိတာ များလဲလို့  ပြန်တွေးရရင် ကြုံခဲ့ သမျှကလည်း ကောလာဟလလိုလို နဲ့ လူသိအလွန်များသွားတဲု့  ထူးခြားတစ်ခုခု ဖြစ်ပြီးတိုင်း မကြာခင် လူသိများတဲ့ အနိဌာရုံတွေကသာ ပိုပိုဖြစ်လာတတ်တဲ့  အတွေ့ အကြုံတွေကြောင့် ရယ် ဆုတ်ကပ်ဘက်သာ ဦးတည်နေတယ်ဆိုသဘောရယ်ကြောင့်  အနိဌာရုံဘက်ကိုသာ အရင်တွေးတော ကောက်မိတဲ့ သဘောပေါ့ လေ..
နောက်တစ်ချက်တွေးမိတာက အမျိုးတွေ ပြောလေ့ ရှိသလို ဘုရားက ထူးခြားတစ်ခုခုပြနေပြီဆိုရင်
(ယုတ္တိတန်တာမတန်တာနောက်ထား) '' နင်တို့ တွေ ဘုရားတရားလုပ်ကြ ဘုရားမမေ့ ကြနဲ့  လူတွေ အကုသိုလ်တွေ များနေလို့  ဘုရားမေ့နေကြလို့  နတ်ကောင်းနတ်မြတ်တွေက ဘုရားကို သတိရအောင် ကြားကနေ တန်ခိုးနဲ့ ဖန်တီးပေးလိုက်တာ...ဘုရားတရားသာအောင့် မေ့ထားကြ.''...လို့ ပြောသလိုများ....
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..