Powered By Blogger

Monday, June 15, 2015

''အဖေ နားမလည်ပဲ မကိုင်ပါနဲ့ ..''


''အဖေ နားမလည်ပဲ မကိုင်ပါနဲ့ ..''
-----
ဘ၀အသိတွေကို ဒီလိုပဲ ကိုယ့် ဝန်းကျင်ကအဖြစ်အပျက်တွေ ကြည့် ပြီး '' ငါ သာဆိုရင်တော့ '''ဆိုတဲ့  အသိကို မွေးယူခဲ့ ရတယ်..အမျိုးထဲမှာတကယ် ဖြစ်ခဲ့ တဲ့ 
စိတ်မကောင်းစရာအဖြစ်ပေါ့ ..

သားကြီးသြရသဟာ အမျိုးထဲမှာ ပထမဆုံး စက်မှု့ ကျောင်းဆင်းဘွဲ့ ရပညာတတ်ဖြစ်လာပြီး ကြီးပွားစပြုလာပြီ..ဒါကို တောနေတောစားဘ၀ကနေ မြို့ တက်အသက်မွေးရင်း သားတွေကို  ပညာတတ်ကြီးတွေဖြစ်လာအောင် ကျောင်းထားပေးခဲ့ ရင်းက အရွယ်လွန်ရွေ့ လျားတော့  အိမ်မှာနားသူ ဖြစ်လာတဲ ဖအေအိုကြီးက ဂုဏ်ယူမဆုံး  သားကြီး သားကြီး..နဲ့ ပေါ့ ..ကျနော်တို့ က ခေးတွေ ..သူတို့ အိမ်မှာ အောက်စက်ရှိလို့ ခွေငှားပြီး သူတို တိုရှိဘာမှန်နှစ်ထပ်ကြီးမှာ သွားသွားကြည့် ကြတယ်...



အဲ့ ခေတ်က ဂျပန်မိတ် နေရှင်နယ်လ် ထမင်းပေါင်းအိုးဆိုတာ ခန့် ပြီး ဈေးကြီးလွန်းလို့ တော်ယုံ လူမသုံးနိုင်ခင် သူ့ သားကြီးသြရဿက ၀ယ်ချလာပြီး သုံးကြပါတယ်..ထမင်းပေါင်းအိုးကြီးတွေဆိုတာ အဲ့ ခေတ်က..အတော်ပဲထုပြီး...ဂုဏ်ခံစရာ အတော်ကောင်းတဲ့ ပစ္စည်းပေါ့ ။တစ်နေ့ သူ့ သားကြီးသြရဿ
အလုပ်သွားနေတုန်း ထမင်းပေါင်းအိုး အဖုံး လက်ကိုင်အလယ်က မှန်ပေါက်လေးရဲ မူလီလေးနဲ့ ကိုင်းကမူလီလေးပြုတ်နေတာကို ဖအေလုပ်သူက ယူပြီး အိမ်က အဆင်ပြေရာ မူလီလေးတွေ နဲ့ အစားထိုးပေးထားလိုက်ပါတယ်...အိုကေ.ဂလုပ် ဂလုပ်တွေဘာတွေမမြည်တော့ ဘူး..ပေါ့ ...ဗမာရှေးအဖိုးကြီးတွေရဲ့ 
စတိုင်ပါပဲ....

ဒါကို သူ့ သားကြီး အလုပ်က ပြန်အလာမှာ သူ့ အဖေကြီးက ထမင်းအိုးကအဖုံး မူလီအစာားတပ်ပေးထားတယ်လို့ ပြောလည်းပြောလိုက်ရော...သူ့ သားကြီးဟာ.
.မီးဖိုချောင်ကို ကမန်းကတန်းသွားထမင်းပေါင်းအိုးအဖုံးကယူကြည့် ..ပြီးတော့ ထမင်းအိုးကိုပါ တောင်မကြည့် မြောင်ရွှေ့ ကြည့်  လုပ်ပြီး ခပ်ဆပ်ဆပ်လေး လှမ်းပြောလိုက်တာက..

'' အိုးက ဂျပန်မိတ်အစစ်ဗျ..တွေ့ ကရာတွေ နဲ့ အစားထိုးတာ မလုပ်ပါနဲ့  ပေါင်းအိုး တစ်ခုခုဖြစ်ရင် ကျနော်ပြန်လာမှလုပ်ပေးမှာပေါ့  ပစ္စည်းက အကောင်းစားတွေ .
.ဈေးကြီးတယ်..အဖေနားမလည်ရင် မကိုင်ပါနဲ့ ...''''''..လို့ ......

လှမ်းပြောလိုက်တဲ့ အခါ  သူ့ အဖေကြီးဟာ ကျနော်တို့ နဲ့ ခွေထိုင်ကြည့် နေရာက မျက်နှာအကြီး အကျယ်ပျက်သွားပြီး.'''အေးကွာ.သားကြီးရာ အဖေနားမလည်လို့ ပါကွာ...'''.လို့ အသံအက်အက်နဲ့ တစ်ခွန်းပြန်ပြောပြီး သူ့ အခန်းလေးထဲ ၀င်သွားပါတော့ တယ်...ကျနော်တို့ ခေးတွေလည်း..အခြေအနေမကောင်းဘူး လစ်မှ ဆိုပြီး ပြန်လစ်လာခဲ့ ပါတယ်..ဒါပေမယ့်  အဲ့ ကတည်းက သူ့ သားကို အစာမကြေတော့ တဲ့ စိတ်ကတော့  ခံစားလိုက်ရပါတယ်..

အတုန့် အတင် စကားခွန်းရေ နဲပေမယ့်  အဲ့ အဘရဲ့  သားဖြစ်သူရဲ့ မမျော်လင့် ပဲ အပြောခံလိုက်ရလို့ ဖြစ်လာတဲ့ စိတ်ဒဏ်ရာဟာ...အဲ့ အဘသေတဲ့ အထိ သူ့ သားကြီးသြရဿကို အရင်လို ဟက်ဟက်ပက်ပက် မရှိတော့ ပါဘူး မေးထူးခေါ်ပြောလောက်ပဲဖြစ်သွားပါတော့ တယ်.ကျနော်တို့ ခေးတွေရဲ့ 
ပါးစပ်ဖေါက်သည်ချမှု့ ကြောင့် တစ်မျိုးလုံးလည်း သိကုန်ပါပြီ..ဒါပေမယ့်  ဘယ်အမျိုးကမှ အဲ့ ကာယကံရှင် ၂ယောက်ကြား ၀င်မပါပါဘူးး..

ဒီလို သူ့ အဖေကို ဖြတ်ကနဲ ပြောမိလိုက်လို့ သူ့ အဖေ သူ့ ကိုစိတ်ခုသွားတာကို တစ်ပတ်လောက်မှာမှ သူ့ သားကြီးသြရဿက ရိပ်မိလို့  သူ့ အဖေကြိုက်တတ်တဲ့ ပစ္စည်း လေးတွေကို ဟိုဟာဝယ်ပေး ဒီဟာ ၀ယ်ပေးနဲ့  အမျိုးမျိုး လာဘ်ထိုးပေမယ့် .

..နောက်ကျခဲ့ ပြီ...သူ့ အဖေရင်ထဲက စိတ်ဒဏ်ရာဟာ....သေရာပါ.....

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..