ကျနော်တို့ တွေ ဒီဗေဒင်ကို သုံးနေတဲ့ စတိုင်....
------------
ကျနော်တို့ ဒီဗေဒင်ကို သဘောထားပုံက မသေခင် တစ်ဘ၀စာလေး ကြုံရမယ့် ဒုက္ခတွေက သက်သာရာ သက်သာကြောင်းလေး ဘေးအကူ အဖြစ် လောက်ပဲ သဘောထားတာ..ပြီးတော့  ဘ၀ဆိုတာ တကယ်က ရာကျော် နေရတယ်ဆိုတာ ရှားတယ်.ဒီတော့  ဘ၀ခရီးကို လျှောက်လှမ်းရတဲ့ အခါ ကိစ္စတစ်ခုခု ဗေဒင်ကြောင်းအရ သိရဖို့  အချိန်တွေ အများကြီး မပေးနိုင်ဘူး..
ဒီတော့ ခပ်သုတ်သုတ် နဲ့ အဖြေတွေ အမှား နဲနဲနဲ့ အမြန်ထွက်မယ့် လောကီပညာတွေကို ပိုအားသန်သွားတယ်..အဲ့ မှာ အမြန်ဆုံး ရက်စ် အော် နိုး ဆုံးဖြတ်နိုင်တဲ့ ပညာတွေကို လက်တွေ့ ချသုံးတော့ တာပါပဲ....
အဲ မှာလည်း ကျနော်တို့ ဗေဒင်ကို သုံးတဲ့ စတိုင်က လူဘယ်က စလဲလို ဆိုတာမျိုး နောက်ကို မလိုက်တော့ ဘူး အချိန်မပေးနိုင်ဘူး
လောလောဆယ် ရင်ဝက မြှားနှုတ်ဖို့ ပဲ လုပ်မယ်ဆိုတဲ့ စတိုင်မျိုးသုံးတာ..သဘောက အဲ့ စနေဂြိုလ်ကြီးက ဘယ်က ရောက်လာတာလဲ အပြင်က တကယ့် စနေဂြိုလ်လား စိတ်ကူးယဉ် ပညတ်ဂြိုလ်ကြီးလား..ဘာလို့  စနေဂြိုလ်သက်က ၁၀နှစ်ဖြစ်နေရတာတုန်း.ဘာလို့  အဲ့ ထောင့် ကွက်လေးထဲ ရောက်နေရတာတုန်း .သူ့ ဟာသူနေတဲ့ ဂြိုလ်တွေက ဘယ်လိုဖြစ်လို့ ပါပဂြိုလ်တွေ သောမဂြိုလ်တွေဖြစ်နေရတာတုန်း..
အဲ့ ပါပတွေ သောမတွေက ဘာ ဘာသာစကားလဲ ပါဠိလား ဟင်ဒူစတန်နီစကားလား ဗမာစကားရောစစ်ရဲ့ လား..ဘာလားညာလားတွေကို.....
ကျနော်တို့ က ဒါ ကျနော်တို့ ကိစ္စ မဟုတ်ဘူး အဲ့ ဒါ အစကိုသိချင်တဲ့ သူတွေကိစ္စ..အဲ့ အစတွေ ကို ရေးထားတာ စာအုပ်တွေ တစ်ပုံကြီးတော့ ရှိတယ်အဲ့ မှာ ရှာဖတ် ကျနော်တို့ လည်း အဲ့ အစတွေအကြောင်း ဖတ်ခဲ့ ဖူးတယ် ဒါပေမယ့် မေ့ ကုန်ပြီ...ငင့် ..ခိခိ..ပြီးတော့ အဲ့ အစ ကိစ္စတွေက .ယုံချင်ယုံ
မယုံချင်နေ ဒီကိစ္စတွေက နောင်ဘ၀အကြောင်းကို အခု လူရှင်က ပြောပြရသလိုပဲ ကိုင်ပြလို့ ရတဲ့ ကိစ္စတွေ မဟုတ်ဖူး.လို့ တွေးလိုက်ပြီး...
အဲ့ လို သဘောထားလိုက်ပြီး...ကျနော်တို ဗေဒင်ကို သုံးပုံက..ဆိုပါတော့  အသက် ၃၉ နှစ်ဖြတ်နေတဲ့  စနေသားသမီး တစ်ယောက်ယောက်ဆိုပါတော့ 
အဲ့  ၃၉နှစ်ကို ဂြိုလ် ၈ ခွင် က ၈ နဲ့ စားလိုက်တော့ ၈လေးလီ ၃၂ ၊ ၇ကြွင်း..တောက် တောက် တောက်...ဟော အင်္ဂါ သက်ရောက်လို့ ရေးထားတဲ့  အကွက် ကလေးထဲ အသက်ပိုင်း ရောက်နေပြီ...ဒါဆို စနေ သားသမီး အသက် ၃၉ ဆိုတာ အင်္ဂါသက်ရောက်ပေါ့ ..အဲ့ မှာ အင်္ဂါသက်ရောက်ဆို.ဟော ဟားးးး...ထီပေါက်တော့ မယ် အဲ အဲ ..အဲ့ ထီ နဲနဲပေါက်ရင် ပေါက်တဲ့ ပိုက်ဆံ ၁၀နဲ့ မြှောက် အဲ့ ဒါပြန်ကုန်မှာ ငင့် ....ကံဆိုးရင် ဖွတ်တက်မယ့် ကားအသစ်ဝင်လိမ့် မယ်.ကံကောင်းရင် ကား မ၀ယ်ဖြစ်ဖူး...ငင့် ..အမငီး...ငိငိ...ဆိုပြီး ဘာညာ ဘာညာတွေပေါ့ လေ ပြောလိုက်တာပေါ့ ...
ဒါပဲ..ဒီလောက်ပဲ ဗေဒင်ကို သုံးတာ ကျန်တာ စိတ်မ၀င်စားတော့ ဘူး အဲ့ အင်္ဂါဂြိုလ်ကြီးက အဲ့ ဒေါင့် ကွက်လေးထဲ ဘယ်က ရောက်လာတာလည်းဆိုတာမျိုးကို အာရုံ မလာတော့ ဘူး.အာရုံလာတဲ့ သူတွေက အဲ့ အင်္ဂါဂြိုလ်ဆိုသဟာကြီးက ဘယ်ကရောက်လာလဲကို လိုက်စပ်စုလိမ့် မယ်..ဒီလို...
သဘောက..ကိုယ့် ဟာကိုယ် ကိုယ့် ဘ၀ခရီး အတွက် တိုက်ရိုက်အကျိုးရှိမယ့်အပိုင်း ကိုယ်လိုချင်တဲ့ အပိုင်းလေးကို ဖြတ် ဖြတ်ပြီး သုံးပစ်လိုက်တာမျိုးလို ဆိုလိုတာ..တလောကလုံး ရှိသမျှ လောကီပညာတွေရဲ့  နောက် လျှောက်လိုက်နေရင် နှစ်တစ်ထောင်ပန်းသီးစား လိုက်တောင် လူ့ သက်တန်းက မလုံလောက်ဘူး..ကိုယ့် ဘ၀နဲ့ ကိုယ့် ဘရိပ်သဘောပေါ့ ..
ဖျားစူးရစေ့ ရဲ့ ဗျာ.. အဲ့ စနေဂြိုလ်ကြီးက ဘယ်ကရောက်လာရတာလဲ စိတ်ညစ်ထှာ..လို့ အမေးခံရတာ တစ်သက်နဲ့ တစ်ကိုယ် အဲ့ မဒီလေးတစ်ယောက်ပဲကြုံဖူးတာ...အာ့ နဲ့ ရှင်းရင် လျှာရှည်တော့ မှာ စိုးတာနဲ့  ခများလေး.ဗေဒင် လာမေးမိတော့ မှ ရောက်လာတာလေ.. အစက အဲ့ စနေဂြိုလ် ရှိမရှိတောင်
မသိဘူး မဟုတ်လား လို ဖြေပစ်လိုက်တာ .ပြီးရော.ဟီးး
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..