Powered By Blogger
Monday, June 15, 2015
အိမ်ထောင်ရေး ကေစ့် တစ်ခု
အိမ်ထောင်ရေး ကေစ့် တစ်ခု
---------
ကျနော်သွားနေတဲ့ လိုင်းက ၀င်လာတိုင်း တန်းမဟောဘူး.လာရင်းကေစ်က ဘာလဲကို တန်းမေးလိုက်တယ် ( အများစုက လာရင်းကိစ္စ တန်းပြောတယ် တစ်ချို့ က မြင်သမျှဟောပါတဲ့ ..မြင်သမျှဆိုရင်တော့  သက်ရောက်ကို ငုံ့ ကြည့် ပြီး သက်ရောက်သဘောတွေသာထိုင်ပြောလိုက်တော့ တယ်)... ပြီးရင် သူတို့ ပြောတဲ့  ပြဿနာတွေကို နားထောင်တယ်ပြီးရင် ဗေဒင်နဲ့ အဖြေရှာတယ် တွေ့ ပြီဆိုရင် ဒါဟာ ဘာကြောင့် ဘယ်လိုတော့ လုပ်ကြည့် ပါလို့ ပြောလိုက်တယ်...
အခုလာတာက မိန်းမက သူ့ ယောက်ျားသင်္ဘောသားဟာ သဘောင်္ ဒီတစ်ခေါက်မှာ (၅ခေါက်မြောက် ) ၁၀ရက်နဲ့ ပြန်ဆင်းလာတယ် အခု အရက်တွေချည်းသောက်နေတယ် ပြန်မတက်ဘူး..သူက အရက်မသောက်စေချင်ဘူး.လင်မယားတကျက်ကျက်ဖြစ်တယ် ကွဲမယ်ကွာမယ်တွေ ဖြစ်တယ်..ဒါဟာ ဘာကြောင့် လဲ အရင်က ဒီလိုမဟုတ်ဘူး ပယောဂမိနေတာလား..လို့ မေးလာတယ် ...ကျနော်က ၂ယောက်စလုံးမွေးသက္ကရာဇ်ကို ဘယ်ညာယှဉ်ချလိုက်တယ်....၁လပိုင်း ၇၃ သောကြာသား (၄ကြွင်းသောကြာ)..မိန်းမက ၁၁လပိုင်း ၇၃ အင်္ဂါသမီး ( ၅ကြွင်း အင်္ဂါသမီးရာဇဖွား)
ဒီမှာတင်ပြဿနာရဲ့ ဇစ်မြစ်ကိုတွေ့ နေပြီ...၄ကြွင်းသောကြာသားဟာ မူရင်းဇာတာအရ သင်္ဘောသားဇာတာမျိုးမဟုတ်ပေမယ် အင်္ဂါသမီး မိန်းမဟာ ၅ကြွင်း ဖြစ်နေလို့  သူ့ ယောက်ကျားဟာ အိမ်ကအထွက်ပြ့ပနေရတဲ့  အလုပ် သင်္ဘောသားဘ၀ကိုရာက်ခဲ့ ရတဲ့ သဘာ သင်္ဘောသားသက်ကြာတာ့ မယ့် သဘောကိုတွေ့ ရပြီ...မူလ အိမ်ဝေးဇာတာမဟုတ်သူတွေဟာ အိမ်ဝေးအလုပ်တွေကိုလုပ်ရလို့ ကြာလာရင် အိမ်မှာသာ ကုန်းပေါ်မှာသာ လုပ်စားချင်တော့တယ်ဆိုတဲ့ ငြီးငွေ စီတ်တွေ ဖြစ်လာလ့ ရှိတယ်...ဒါကို အိမ်ကလူကမသိနိုင်တတ်ဘူး ဒီတော့ အလုပ်ကိုအကြောင်းပြုပြီး အိမ်ကနေပြန်ပြန်မောင်းထုတ်နေသလို အဖြစ်တွေဖြစ်လာပြီး တိုက်ပွဲတွေစတင်လာလေ့ ရှိတယ်...
၎ကြွင်း သောကြာသားသိုက်ဘွား အသက် ၄၃ တနင်္လာသက်ရောက်ဟာတကယ်ဆို အလုပ်နဲ့ ပတ်သက်လာရင် ပြဿနာသိပ်ရှိလှတဲ့ နှစ်မျိုးမဟုတ်တဲ့ အပြင် ငွေရလွယ်တယ်..ဒါပေမယ့် တကွက်ကျန်တာက တနင်္လာသက်ရောက်နဲ့ သောကြာသားဟာ (သောက) အတွင်းရန် အိမ်ထောင်ရန် သဘောရှိတယ် ဒီတော့ အိမ်ထောင်သည်ဆို ကတောက်ကဆဖြစ်တာ တစ်ယောက်ယောက် ယာယီ နေမကောင်းတာမျိုးဖြစ်တတ်တယ်...ဒါပေမယ့် အလုပ်အဆင်မပြေတာမျိုးတော့ ဖြစ်ခဲတယ်
၅ကြွင်း အင်္ဂါသမီးလည်း ၇၃ မွေးဆိုပေမယ် မွေးလက ၁၁လပိုင်းဖြစ်သွားလို အခုဆို အသက်၄၂  (ဗုဒ္ဓဟူးသက်ရာက်) ဖြစ်နေတယ်...ဗုဒ္ဓဟူးသက်ရောက်ဆိုတာ အင်္ဂါသမီးအတွက် ဒုတိယမြောက် သက်ရောက်အညံ့ နှစ်ဖြစ်တယ် အင်္ဂါသမီးနဲ့  ဗုဒ္ဓဟူးသက်ရောက်ဟာလည်း ( ရာဇာကိန်း ) အတွင်းရန် အိမ်ထောင်ရန်ပဲဖြစ်နေပြန်တယ်......ဒီလို လင်ရော မယားရော ဓမ္မာသောက အင်းဝ ရာဇာဆိုတဲ့  အတွင်းရန် အိမ်ထောင်ရန် ခရီးခွဲခွာကိန်းတွေ ပြိုင်တူ ဖြတ်သွားတဲ့ နှစ်မျိုးစုံမိတဲ့ အခါ...ဒါဟာ...''ချစ်ရင်သေကွဲ မုန်းရင်ရှင်ကွဲ ''အထိ ဖြစ်သွားနိုင်တယ် အမြင့် ဆုံးကံကြမ္မာဆိုးက တစ်ယောက်ယောက်သေတတ်တဲ့ အထိပဲ..ဒါကြောင့်  အရင့် အရင်ထက် ဒီ အင်္ဂါသမီး အသက်၄၂ နဲ့ ဒီသောကြာသား အသက် ၄၃ ဟာ တစ်ယောက်မျက်နှာ တစ်ယောက် မကြည့် ချင်လောက်အောင် ရန်ပွဲတွေစိတ်လာတဲ့ သဘောပဲ...( အရမ်းကိုတည့် လွန်းအားကြီးနေရင် လည်းကျမ္မာရေးဖေါက်ပြီး ဆေးရုံရောက်တတ် အသက် ထိခိုက်တတ်ပြန်တယ်)
နောက်တစ်ခါ ဒီသောကြာသားဟာ ပြီးခဲ့ တဲ့ မေလဆန်းက ၁၀ရက်ပဲလိုက်ပြီး ပြန်ဆင်းလာတယ် ဆိုတဲ့ အတွက် လစိတ်ကို ဘယ်ညာသုံးသပ်တဲ့ အခါ....
၁၁လပိုင်းမွေးတဲ့ အင်္ဂါသမီင်္း ဧပြီနဲ့ မေလမှာ ကြာသာပတေးလစိတ်ဖြတ်နေတယ်...ဒီလစိတ်ဟာ အလုပ်အကိုင်ပေါ်တတ်တဲ့ သဘောရှိလို့  ဒီသောကြာသားဟာ သူ့ မိန်းမ ရဲ့ အလုပ်ပေါ်ကံကြောင့်  သင်္ဘောပေါ် မေလဆန်းမှာတက်သွားတာမျိုးဖြစ်လာတယ်...သူ့ ကံသက်သက်ဆို သင်္ဘောအလုပ်မပေါ်နိုင်သေးဘူး...
၁လပိုင်းမွေးတဲ့ သောကြသားရဲ့  လစိတ်အရဆိုရင်တော့ သင်္ကြန်ပြီးတာနဲ့  အင်္ဂါလစိတ်စဖြတ်ပြီး..ပြီးရင်မေလ ဟာ အင်္ဂါလစိတ်၊ဇွန်နဲ့ ဇူလိုက်ကြားဟာ ဗုဒ္ဓဟူးလစိတ်နဲ့  စနေလစိတ်ဖြစ်တယ်...လစိတ်အညံ့ တွေ ပေါ့ ...ဒီတော့  အသက်ပိုင်း ၄၃ တနင်္လာသက်ရောက်ဟာ မဆိုးပါဘူး ဆိုပေမယ့်  လစိတ် မေလဟာ မသေခြာခြင်း စိတ်တိုင်းမကျခြင်း ရန်သဘောတွေ စိတ်လေလွင့် ခြင်းသဘောတွေ လွှမ်းမိုးတဲ့ လဖြစ်နေတယ် ဒီလို  အင်္ဂါလစိတ်အညံ့ မှာ သဘောင်္ပြန်တက်လိုက်တာရယ် မိန်းမက သက်ရောက်အညံ့ ရယ် ပေါင်းလိုက်တော့  ဒီသောကြာသားဟာ သင်္ဘောပေါ်မှာ သူကြီးနဲ့ ငြိပြီး သီးမခံနိုင်တော့ ပဲ  ၁၀ရက်စခန်းကနေပြန်ချလာတော့ တဲ့ ဘ၀ကိုရောက်သွားပြီး စိတ်လေလေနဲ့  အရက်သာမူးနေအောင်လျှောက်သောက်နေတော့ တာမျိုးဖြစ်လာတယ်....
ဒီတော့ ဒီလို ကိန်းမျိုးဟာ အဆင်မသင့် ရင် သူ့ ယောက်ျား သေသွားနိုင်တဲ့  ကံကြမ္မာမျိုးဖြစ်နေတယ်ဆိုတာကို မသိတော့  နေ့ တဓူဝ တကျီကျီနဲ့  သဘောင်္ပြန်တက်ခိုင်းနေတဲ့  မိန်းမနဲ့ ပြဿနာတက်ရတဲ့ ဘ၀ရောက်လာတော တယ်..(တကယ်ဆို ဧပြီလလယ်နေဇူလိုင်အလကုန်အထိဟာ သင်္ဘောမလိုက်သင့် သေးတဲ့ ကာလတွဖြစ်တယ်)..ဒါတွေကို ရှင်းပြရပြီး အဲ့ တော့ မှယတြာပေးရတယ်..
ညနေကဖုံးပြန်ဆက်တယ် ကားဆွဲစားရင်ရလားလို့ မေးလာတယ်  ( သောကြာသား အသက် ၄၃ တနင်္လာသက်ရောက်ရဲ့  တနင်္လာနံဝင်ကိန်းအသံ)...ဒီလိုမေးလာတယ်ဆိုတာဟာ အခြေအနေမဆိုးသေးဘူးလို့  သုံးသပ်လိုက်နိုင်တယ်..အလုပ်မလုပ်စားချင်တော့ တာမဟုတ်သေးဘူးသဘော....။
ကုန်းပေါ်မှာပဲ ကားဆွဲစားတော့ မယ် ဆိုရင် လာမယ် ၇လပိုင်း အကုန် ၈လပိုင်းထဲကြမှ ကားစဆွဲလို့ ရမယ် အခုနေ ကားထ၀ယ်ဆွဲစားမယ်ဆို တိုက် လိမ်လို့ ပါသတိပေးလိုက်ရတယ်..။ သဘောက ဇာတ်လမ်းအစဆုံးမှာ သောင်္ကြာသားအရက်သောက်နေတာကို တစ်ချက်မှ မပြောသွားဘူး..အကြောင်းက အရက်ဟာ မူလ တရားခံမဟုတ်သေးပဲ နောက်တိုးစာရင်းပြဿနာလေးသာဖြစ်လို ပဲ...သူ့ လစိတ် ကောင်းသွားရင် အခုလောက် ပွဲကြမ်း ရစ်မနေတော့ ပဲ.ကိုယ်ရှိန်သတ်သွားနိုင်လို့ ပါပဲ...
ဒါဟာ ကျနော့် ဗေဒင်ပညာကို သုံးတဲ့ စတိုင်ပါပဲ အိမ်ထောင်ရေး အချစ်ရေးတို့ ဟာလည်း ဒီိလို ပြိုင်တူချတွက်ချိန်လိုက်ရင် တစ်ခါတစ်လေ ပြဿနာဖြစ်နေတဲ့ သူဟာ သူ့ ကံကြောင့် ရော သူ့ အိမ်ထောင်ဘက်ရဲ့  ကံ အရှိန်ကြောင့်  ဂြိုလ်ကောင်းးရဲ့ သားနဲ ၂ယောက်သား ကွိုင်ကြောရှည်နေတာမျိုးရှိတတ်တယ်။။။
ီ
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..