Powered By Blogger

Monday, June 15, 2015

နေးချား..


နေးချား..
---
အမှန်တစ်ခုခု သတ်မှတ်ဖို့  အမှားလို့  အမည်တပ်ခံရမယ့် တစ်ခုခု လိုလိမ့် မယ်...ကိုယ်က အမှန်လို့ တစ်ခုခုကို ကိုင်ပြီး တစ်ခြားတစ်စုံတစ်ရာကို သုံးသပ်ရင် တစ်ခြားတစ်စုံတစ်ရာကလည်း သူ့ တစ်စုံတစ်ရာကို  အမှန်လို့ ကိုင်ပြီး ကိုယ် ကိုင်ထားတဲ့  အမှန်ကို သူက အမှားလို့  သုံးသပ်လိမ့် မယ်...

သုံးသပ်ဖို့ က စက်ဝိုင်းတော့ တူမှဖြစ်လိမ့် မယ် အုန်းနို့ ခေါက်ဆွဲ စက်ဝိုင်းကနေ  ဖက်ရှင်စက်ဝိုင်းက အထည်ကို အင်းကျီလေးက ငံ လိုက်တာ လို့  လှမ်းသုံးသပ်ရိုးတော့ မရှိပေဘူး..

အတုပေါ်တယ်ဆိုတာ  အစစ်ရှိခဲ့ တယ် အစစ်ရှိနေတယ်လို့ ဖွင့် ဆိုလိုက်တဲ့ သဘောပဲ..

 သဘောဝတ္တတရားကြီးရဲ့  ပြိုင်ဘက်မရှိဖန်တီးချက်မှာတော့  အမှားအမှန် သဘော စံနှုံး မရှိဘူး. ကမ္ဘာမြေအတွက် နေ တို့  လ တို့ တည်ရှိနေခြင်းဟာလူတွေ အကဲဖြတ်တဲ့  အမှား အမှန်တွေရဲ့ ဘောင်တွေအောက်မှာ မရှိပေဘူး..ဒါဟာ သဘာဝလောကကြီး သဘော လို့ သာ....

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..