ဂြိုလ်ကောင်းတယ်ဆိုတာဘာလဲ ? ဂြိုလ်ဆိုးတယ်ဆိုတာဘာလဲ..?
-----------
ကျနော်တို့ တွေ ဒီဂြိုလ်အကောင်း အဆိုးသဘောရဲ့ ဘေ့စ်ကို လိုက်တဲ့ အခါ မှာ စက်ဝိုင်းကို နဲနဲချဲ့ ရပါတယ် အရွယ်တို့ ကျင်လည်ရာနယ်ပယ်တို့ အရပ်သားတို့ ဝန်ထမ်းတို့ စသဖြင့် အစုံစုံပေါ့ လေ...အများအားဖြင် နားလည်ထားတာက ဂြိုလ်ကောင်းဆိုတာနဲ့  ဘောစိကြီးဖြစ်နိုးနိုးနဲ့ ဂြိုလ်ဆိုးဆိုတာနဲ့ မြွေကိုက်ခံရတော့ မလိုလို မျိုးပေါ့ ...နောက်တော့  အခြေအအနေတွေကို စုစည်းပြီး သုံးသပ်လိုက်တဲ့ အခါ ဂြိုလ်ကောင်းရဲ့ သဘော အဆိုးရဲ့ သဘာဝတွေကို တွေ့ လာရပါတယ်..
သဘောက..
ဆိုပါတော့  လူဟာ အကောင်းရောအဆိုးရော ဂြိုလ် ၈ခွင်စလုံးမှာ နေမကောင်းဖြစ်နိုင်ပါတယ်..ဘာကွာသွားလဲဆိုတော့ဂြိုလ်ကောင်းမှာ နေမကောင်းဖြစ်ရင် ကုရလွယ်တယ် ပျောက်လွယ်တယ် ဆေးတိုးလွယ်တယ် ဆရာဝန်အဆင်သင့် လိုအပ်တဲ့ ဆေးအလွယ်ရပေါ့ ...ဂြိုလ်ဆိုးမှာ နေမကောင်းဖြစ်ရင် ဖြစ်သင့် တာထက်ပြင်းထန်တယ် ၃ရက်နဲ့ ပျောက်ရမယ့် အဖျားက ၇ရက်လောက် အကြောရှည်တယ် ဆေးကုနေရင်းက လက်စွဲဆရာဝန်ကနိုင်ငံခြားထွက်သွားတယ် ငွေရှိပေမယ့် လိုတဲ့ ဆေးကတော်တော်နဲ့ ရှာမရဘူး ..ဒီသဘော..
ထီပေါက်တာဟာ ဂြိုလ် ၈ ခွင်စလုံးမှာပေါက်နိုင်တယ် ဂြိုလ်ကောင်းမှာ ထီပေါက်ရင် စီးပွားတိုးဖို့ ရွှေဝယ်ဖို့ တိုက်ခန်းဝယ်ဖို့ဖြစ်လာတာ မျိုးဖြစ်ပြီး..အဆိုးမှာ ထီပေါက်ရင် ဆေးဖိုး အမှု့ ဖိုးအတွက် ပေါက်ပေးတာမျိုးဖြစ်သွားတယ်....ဂြိုလ်ကောင်းမှာ အိမ်ထောင်ကျရင် လောကဓံကိုရင်ဆိုင်နိုင်တယ် အလွယ်နဲ့ ပြန်မကွဲတတ်ဖူး စီးပွားဖြစ်လွယ်တယ် အဆိုးမှာ အိမ်ထောင်ကျရင် လောကဓံအကြမ်းစားတွေလာတာမြန်တယ် စကားနဲနဲများတာနဲ့  ဖြတ်ကနဲ ကွဲကွာသွားတာလွယ်တယ် စုဆောင်းရတာခက်ခဲတယ် ဂြိုလ်ကောင်းမှာ ဘုရားဖူးထွက်တယ် သွားလမ်းသာလို့ လာလမ်းဖြောင့် တယ်..ဂြိုလ်ဆိုးမှာ ဘုရားဖူးထွက်တယ် လမ်းမှဘီးပေါက်ရတာနဲ့ နေမကောင်းရတာနဲ့  အချိန်တွေ တလွဲတွေဖြစ်ရတာနဲ့  အချင်းချင်းရန်ဖြစ်ရတာနဲ့ ..
ဂြိုလ်ကောင်းမှာ သင်္ဘောတက်တယ် သူကြီး လစာ သင်္ဘော ဂွတ်တယ် ဂြိုလ်ဆိုးမှာ သင်္ဘောတက်တယ် သူကြီးကောင်းတော့ လစာနဲ လစာများတော့ သင်္ဘောစုတ် သင်္ဘောဂွတ် လစာဂွတ်တော့  သူကြီးအကျင့် ယုတ်နဲ့ တိုး အားလုံးကောင်းတော့ သင်္ဘောသောင်တင် ခါးကျိုး ရေမျော အမှု့ ဖြစ်ဆိပ်ကမ်းကပ် သဘော...
.ဂြိုလ်ကောင်းမှာ ပြည်ပထွက်ရှာတယ် အလုပ်ရတာမြန်တယ် အလုပ်မြဲလွယ်တယ် အဆိုးမှာပြည်ပထွက်ရှာတယ် စထွက်ကတည်းက အဖုအထစ်တွေနဲ့ အလုပ်ခက်တယ် ရတော့ ထင်ထားတာထက်ပင်ပမ်းတယ်အလုပ်ပြုတ်မှာ လူလျှော့ မှာ.တစ်ချိန်လုံးစိုးရိမ်နေရတယ်။ ဂြိုလ်ကောင်းမှာ ရာထူးတိုးတယ် နယ်ပြောင်းရတယ် လူသိများဖို့ ထောဖို့ ဖြစ်လာတယ် ဂြိုလ်ဆိုးမှာ ရာထူးတိုးတယ် ပြောင်းရတယ် သေပြီဆရာ တိုးတဲ့ ရာထူးနဲ့ တောင် မကာမိဘူး ကေးလင်းဖီးလ်လူသတ်ကွင်းထဲရောက်နေသလိုလိုမိုင်းကွင်းထဲရောက်နေသလိုလို တစ်ချိန်လုံး ပစ်စာကြောက်နေရတဲ့ အရပ်ဖြစ်နေတယ် ခေါင်းရောင်းလိုက်တဲ့ ရာထူးမျိုးတိုးသလိုလို...
ဂြိုလ်ကောင်းမှာ အိမ်မြေတိုက်ခန်းကားဝယ်တယ် ၀ယ်ပြီး ဈေးထပ် တက်သွားတတ်လို့ မြတ်နေတတ်သလို စီးပွားက ပိုဖြစ်လာသလို နောက်ကြောင်း အေးတယ်ကြာကြာလည်းခံတယ်ပြန်ရောင်းရတာလည်လွယ်တယ် ..ဂြိုလ်ဆိုးမှာ ၀ယ်တယ် ၀ယ်ကတည်းက ဈေးကြီးမိတယ် ပစ္စည်းအင်မိတယ် အရှုတ်အရှင်း မကင်းတာတွေပါလာတယ် လက်ထဲရောက်တော့ ဈေးထိုးကျသွားတယ် ပြန်ရောင်းရခက်တယ် လက်ထဲမမြဲ...ဂြိုလ်ကောင်းမှာသူများကို ပိုက်ဆံချေးလိုက်မိတယ် ပြန်တောင်းရလွယ်သေးတယ် ဂြိုလ်ဆိုးမှာ ချေးလိုက်တယ် ပြန်တောင်းရခက်တဲ့ အပြင် တစ်ခါတစ်လေ ခဏခဏလာတောင်းရမလားဆိုပြီး အဆဲတောင်ခံရသေးတယ်..ဂြိုလ်ကောင်းမှာပိုက်ဆံရှာတယ် စုရတာလွယ်တယ် ဂြိုလ်ဆိုးမှာလည်း ပိုက်ဆံရှာတယ် စုရတာခက်တယ် ရရစားစားနဲ့ ပဲပြီးသွားတယ်..
ဂြိုလ်ဆိုးမှာအမှု့ ဖြစ်တယ် ပြစ်ဒဏ်သက်သာလွယ်တယ် လွတ်လွယ်တယ် နိုင်လွယ်တယ် အဆိုးမှာ အမှု့ ဖြစ်တယ် ဖြစ်သင့် တာထက် အပြစ်ဒဏ်ပိုတယ် ရှုံးလွယ်တယ်...မကောင်းတာလုပ်စားတယ် ဂြိုလ်ကောင်းမှာ လူကောင်းနဲ့ တွေ့ တယ် ငွေမှန်မှန်ကန်ကန်ရတယ် ဂြိုလ်ဆိုးကြတော့  ပိုက်ဆံရတာလည်းနဲတယ် တစ်ခါတစ်လ ကိုယ့် ဆီကပိုက်ဆံပါ ဗိုလ်ပြန်ကျသွားသေးတယ် အလကားလည်းပေးလိုက်ရသေးတယ် နဘမ်ပါ ကျင်းသွားသေးတယ်...
..ပစ္စည်းအသေးအမွှားဝယ်တာကအစ ဂြိုလ်ကောင်းနှစ်မှာဝယ်တဲ့ ပစ္စည်းက အတုတောင်ကြာကြာ အသုံးခံတတ်ပြီူ အဆိုးမှာ ၀ယ်တဲ့ ပစ္စည်းက အော်ရီဂျင်နယ်ဆိုတာတောင် ကိုယ့် လက်ထဲရောက်တော့ မြန်မြန်ပျက် အတုလောက်တောင်ကြာကြာ မသုံးရတတ်သဘော.....ဂြိုလ်ကောင်းမှာ စာမေးပွဲဖြေတယ် တစ်ရေးနိုး တပွဲတိုးထကျက်ဖြေတောင် အောင်လွယ်တယ် ဂြိုလ်ဆိုးမှာ ဖြေတယ် တပွဲတိုးမရတော့ ဘူး အဝေးကတည်းကမောင်းရတော့ တယ် အဆင်မသင့် ရင်ကျောင်းကတောင် ထွက်သွားရတတ်တယ်...
ဒီသဘောကိုသိလိုက်ပြီဆိုတဲ့ အခါ ကိုယ့် ဘ၀ရဲ့ ကြီးမားတဲ့ အရွေ့ တွေကို ဘယ်လိုကာလမှာ လုပ်ရင်ကောင်းမလဲ စွန့် စားရမလဲ အောင်မြင်လွယ်မလဲနဲ့  ဘယ်လို ကာလတွေမှာတော့  နိုးချိမ်း ဆိုပြီး ခပ်ကုပ်ကုပ်ငြိမ်ငြိမ်လေးနေမှ ဆိုတာမျိုးကို ချိန်ဆနိုင်လို့  လွယ်လွယ်နဲ့ ကျဆုံးခန်းမရောက်တော့ ဘူးပေါ့ လေ....
ဒိထက်ကျယ်ပြန့် ပါသေးတယ် ဒါပေမယ့် ဒါဟာဂြိုလ်ဆိုး ဂြိုလ်ကောင်း ခွဲပစ်လိုက်တာရဲ့ သဘာဝဘေ့ စစ်ကတော့  ဒါပါပဲဗျာ့ 
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..