Powered By Blogger

Monday, June 15, 2015

အသံထွက်ဗေဒင်



အသံထွက်ဗေဒင်
---------
တစ်သက်လုံးက သူများတွေကချည်း ကိုယ့် အသံဖမ်းယူသွားတာပဲခံနေရတာ ဒီနေ့ တော့ စိတ်ကူး ပေါက်တာနဲ့ ကျနော်က ကိုယ်ဗေဒင် တွက်ပေးနေတာ ကိုယ့် ဟာကိုယ်  အသံ ဖမ်းထားလိုက်ပြီး ပိုစ်လုပ်ပေးလိုက်တာဗျား.

လာနေကျ ကိုယ့် မြို့ နယ်ထဲက အမျိုးသမီးပါ..၁၀လပိုင်း ၇၁ဖွား သုံးကြွင်း တနင်္လာသမီး အထွန်းဖွားပါ.အိမ်ထာင်သည်ပါ ..အသက် ၄၄ ထဲမှာ ဖြစ်ပြီး စနေ ၂ ထပ်လို့ လည်း ခေါ်ပါတယ် စနေ ဂြိုလ်အိပ်ကြီး ၁၀နှစ်အတွင်းနဲ့  သက်ရောက်စနေ တစ်နှစ် ထပ်သွားလို့ ပါ..တနင်္လာသားသမီးတွေ အတွက် စနေသက်ရောက်ဟာ ၄ခွင်မြာက် ဘုမ္မိလို့ လည်းဆိုပါတယ်

ကျနော့် ရဲ့ တွက်ပုံ တွေးပုံ ပြောပုံ အယူအဆ လိုတိုရှင်းတွေ အပိုတွေ မပါတာ အရေးမကြီးတာတွေ မပါတာ မလိုအပ်ပဲ လျှာကြော မရှည်တာတွေကို တကယ့် အလုပ်မှာ ပိုက်ဆံယူပြီး တွက်ပေးရင် ခေတ်သစ်ဗေဒင်စတိုင် နဲ့ အချိန်ဟာ ပိုက်ဆံဖြစ်နေတဲ့  ခေတ်လူတွေ အတွက် အဓိက အရေးကြီးတာက ဘာတွေလဲဆိုတဲ့  ဘာတွေကိုပဲ အဓိကထား ပြောပေးတယ်ဆိုတာကို  သူငယ်ချင်းတွေ ဗဟုသုတရအောင် ကျနော့် အသံ အစစ်နဲ့ တင်ပေးလိုက်တာပါပဲဗျာ..

အဲ..ကျနော်က အသံထွက် ဗေဒင်ဘာညာတွေလည်း မဟောပါဘူး..ဟောစာတမ်းလည်း မရေးပါဘူး သင်တန်းပြသလို သူများကို ပြန်လည်း  မသင်ပေးတတ်ပါဘူး

လာတွက်သူက ဗေဒင်လာတွက်ရတဲ့ အဓိကပါလာတဲ့ အကြောင်းအရင်းကိစ္စကို စမပြောရင်  ကျနော်က သက်ရောက်ကိုသာ အရင်ချပြလေ့ ရှိပြီး နောက်မှဖြစ်နေဆဲကိစ္စတွေကို တိုင်ပင်ကြတဲ့ သဘောနဲ့ ယတြာကိစ္စတွေကိုသာ အဓိကထားတဲ့ လိုင်းပါဗျာ..

ဧည့် သည်လာပြီဆိုမှ အိပ်ယာက ၀ူးဝူးဝါးဝါးထပြီး မျက်နှာရေဆွတ် ပြီး (ငိုက်ငိုက်နဲ့ ) ထိုင်ပြီး တန်းဟောတာပါ..(အာပုပ်စော်နံမှာစိုးလို့ ကွမ်းတစ်ယာကောက်ဝါးပြီး ၀ူးဝူးဝါးဝါးတွေ ဟောတာပါ..ငိငိ..) 15MB / 16မီးနစ်နဲ့  ၃၉စက္ကန့် ရှိပါတယ်...( နောက်တစ်သုတ်က သုံးယောက် နန်းစတော့ ကြီးဖြစ်လို့  နာရီဝက်နီးပါးဖြစ်နေလို့ မတင်တော့ ပါဘူး..)
အဲ နောက်လည်း ဒီလို အလုပ်ခွင် အစစ်က အသံထွက်ဗေဒင်ကို တင်မှာ မဟုတ်တော့ ပါဘူးဗျားး.ဟီးဟီး

ဒီအသံထွက်ဗေဒင်ကို စိတ်ကူးပေါက်လို့ နားထောင်မိရင် ကျနော် ဗေဒင်ကို ဘယ်လိုသုံးနေတယ်ဆိုတာ တစ်ခုခုတော့ ရကောင်းပါရဲ့ လိုစ်....

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..