---------
ဗေဒင်ကို မယုံဘူးဆိုတဲ့ သူတွေထက် ပေါ်တင်ယုံ ဒိုင်လျိုယုံတယ်ဆိုတဲ့  ယုံတဲ့ သူ နဲ့ ..ဖာသိဖာသာနေတဲ့ လူတွေကပိုများတယ်..ဒါကြောင့် ပဲ ဗေဒင်ပညာရဲ့ ဖြစ်တည်မှု့ ကို ငြင်းပယ်တဲ့ အယူဝါဒမျိုးစုံနဲ့ အပြိုင် နှစ်ပေါင်း ထောင်ချီပြီး အသွင်မျိုးစုံနဲ့  ရှင်သန်နေခဲ့ တာဖြစ်တယ်...
ဒါလည်း မထူးဆန်းပြန်ဘူး သတ္တလောက နဲ့ သံသရာလည်မှု့ သဘောဆိုတာ အ၀ိဇ္ဇာသဘောတွေ ၊ ရယူလိုမှု့ သဘောတွေနဲ့ သာ ဖြစ်တည်နေတာ ၃၁ဘုံမှာ ကျင်လည် လည်ပတ်နေတာသာဖြစ်တဲ့ သဘောကြောင့် ပဲ.. .အကြောင်းက လောကီပညာတွေဆိုတာ '' ရဖို့ '' (၀ါ) ''''လိုချင်တာကို ရဖို့ ''' နဲ့  '''မလိုချင်တာကို မရဖို့  ''' '''အတွက်ပေါ်ထွန်းနေခဲ့ တာမျိုးပဲ..ဥပမာ လွယ်လွယ်နဲ့ မသေချင်လို့  နေရတတ်သမျှ အသက်ရှည်ချင်လို့ ...
ဗေဒင်ဆြာတွေ ဗေဒင်ပညာနဲ့ ရပ်တည်နေနိုင်တာဟာ ယုံတဲ့ သူ မယုံတဲ့ သူတွေကြောင့် ထက် ဗေဒင်ကို အခကြေးငွေပေးပြီး လာလာမေးတဲ့ သူတွေ မပြတ်ရှိနေလို့ ပဲ
ဗေဒင်ဆြာရဲ့ ဗေဒင်ပညာ အရည်အချင်း အနိမ့် အမြင့် ဟာ ဗေဒင်ဆြာရဲ့  ထမင်းအိုးကို ပြဿနာမရှာနိုင်ဘူး
ဗေဒင်ဆြာရဲ့  ဗေဒင်ဆရာဖြစ်ခွင့် ကံသတ္တိကြောင့်  ပညာကောင်းသည် မကောင်းသည်ဖြစ်စေ အနိမ့် ဆုံးအဖြစ် အဲ ဗေဒင်ဆြာရဲ့ ထမင်းအိုးကို လာလာဖြည့် ပေးမဲ့ သူတွေ ဗေဒင်ဆြာရဲ့ ကံအလျောက်ပေါ်လာမြဲဖြစ်တယ်
ကြေးစားဗေဒင်ဆြာတစ်ယောက် အဖြစ် ရပ်တည်နိုင်ခွင့် ဆိုတာ ဗေဒင်ပညာ အရည်အချင်း အနိမ့် အမြင့် ထက် ဗေဒင်ဆြာရဲ့ ဗေဒင်ပညာနဲ့ ဆြာလုပ်စားခွင့် ကံ (၀ါ) ဗေဒင်ဆြာ ဖြစ်ထိုက်ခွင့် ကံ ရှိမရှိကသာ ပိုအရေးပါတယ်...
ဗေဒင်နဲ လောကီပညာတွေ ရပ်တည်နေနိုင်တဲ့  အဓိကအချက်တွေထဲမှာ လောက က မသိစေချင်လို့  ဖုံးကွယ်ထားတဲ့  အရာတွေကို လူတွေက သိကို သိလိုက်ချင်တဲ့  စပ်စုတတ်တဲ့ စိတ်ကြောင့် လည်းပါတယ်..ဒါကြောင့်  လူအများစု လက်ရှိဘ၀ မြင်နေရ ကြုံနေရတာတွေကို စိတ်နှစ်ထားယုံမျှ
တင်အားမရ...ရှင်လျက်နဲ့  မကြုံနိုင်သေးတဲ့  မသေခင် မကြုံရသေးတဲ့  နောင်ဘ၀အတွက်ကိုပါ လှမ်း စိတ်ဝင်စားပြီး အမျိုးမျိုးတွေးတောကြ ပြင်ဆင်ကြနဲ့ ....
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..