'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Monday, June 15, 2015
ကိုတတ်ပတို့ သည်....
ကိုတတ်ပတို့ သည်....
-----------
ကိုတတ်ပတွေကတော့  ကိုတတ်ပတွေပါပဲ..နေရာတကာ ရုပ်ရှု့ ထောင့် ကချည်း တွေးမြင်ဝေဖန်နေရင် အ၀တ်အစား ဘရမ်းနယူးအဆန်း ဒီဇိုင်းအလန်း ဖက်ရှင် အန် ဗျူးတီး သမိစ် အင်း သည် ဂွိ တွေဘာတွေလုပ်မနေပါနဲ့ တော့ ကိုယ်ပေါ်မှာဖုံးရတဲ့ အကြောင်း အဓိက ဖြစ်တဲ့ အအေးအပူအရှက်လုံပြီးတာပဲ ဂွမ်းစောင်ကြီးကြီး ချင်းစောင်ကြီးကြီး တစ်ထည်လောက်ပဲ တစ်ကိုယ်လုံးပတ်နေလိုက်ပါတော လို့ ဆိုရမယ့် အပေါက်ပေါ့ ..
ရုပ်နဲ့ နာမ်သဘော အတွက် ဆုတောင်းခန်းတောင်မတူပေဘူး ရုပ်ကျမ္မာလို့  စိတ်ချမ်းသာကျပါစီ တဲ့ ..စိတ်ချမ်းသာဖို့ တဲ့ ...ပြုသမျှတွေအကုန် ရုပ်ကျမ္မာရေးချည်းမဟုတ်ပဲ စိတ်ချမ်းသာရေးပါ ထည့် လုပ်ကြတယ် စိတ်မချမ်းသာတာ ဂတ်ဆုံးသွားလို့ ကတော ဂေါက်ကုန်မှာ...
နောက်ဆုံးအဆင့် ကင်ဆာသည် သေကိုသေမယ် ဆိုတာ သေကိုသေခြာနေပြီ...သေမှာပဲဆိုပြီး ဘယ်သူက ဆေးဝါးတစ်ခုခု ဆက်မကု ဘုရားစာတစ်ခုခု မရွတ်ပေး မဖတ်ပေး ဆုတောင်မပေးပဲ သေချိန်ကို ဘယ်သူက အသားလွတ်ငုတ်တုတ်ထိုင်ကြည့် နေသလဲ..
တစ်ခုခုဆိုတာနဲ့ .ပါးစပ်က ပြွတ်တွစ် ပြွတ်တွစ်နဲ့  ဆု အရမ်းတောင်းတတ်တဲ့ လူနဲ့  ငါ့ ကိုယ်ငါပဲယုံတယ် ငါလုပ်မှငါဖြစ်မယ် ဆိုပြီး ဆုမတောင်းဘူးတဲ့ လူနဲ့ ဘယ်သူကစိတ်ဖိအားသက်သာမယ်ထင်လဲ..ဘယ်သူက စိတ်နူးညံ့ မယ်ထင်လဲ.. .
ကွန်မြူနစ်စစ်စစ်ကြီးတွေတောင် ကြီးမြတ်သောမဟာခေါင်ဆောင်ကြီး ကျမ္မာပါစီတဲ့ ..
ရုပ်နာကျင်ခြင်းက မခံနိုင်တဲ့ အဆုံးမှာ သဘာဝက သတိလစ်မေ့မျောသွားစေလိုက်ပြီး စိတ်နာကျင်ခြင်းက အဆုံးစွန်သွားရင် အနဲဆုံး ရူးသွားတယ်...ပစက္ခတ်ခံစားမှု့ တွေနဲ့  သဘာဝက အဆက် အသွယ်ဖြတ်ပစ်လိုက်တဲ့ သဘောပေါ့ 
ဒီလို ရုပ်သဘာဝ စိတ်သဘာဝ လူ့ သဘာဝတွေကို ထည့် တွေးတတ်ရင် ဘုရားကို ဘာညာဘာညာတွေ ပူဇော်တာဟာ ဘာကြောင့် ဆိုတာ ရိပ်မိလာမှာပါ..
မရိပ်မိလည်း ကိုယ့် ကိစ္စတော့ မဟုတ်ပါဘူး..ဒီလိုပဲ စာရေးချင်လာရင် တစ်ခုခုကို စာလုပ်ရေးတာ..လောကကြီးကိုက ဗရုတ်သုတ်ခတွေများတော့  ဒီလိုပဲရေးစရာ ကုန်ကြမ်းတွေက တစ်ပုံကြီး...အဟီးးးး...
အများအားဖြင့် ကတော့ ကိုယ်ဝမ်းဝနေရင် သူများကို ဝေဖန်ရတာ လွယ်တာပါပဲ...
Labels:
အတွေးစာများ..
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..