Powered By Blogger
Monday, June 15, 2015
ကိုယ့် အဖေ..တစ်နာရီပျော်ရလည်း မနဲပါဘူးဆိုပြီး....
ကိုယ့် အဖေ..တစ်နာရီပျော်ရလည်း မနဲပါဘူးဆိုပြီး....
-----------------
ခေတ်ပညာတွေရဲ့ အကြောင်းတွေးတောရင်းက ကျနော့် အဖေ ကျောက်ကပ်စဆေးတုန်းက သူ့ ဖြစ်ပုံလေး ပြန်သတိရလို့  ပြောပြရဦးမယ်ဗျားး.
ဆီးဆိပ်တက်လို့ လူးလိမ့် ယောင်ယမ်းနဲ့  ကျွမ်းပစ်နေအောင်ခံနေရတဲ့ အချိန်မှာ စတင်ပြင်ဆင်ရပုံက ခွဲခန်းဝင် ညာဖက်လည်ပင်းဘေးကသွေးကြောမကြီးကို ဖေါက် ကျောက်ကပ်ဆေးဖို့ ပိုက်တပ်ရပါတယ်...အရေးပေါ်ကျောက်ကပ်ဆေးဖို့  နက်လိုင်းဖေါက်ရတယ်ပေါ့  လေ....တစ်သက်တာဆေးဖို့ က လက်ကောက်ဝတ်က သွေးပြန်ကြော သွေးလွှတ်ကြော ၂ ချောင်းကို တစ်ချောင်းထဲ ဖြစ်သွားအောင် ခွဲစိတ်ပြီး အကြောဆက်ရမှာပါ...အဲ့ ကဏ္ဍမရောက်ခင်ကို ကျောက်ကပ်ပျက်သွားသူဟာ ရှောဘရားသားပြသွားနိုင်လို့  လည်ပင်းက အရင်ဖေါက် ကျောက်ကပ် အရင်ဆေးနှင့် ထားရတာမျိုးပါ  ဆီးဆိပ်က နာရီနဲ့ အမျှတက်လာနေတာပါ..
နက်လိုင်းကနေ ကျောက်ကပ်ဆေးချလိုက်တာ နှစ်ကြိမ်သုံးကြိမ်အရောက်မှာတော့  ဆီဆိပ်တွေ တော်တော်စင်ကြယ်သွားလို့  လူ့ ရဲ့ အသားအရေတွေဟာ အရင်လို မဲညစ်မနေတော့ ပဲ နဂိုလို ကြည်လင်ဝင်းပပြန်ဖြစ်သွားပါတယ်...နေရထိုင်ရတာပေါ့ ပါးသွားချက်က အလွန်ကို သိသာလို့ သူ့ မှာ အလွန်ပျော် သဘောတွေကျ အားတွေရပေါ့ ...အဲ့ မှာ နေရထိုင်ရတာကောင်းလွန်းလို့ သူ့ အသိတွေလာတုန်း ကျောက်ကပ်ဆေးလိုက်တာ ဟာ ဘယ်လောက်တောင်နေလို ကောင်းသွားသလဲဆိုရင် '''နေမကောင်းတဲ့ သူတွေဆို သွားဆေးကြည့် ဖို့ တောင်ကောင်းတယ်ဗျာ.'''..လို့  ထုတ်တောင်ပြောမိတဲ့ အခြေအနေဖြစ်သွားပါတော့ တယ်...
မရီရက်ပါဘူးဗျာ...သူ့ မှာ တအားပျော်နေတာကိုး..ဖြစ်ပုံက ကျောက်ကပ်ဆေးတဲ့ နည်းပညာဗဟုသုတကလည်း မနီးစပ်ရင် မကြုံဘူးရင် တော်ယုံလူမသိတဲ့  သာမာန် သဘောလောက်ပဲထင်လေ့ရှိလို့  သူ့ အသိတွေကလည်း ကျနော့် အဖေလိုပဲ လိုက် ၀မ်းသာလုံးစို့ ပြနေကြတာပါပဲဗျာ...ကျနော်ကတော့  ဘေးကနေ တဟဲဟဲနဲ့ ပါပဲ...အဖေ့  အဲ့ ဒါ အဲ့ လို နေမကောင်းတိုင်းသွား ကျောက်ကပ်သွားဆေးချင်လို့ ဆေးချင်တိုင်းရတာမျိုး မဟုတ်ဖူး..ဒါတွေက သူ့ ရောဂါနဲ့ သူ့ ဆေးပညာနည်းတွေ ဘာညာနဲ့  ကိုယ့် အဖေကို ဆရာကျပြီး သွားရှင်းပြမနေတော့ ပါဘူးဗျာ...ကိုယ့် အဖေ..တစ်နာရီပျော်ရလည်း မနဲပါဘူးဆိုပြီး....
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..