Powered By Blogger

Monday, June 15, 2015

ယတြာခြေရတဲ့ အကြောင်း...


ယတြာခြေရတဲ့ အကြောင်း...
-----------
ဆိုပါတော့  လူတစ်ယောက်ဟာ စနေဂြိုလ်ဖြတ်ရောဆိုပါတော့  စနေဂြိုလ်ဖြတ်ရင် ဆေးရုံတက်ရမယ်လို့ အဟောခံရရောဆိုပါတော့ ..ဒါပေမယ့်  တကယ် တက်ရ မရက မပြောနိုင်သေးဘူး (အိုးလ်ဆားဗစ် ဆရာကြီးတွေကတော့  ပြောနိုင်လည်း မပြောပေးကြဘူး ဖြစ်တန်ရာခြေပဲ ပြောပေးကြတယ်
အကြောင်းက လျို့ ဝှက်ပြီး လာပုံလာနည်း ပရိယာယ်များတဲ့ အတိတ်ကံအတွက် ကံတစ်ကွက် ချန်ထားရတဲ့ သဘောပေါ့ )



ဒီတော့ ဆေးရုံ မတက်ရအောင် ကံပါလို့ တက်ရလည်း သက်သာအောင် အကာအကွယ်လေး ဂလို ဂလိုလေးလုပ်ထားလို့ ပြောလိုက်တယ် (၀ါ) ယတြာပေးလိုက်တယ်..အင်းကျီ အစုတ်ဝတ်အိပ်ပါတို့  ကြို အငတ်ခံတဲ့ အနေနဲ့  သက်လွတ်စားပါတို့ ဝတ်ဟောင်းစားဟောင်းတွေ စွန့် ပစ်ပါတို့  ကိုယ်စားလေးလုပ်ပြီးစွန့် ပစ်ပါတို့  ဆံပင်လက်သည်း ခြေသဲလေးတွေညှပ်ပြီးထမင်းထုတ်ထဲရောထည့် စွန့် ပစ်ပါတို့  ဆေးရုံသွားပြီး နွမ်းပါးတဲ့ လူနာတွေကို သွားထောက်ပံ့ ပါတို့ ..စသဖြင့် ပေါ့  ဒါကို ကြိမ်းခြေထားတယ် (၀ါ) ယတြာခြေထားလိုက်တယ်လို့ ဆိုလိုတယ်လို့ ဆိုတယ်.....ယတြာလုပ်လို့  လုံးဝ ဆေးရုံ မတက်ရတော့ ပါဘူးလို့ တော့ အာမခံရတာ ခက်တယ်. ကော်ပီကူးဖို့ စတစ်ချောင်း ၂ နှစ်အာမခံတို့ တစ်သက်တာအာမခံတို့ ဝယ်သလို ကံကိစ္စကို အာမခံလို့ မလွယ်လို့ ပေါ့ လေ...

တစ်ချို့ ကတော့  ဘာဗေဒင် ဘာယတြာမှမသိဘူး မသိလို့  ဘာမှ မကာထားဘူး.သူ့ ဘုရားကိစ္စပဲသူလုပ်တယ်  သူစနေဖြတ်တယ်..သူ ကားတိုက်ခံရကိန်းရှိတယ်.
.တစ်နေ့ သူကားနဲ့ ခရီးသွားဖို့ ပြင်ဆင်နေတုန်း စက်ဘီး အပွတ်ခံရလိုက်လို့ ခြေထောက်နာသွားတယ် ခရီးစဉ် ရက်ခေါက်လိုက်တယ် ဒီတော့  သူ လက်မှတ်ဖြတ်ထားတဲ့ ကား သူမစီးဖြစ်တော့ ဘူး..သူ မစီးဖြစ်တော့တဲ့ ကားက လမ်းမှာ တာလမ်းဘေး ရေဆင်းသောက်သွားတယ်...အဲ့ တော့ မှ
 ဟိုနေ့ က စက်ဘီးလေး ပွတ်မိလို့ တော်ပါသေးဖြစ်သွားတယ်...ဒါကို ကြိမ်းကြေသွားတယ်..(၀ါ) အကြီးကြီးဖြစ်မယ့် အစား အသေးလေးနဲ့ ပြီးသွားတယ်ပေါ့ လေ.
..(ဒါမျိုးကဖြစ်တတ်ပြီး ဖြစ်ပြီးမှ ဖြစ်ရပ် ၂ခု အလေးအပေါ့ ချိန်ပြီး နောက်မှသိရတာမျိုးပဲ)

တစ်ချို့ ကတော့  ကိုယ်တိုင်ဖြစ်လို့ တော့ ဆေးရုံမတက်ရပေမယ့်  မိဘဆေးရုံတက်လို့  အိမ်သားဆေးရုံတက်လို့  ညအိပ်လူမမာစောင့်ဘ၀ကို ရောက်ပြီးဆေးရုံမှာ ညသွားအိပ်ရာတာမျိုးလည်းဖြစ်လာတတ်တယ်...ဒါကိုလည်းကြိမ်းကြေသွားတယ်လို့ ဆိုတယ် သွယ်ဝိုက်ပြီးတော့ တော့ဆေးရုံတော့ ရောက်သွားတယ်ပေါ့ လေ..

ထူးခြားချက်က ဆေးရုံတက်ကိန်းရှိလာရင် တစ်ခါတစ်ရံ တစ်ချိန်လုံး ဆေးရုံမှာ အိမ်လုပ်နေရတဲ့  ဆရာဝန်တွေကိုယ်တိုင် ရောဂါထကူးပြီး ကိုယ့် ဆေးရုံကိုယ်
လူနာပြန်ဖြစ်နေတာမျိုးတွေရှိကြတယ်...သဘောက ဆေးရုံမှာ အလုပ်လုပ်နေလို့  ကြိမ်းကြေပြီမဟုတ်သေးပေါ့ ။။။

အဲ့ လို ကြီးမှာလား သေးမှာလားက ဆေးရုံရောက်မှာလား မရောက်ဘူးလား အပြတ်ပြောရခက်လို့  အကာအကွယ် (သို့ ) ယတြာတစ်ခုခု ခံထားလိုက်ရတော
တယ် ကိုယ် မှ အဖြစ်မခံချင် သေမှ မသေချင်သေးတာကိုး...


လမ်းဘေးကျသွားတယ် သူကတော့ ဘာမှမဖြစ်ပေမယ့်  ကားပေါ်မှာပါလာတဲ့ သူတွေရဲ့  ဒဏ်ရာကသွေးတွေက သူ့ တကိုယ်လုံးကိုစွန်းပေကုန်တယ်
သူကလည်းလူနာတွကို ကူညီလိုက်ရတယ်..ဒါကို ယတြာခြေစရာမလိုပဲ အတိတ်ကံကြောင့် ကြိမ်းကြေသွားတယ် လို့ ဆိုလိုတဲ့ တပုံစံ...



No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..