နောင်တတရားရခြင်းရဲ့ အလှ
------------
နောင်တတရားရဲ့ အလှ ဆိုတာ အနာဂတ်မှာ ကောင်းစားမယ့် သူတွေရဲ့ လက္ခဏာပါပဲ..လူကောင်းသူကောင်း စိတ်ရှိနေပါသေးတယ်ဆိုတာကိုလည်း ကိုယ်စားပြုတယ်လို့ ဆိုလို့ လည်းရကောင်းပါတယ်..
နောင်တရမိခြင်းဆိုတဲ့  စိတ် ရဲ့ ဖြစ်ပေါ်ရာ ဇာစ်မြစ်ဟာ..'''.ပြုသင့် ခဲ့ သည်ကို မပြုမိခဲ့ ခြင်း '' နဲ့ '''မပြုသင့် တာကို ပြုမိခဲ့ ခြင်း '''ဆိုတဲ့ အပြုအမူ ၂ ခုကို ကိုယ့် ကိုယ်ကို ပြန်ပြီး သုံးသပ်ရင်း တွေ့ ရှိလိုက်ရတဲ့ အခါ မှားခဲ့ မိပြီ ဆိုတဲ့ အသိစိတ်တစ်ချက် ဖြတ်ကနဲဝင်လာချိန်မှာ ဖြစ်ပေါ်ခဲ့ တဲ့ စိတ်ဖြစ်စဉ်တစ်ခုပဲ.၊ ပြီးခဲ့ တာကိုအကြောင်း ကို ကိုယ့် ကိုယ်ကို ပြန်သုံးသပ်နိုင်တယ်ဆိုကတည်းက အနာဂတ်အတွက် တွေးခေါ်မျှော်မြင်တတ်တဲ့ စိတ်ရှိနေသေးတယ်ဆိုတာပေါ်လွင်တယ်...
ဒီလို နောက်တရစိတ် ဖြစ်ပေါ်လာရခြင်းရဲ့  အကျိုးဆက်ဟာ..အကယ်၍ အမှားတစ်ခုခု ပြုမိခဲ့ ပြီလို့ တွေးဆဆင်ခြင်မိတဲ့ အခါ နောင်အနာဂတ်မှာ ဒီလို အမှားတစ်ခုခုထပ်ပြုမိဖို့ အဖြစ်ကနေ ဝေးကွာနိုင်ခဲ့ ပြီ၊ ရှောင်ကျဉ်နိုင်ခဲ့ ပြီ ၊ ဆိုတဲ့ ကောင်းဖို့ ဖြစ်လာမယ့် အခြအနေတစ်ခုကို ရနိင်ခဲ့ ပြီ..
ပိုပြီးကောင်းမယ့် သူတွေက ကိုယ်ပြုမိမှားခဲ့ တာတွေကို မှားခဲ့ မိတဲ့ သက်ဆိုင်သူတွေအပေါ် ခွင့် လွှတ်ပေးပါဆိုတဲ့  အကြောင်း ပြောဆိုဖို့ ဝန်မလေးတဲ့ သူတွေပါပဲ...
ဆိုပါတော့  ရှင်ဒေ၀ဒတ်ဟာ သံသရာ တစ်လျှောက် နဲ့ ရှင်ဒေ၀ဒတ်ဘ၀ရောက်ခဲ့ အထိ ဘုရားရှင်အပေါ် အမှားတွေ အများကြီး ပြုမိမှားခဲ့ ပေမယ့်  နောက်ဆုံး မကောင်းမှု့ ကို မကောင်းမှု့ မှန် အသေအခြာသိမြင်သွားတဲ့  အသိတစ်ချက် လက်ကနဲဝင်လာချိန်မှာ...ငါမှားခဲ့ ပြီ ဆိုတဲ့ နောင်တတရားချက် မသေခင်လေးကပ်ပြီး ရလိုက်တယ်..
.ဒီအတွက် ဘုရားရှင်ကို သူ ပြုမိမှားခဲ့ တာတွေကနေ ခွင့် လွှတ်ပေးဖို အကြောင်း ကိုယ်တိုင် သွားရာက်ပြောကြားဖို့ စတင်ဆောင်ရွက်နေရင်း အမှားတွေက ကြီးမားခဲ့ အတွက် လတ်တလောအားဖြင့် တော့  နှောင်းလွန်နောင်တ သဘောအဖြစ်နဲ့  မြေမြိုခံရပြီး အနိစ္စရောက်ခဲ့ တယ်...
အမှားတွေကြောင့် မြေမြိုခံရပေမယ့်  နောင်တတရားရခဲ့ ပြီး အမှားတွေကနေ ခွင့် လွှတ်ပေးဖို့ ဆောင်ရွက်တဲ့ အပြုအမူတွေရဲ့ ကောင်းမှု့ စိတ်က အ၀ီစိမှာ ငရဲသစ်ငုတ်အဖြစ် ချိုးကပ်တော့မယ့် အဖြစ်ကနေ ဘုရားရှင်ကို တောင်းပန်လိုတဲ့ စိတ် ရဲ့ ကောင်းမှု့ သဘောကြောင့်  တော်သင့် ယုံ လျှော့ ပေါ့ အပြစ်ကြွေးဒဏ်နဲ့  ဒီ အပြစ်တွေကနေ စင်ကြယ်မှု့ ရသွားခဲ့ လို့  လူ့ ဘ၀ပြန်ဖြစ်လာချိန်မှာ...ပစ္စေကဗုဒ္ဓာဘ၀ကိုပါရပြီး သံသရာလည်စနစ်က အပြီးထွက်သွားရတော့ မယ့်  အခွင့် အရေးကြီးကိုပါ ရခဲ့ တော့ တယ်..
ကျနော်လည်း မေ့ အပေါ်မှာ ခဏခဏ မှားမိခဲ့ တာများရှိရင် ခဏခဏ ခွင့် လွှတ်ပေးပါလို့ ခဏခဏ တောင်းပန်ပါရစေမေ.......( အဟီးးးး..ခွိခွိခွိ...ခ်)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..