'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Monday, June 15, 2015
ခေတ်ဗေဒင်ဆရာနဲ့ သိပ္ပံခေတ်
ခေတ်ဗေဒင်ဆရာနဲ့ သိပ္ပံခေတ်
--
အရင်က ဗိုက်ကြီးသည်တစ်ချို့  ဗိုက်ကြီး ကားယားကားယားနဲ့  လာရင် ဘာလေးမွေးမှာလဲလို့  မေးတတ်တယ် ခုနောက်ပိုင်းတော့ မေးလေ့ သိပ်မရှိတော့ ပါဘူး ဂျူ့ ဒိတ်နဲ့ ခွဲချိန် ချိန်တာမျိုးသာ အဓိက ထားကြတော့ တယ်..
ဗေဒင်ပညာ ရဲ့  အခါတိုင် ဆိုတဲ့ စန္ဒရောသောရီ ဘာညာတွေဆိုတဲ့  အင်္ဂါ့ ဝိဇ္ဇာ အင်တူလက်မျှ နဂိုပ အောင်ဆုလည်းပွား စာတန်းတွေဘာညာတွေ ရှိတယ်
ဆိုပါတော့  ကျားလေးလားမလေးလား လို့ မေးလာလို့  မေးလာတဲ့ အခါတိုင်က ဂုရုတိုင်(၀ါ) ကြာသာပတေးတိုင် ဖြစ်နေရင် အောင်ဆုလည်းပွား ဂြိုလ်ယောက်ျား ဆိုပြီး ကျား လေး မွေးမယ်လို့ ပြောလိုက်ရင် ကျေနပ်စရာကောင်းလောက်အောင် အဖြေမှန်လေ့ ရှိတယ်..
ဒါပေမယ် သိပ္ပံခေတ်ရောက်လာတော့ အာထရာဆောင်းတွေပေါ်လာပြီ....အဲ့ တော့  ခွဲရက်လာချိန်တဲ့ဗိုက်ကြီးသည်မမ ဘာလေးမွေးမှာလဲဆိုတာကို ဗေဒင်ဆရာက သူမမေးခင် တွက်မနေတော့ ပဲ ဘာလေးလဲ အာထရာဆောင်းရိုက်ကြည့် ပြီးပြီလားလို့ 
တန်းမေးလိုက်တာနဲ့  ဟတ်ကဲ့ ချင့်  ကျားလေးချင့် တဲ့ ..ကဲ...ပြီးရော.ဘာစာတန်းမှ ရွတ်မနေရတော့ ဘူး.ဟီးး
မြို့ နေ ၁၀ရောက်မှာ ၇ယောက်၈ယောက်လောက်ကကြိုရိုက်ကြည့် လေ့ရှိတယ်.ကျန်တစ်ယောက်က သူများအစဉ်အလာတွေအတော်များများကို ဂလန့် တွေးပြီး အာထရာဆောင်းမရိုက်ဘူး ဘာလေးမွေးမွေး ကိုယ့် ပစ္စည်းလေးဆိုတာနဲ့  ဘုလျှောက်တောတတ်တဲ့ သူမျိုးများတယ်
အာထရာဆောင်းရိုက်သူတွေအများစုကတော့ မရောက်လာသေးပဲ ဖုံးကွယ်ထားတာကို ကြိုသိချင်တဲ့ စပ်စုလိုစိတ်နဲ့ တစ်ခြား ဆေးပညာလိုအပ်ချက်တွေအရပေါ့လေ..
ဒီ အခါတိုင်အရ ဒဿနပညာက တက္ကိက မေးခွန်းတွေ ဆန်ဆန် နဲ့ ပြန်တွေးသေးတယ်
.(ဆရာသခင်တွေကိုလည်း မေးဘူးသေးတယ် )..
.ဒီဗိုက်ကြီးသည်မမကပဲ နောက် တစ်ခြား အခါတိုင်နဲ့  လာမေးရင် အဖြေပြောင်းသွားနိုင်သလားပေါ့ ...တကယ့် လက်တွေ့ လောကမှာတော့  အခုအထိ ဘယ်ဗိုက်ကြီးသည်မှ ၂ ခါကြော့ ပြီး ကျားလား မလား ပြန်လာမေးတဲ့ သူမရှိခဲ့ ပါဘူး..ဒီတော့  တစ်ချို့ အဖြစ်တွေဟာ လက်တွေ့ လောက နဲဆက်စပ်မိမှ ဘ၀အတွက် တကယ် အသုံးကျတဲ့ အဖြေတွေမျိုးသဘောဖြစ်လာတယ် နို့ မို့ ရင် လောကီပညာတွေဟာ စိတ်ကူးယဉ်ဆန်သလိုဖြစ်လာတယ်
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..