ဗေဒင်ဆရာ့ ပစ္စည်းပျောက်တော့ 
---
တစ်ခါကပေါ့ .ဘုရင့် နောင်ပွဲရုံတန်းကို ပွဲရုံရှင်းဖို့  အောက်ဒိုးလိုက်ရတယ်.ရင်းလွန်းနေလို့ သာလိုက်တာ အတွေ့ အကြုံတွေကြောင့် ဘယ်တုန်းကမှဘယ်လောက် မက်လောက်အောင်ပေးပေး အောက်ဒိုးထွက်လိုက်တာမျိုး မလုပ်တော့ ဘူး.ကိုယ့် ဂူထဲ ကိုယ်ဗျင်ပဲလုပ်နေတော့ တာ..
ပွဲရုံကို ရွှေရည်ငွေရည် အမွှေးနံ့ သာရည်နဲ့  ပက်ဖြန်းရမယ်ပေါ့ ..မေ့ ချက်က ငွေရည်လုပ်ဖို့ ငွေအကြွေစေ့ တွေကပါသွားပေမယ့်  ရွှေရည်လုပ်ဖို့  ရွှေဆိုင်းပြားတွေက ပါမသွားဘူး..ရေမွှေးပုလင်းတော့ ပါလာသား...အဲ့ မှာ ဗေဒင့် ဆရာ ဥာဏ်က ဘာရမလဲ ကိုယ့် လက်မှာ စွပ်ထားတဲ့ 
ပြောင်ကွင်းရွှေလက်စွပ်ကို ချွတ်ပြီး ဂလောက်ကနဲ ဖလားထဲထည့် စိမ်လိုက်တော့  ရွှေရည်ဖြစ်ကရောပေါ့ လေ
ဒါနဲ့ အရွက်တွေ အညွန့် တွေ ခေတ်သစ်စတိုင် ရွှေရည်ငွေရည် နံ့ သာ ရေမွှေးပုလင်းအမွှးရည် နဲ့  ပွဲရုံကို ဟိုဖြန်းဒီဖြန်း ဖြန်းရတာပေါ့ ...
ဖြန်းပြီးတဲ့ ဂိတ်ဆုံးအရပ်က ပွဲရုံရှေ့ မှာ...အဲ့ မှာ ဖြန်းပြီးတော့  ဖလားထဲက အကြွေစေ့ တွေကို ဦးရှင်ကြီးတင်ရင် ဘယ် ညာ အရပ်တွေလဘက်သားလေးနဲ့ လှမ်းပစ်သလို ဟိုဖက် ဒီဖက် အရှေ့ ဖက် ရှောက်ကြဲလိုက်တာပေါ့ ..ပါးစပ်ကလည်း လှုပ်စိလှုပ်စိနဲ့ ..ကွမ်းယာဝါးနေတာလေ..ခိခိ
''' ဟ...သောက်ကျိုးနဲ လက်စွပ်ပါသွားပြီဟ....''....ဟီး...ဖလားထဲ ကိုယ့် ရွှေလက်စွပ်ချွတ်ထည့် ထားတာ မေ့ ပြီး အကြွေစေ့ တွေနဲ ရော ကြဲလိုက်မိသလိုကြီးပေါ့ ဗျာ....အဟီးး..ပွဲရုံရှင်တွေက လိုက်ရှာပေးပါသေးတယ်..ဘယ်တွေ့ တော့ မလဲ အားနဲ့ ကြဲချလိုက်တာ ဘယ်ဖက်ကြဲမိမှန်းတောင်
မသိဘူးရယ်.
ဒါနဲ့  လက်လျှော့ ပြီး ငုတ်တုတ်တုတ် နဲ့  အိမ်ပြန်ခဲ့ တော့ တာပေါ့ ဗျာ...မျက်နှာကတော့  မှင်သေသေနဲ့  ခပ်တည်တည်ပဲ ရွှေလက်စွပ်ပျောက်သွားတာလေးများပါးပါးလေးပေါ့ လေ...အဲ့ မှာ ရီရတယ် ဘာဗေဒင် ဘာအခါတိုင်မှာ ခေါင်းထဲမရှိတော့ ဘူး ကိုယ့် ပစ္စည်းကျတော့  ဥစ္စာက ခြောက်ပြီး ပညာတွေ ဘယ်ရောက်ကုန်မှန်းမသိဘူး..ဘူနေတာ...ခိခိ
တော်သေးတယ် ကံကောင်းချက်ကလေ..အဲ့ ပွဲရုံရှင်တွေက အားနာလို့  စိတ်မကောင်းဖြစ်လို့  ကန်တော့ တာပါဆိုပြီး ရွှေလက်စွပ်အသစ်တစ်ကွင်းပြန်လာပေးသွားတာ
ဟားး သစ်ခုတ်သမားပုံပြင်လိုပဲ..ပျောက်သွားတဲ့ ရွှေလက်စွပ်ထက်ထူပြီး အချိန်ပိုစီး ဟဲဗီးကြီးဗျာ့ 
...''..ဟာဗျာ.'' .'' ရပါတယ်ဗျာ.'.'အားနာထှာဗျာ.''' .နဲ့ ...ဟီးဟီး....
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..