Powered By Blogger

Saturday, December 5, 2015

ကိန်းတွေမှ...လွန်၍

ကိန်းတွေမှ...လွန်၍
-------
ကိန်းတွေကို လွန်ပြီး သဘာဝတ္တတရားတွေရဲ့  ဖြစ်တတ် ပျက်တတ်တဲ့ သဘောကို ပါ ထည့် တွေးပြီး ဘ၀ဖြတ်သန်းတာ ကျနော့် စတိုင်ပါပဲ...နေရာတကာ ကိန်းတွေကချည်း အခြေခံပြီး ဘ၀ကို မစဉ်းစားပါဘူး...ကိန်းသဘောာတွေကို လိုတဲ့ အခါ ယူသုံးပြီး မလိုအပ်ဖူးလို့ ထင်တဲ့ အခါ သဘာဝအတိုင်းပဲ တွေးတော နေထိုင်ဆုံးဖြတ်လေ့ရှိတယ်..။ ပြီးတော့  အဓိက သဘော နဲ့ သာမည သဘောကို လဲ ခွဲခြားပြီး တွေးတော လုပ်ဆောင်လေ့ ရှိတယ်.

ကိန်းသဘောကိုချည်း မတွေးဘူး သဘာဝတ္တတရားသဘောကိုပါတွေးတယ်ဆိုတာရဲ့  ဥပမာ ဆိုပါတော့  ဘုရားခေတ် လူ့ သက်တမ်း ယေဘူယျ သဘော  အသက် ၇၅  နဲ့  ၈၀ တန်းသဘောကို ယူထားပြီး ဘ၀ဖြတ်သန်းခဲ့ မှု့  အရ အသက် ၆၀ တော်တော်စွန်း ၇၀ တန်းတွေ ထဲ ၀င်စပြုခဲ့ ပြီဆိုရင် ကျနော်က မှာတတ်တယ်...ဒီအသက်ပိုင်းဆိုတာ အချိန်မရွေး ကြွေလုလု အချိန်တွေလို့  ဆိုနိုင်ပြီ...မရဏကိန်းဆိုက်နေမှ စနေဂြိုလ်သက်ရောက်ဝင်နေမှ ဒုက္ခ ဖြစ်မယ် ကျန်တဲ့  အသက်တွေ အသက်အန္တရာယ်မဖြစ်နိုင်ဘူးဆိုပြီး
ကိန်းသဘော အားကိုးနဲ့  ပေါ့ ဆဆ လုပ်မနေသင့် ဘူး...တတိယ အရွယ်သဘောဟာ မနက်အိပ်ယာ အထတုန်းက အကောင်း နေ့ လည်ကြတော့ အစားမှားလို့  ညနေကြတော့ ထ အန်ချင် အန်မယ် ရင်ခံချင်ခံမယ်  ၀မ်းမီးအားနည်း လာချိန်တွေ ဖြစ်လို့  အချိန်မရွေးလဲ ချမ်းပီးပြီး ဆေးရုံရောက်သွားနိုင်တယ်...ဒီတော့  အမြဲ သတိဝီရိယနဲ့ နေတာ ကောင်းတယ် နားစွင့် နေတာ အကဲခတ်နေတာ ကောင်းတယ်လို့  သက်ကြီးမိဘ ရှိတဲ့  သူတွေကို မှာပေးတတ်တာဟာ....ကိန်းတွေကို လွန်ပြီး သဘာဝတ္တတရား သဘောကိုပါ ထည့် တွေး မှာပေးတဲ့ သဘောပါ...ဒါ ကျနော့် စတိုင်ပါပဲ....

အဓိက သာမည သဘောကို တွေးတဲ့ အခါမှာ အများအားဖြင့် ရုပ်ပစ္စည်းတွေအကြောင်းပေါ့ ...ကြားဖူးကြလိမ့် မယ် ပန်းကန်တစ်လုံး အကြောင်း တစ်ခုခုကြောင့် မတော်တဆ ကျကွဲတာ တစ်အိမ်လုံး ပွက်လော ရိုက်ကုန်တာမျိုးပေါ့  ..တကယ်တော့  အဲ့ ပန်းကန်ဟာ အစားထိုးလို့ ရတဲ့  သာမည ပစ္စည်းလေးပဲ...ဒါကို အာရုံပြုမိဖို့ သတိမရလိုက်တော့ ပဲ ပုံမှန်လောက်ထက်ပိုပြင်းထန်တဲ့  အယူအစွဲတွေရဲ့  လွှမ်းမိုးမှု့ ဖိအားတွေကနေ အခြေခံပြီး နမိတ်မကောင်းဘူး မင်္ဂလာ မရှိဘူးဆိုတဲ့ စိတ်အခြေခံကနေ..ထပေါက်ကွဲကုန်တတ်တော့ တာမျိုးဖြစ်ကုန်တတ်တယ်....ဒီလို သဘောတွေကို သာမညလောက်ပါ အသစ်ပြန်ဝယ် ရတာပဲဆိုတဲ့  စိတ်မွေးလိုက်တာနဲ့  ..အေးချမ်းသွားတော့ တယ်...

ကိုယ့် နေ့ တဓူဝ ကျင်လည်မှု့ သဘောတွေမှာ တကယ်ကတော့  အဲ့ လို့  သာမည ဖြစ်ရပ်သဘောတွေလို့  စိတ်ထားလို့ ရလောက်တဲ့ အဖြစ်အပျက်တွေ အများကြီးကြုံနေရတာမျိုး ဖြစ်ပြီး သောက နဲ့ စိတ်တိုစရာတွေ အတော် များများကို ပြန်လိုက်တွေးကြည့် ရင် သာမညလောက်ပါလို့  စိတ်သဘောလေး ပြောင်းပေးလို့ ရတဲ့  အခြေအနေတွေ အတော် များများပါနေ ကြုံနေရတာတွေ ဖြစ်နေတာမျိုး တွေ့ နိုင်မယ်...ဘ၀ရှင်သန်ရပ်တည်နေမှု့  အသက်နဲ့  ထမင်းအိုး ပျက်ဆီးနိုင်တာမျိုးတွေ နဲ့  ဝေးနေသေးပုံရလေလေ သာမည သဘောလောက်ပါလို့  စိတ်ထားလေးလျှော့ ချပြောင်းလိုလို့ ရလေလေ များတယ်...

လူနတ်ဗြဟ္မာ သာဓုခေါ်တဲ့  ကောင်းမှု့ တွေကို တကယ့် စေတနာ စိတ်ရင်းများများနဲ့  လုပ်ထားလေလေ လုပ်နေလေလေ သေခြင်းတရားဆိုတာတောင် သာမညကိစ္စ သဘောဖက် သွားလေလေဖြစ်လာတယ်..လွန်ပြီး ဖြစ်လာမယ့်  အခြေအနေကို တွေးမကြောက်တော့ ပဲ လုပ်ခဲ့  လုပ်နေဆဲ ကောင်းမှု့ တွေ အားကိုးနဲ့  ရဲစိတ်ဝင်လာတဲ့ သဘောပေါ့ ...


No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..