Powered By Blogger
Friday, June 26, 2015
မြန်မာပြည်ရဲ့  မဟာဘုတ်
မြန်မာပြည်ရဲ့  မဟာဘုတ်
-----
ပညာတွေလိုက်ခါစက အများကြီးတွေးခဲ့ ဘူးတယ်  အဲ့ မှာ မဟာဘုတ်နဲ့ အခါတိုင်ဘက်ကနေ မြန်မာပြည် တရားဝင် လွတ်လပ်ရေးယူတဲ့ (အလံတင်နေ့ )  ၁၉၄၈ ဇန္န၀ါရီ ၄ ရက် တနင်္ဂနွေ မနက် ၄း ၂၀ ဆိုတာကို  အခြေခံပြီးတွေးဘူးပုံက ..
၁၉၄၈ ၁လပိုင်း ဆိုတာ မဟာဘုတ်က သုညကြွင်းနှစ်ဖြစ်တယ်  အင်္ဂါနံဟာ မရဏအိမ်မှာထိုင်နေတယ် စိတ်ခံစားမှု့  အလွန်အားကြီးတယ်ပေါ့ ...ဒါကို ကျနော်ဖြတ်သန်းခဲ့ တဲ့ နှစ်တွေကနေ မြန်မာတစ်ပြည်လုံးက လူ့ အဖွဲ့ အစည်း တစ်ခုလုံးရဲ့  ယေဘူယျ စိတ်တွေကို ၀င်ခံစားကြည့် လိုက်တဲ့ အခါ အများစုကြီးဟာ
''ချစ်သွားပြီဆိုရင် မျက်ကန်းချစ် အလွန်ချစ်  မုန်းပြီဆိုရင် ဘုရားလောင်းလို့ ဆိုစေ ခါးခါးသီးသီး မုန်းတတ် '' ဆိုတဲ့ စိတ်မျိုးတွေဖြစ်နေတာ ခံစားလို့ ရသလို ငိုပြရင် ပြန်သနားလွယ်တတ်တာပါ သိသာလွန်းနေတယ်ဆိုတာတွေ့ ရတယ်ပေါ့ 
နောက် တနင်္ဂနွေမနက်အာရုံ ၄း ၂၀ အလံတင်တယ်လို့ ဆိုတာ အဲ့  ၄း ၂၀ အခါတိုင်ဟာ စန္ဒရာတိုင် ဖြစ်နေပြန်တယ် အဲ့ တိုင်ရဲ့  ခိုက်က တနင်္ဂနွေနံ ဖြစ်တယ် န၀င်းက သောကြာနံဖြစ်တယ် ဒီတော့  အုပ်စုခိုက်တာ အသင်းအပင်းသဘောတွေခိုက်တာ တွေ တွေ့ နိုင်တယ် သဘောက အစုအသင်းတွေ စုဖွဲ့ လိုက်ရင် ခိုက်အားတွေဝင်ဝင်လာပြီး ညီညွတ်အောင်လုပ်ရတာခက်ခဲတဲ့ သဘောကနေ သောကြာ န၀င်းအား စကားမငြိမ်တာ ကတိပေးလွယ်ပျက်လွယ်သဘောတွေဖြစ်လာတာ စကားတွေ ကျွံအောင်ပြောဆိုလွယ်တာမျိုါ်တွေလွှမ်းမိုးနေတာ ခံစားလို့ ရလာတယ်
သဘောက ပညာဥာဏ်တွေ ကောင်းတဲ့ သူက တော်တော်ကောင်းသလို ဒူပြီဆိုရင်တော်တော်ဒူတာမျိုးတွေ တယူသန်စိတ်တွေ ဆရာမွေးသဘောတွေ ဆရာက ဒါဆို ဒါပဲ သဘောတွေ ယုံကြည်မှု့ နဲ့ ပတ်သက်ရင် အထိမခံနိုင်တာ ငါ့ အယူမှ အမှန်သဘောတွေ ၀ါဒစိတ်ဝင်သွားရင် အသေဆုပ်ကိုင်ထားချင်တာ ပျော်ပြီဆိုရင် ၁၂လလုံးလုံးရာသီပွဲတစ်ခုခုရှိနေတာ အရက်မိန်းမ လောင်းကစားသုံးပင်လိမ်ကုန်ချင်တာ စသဖြင့်  ၂ကြွင်း စိတ်မျိုးတွေကိုလည်း သိသိသာသာတွေ့ နေရတယ်
အဲ့ ထိပဲ တွေးခဲ့ ဘူးတာပါ ကျန်တာ ဆက်မတွေးတော့ ပါဘူးဗျားးးး.........( အများဆိုင်ရာ ဗေဒင်ထက် ၀မ်းဘိုင်ဝမ်း သဘောတွေကိုပဲ စိတ်ဝင်စားလို့ ပါဗျား)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..